Diamond KeyMay 7, 20125min27015
        မန္တလေး အမရပူရမြို့နယ် အတွင်းက ရှေးဟောင်းသမိုင်းဝင် ရွှေကြက်ယက်ဆုတောင်းပြည့် မြတ်စွာဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်ကြီးဆီကို ရောက်ဖူးအောင် သွားမယ် သွားမယ်နဲ့ မရောက်သေးတာ မန္တလေးကို ရောက်ကတည်းကပါ။ မနှစ်က ရောက်အောင်သွားမယ်ဆိုပြီး ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်နေ့ ရောက်သွားတော့ ဖွင့်ပွဲက မနေ့က ပြီးသွားပြီလို့ ဆိုပါတယ်။ ရွှေကြက်ယက်ဆုတောင်းပြည့် မြတ်စွာဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော်က နှစ်စဉ်နှစ်တိုင်း ကဆုန်လဆန်း ၁၄ ရက်နေ့ မှာ အခမ်းအနား လုပ်ပြီး ၁၄ ရက်နေ့ နဲ့ ၁၅ ရက်နေ့တွေမှာ ကျင်းပပြုလုပ်တာပါ။         ဒါနဲ့ ဒီနှစ်တော့ ရောက်အောင်သွားမယ်ဆိုပြီး သွားဖြစ်ခဲ့ပါတယ်။ ဒီရွှေကြက်ယက် ဆုတောင်းပြည့် မြတ်စွာဘုရားရဲ့ ကဆုန်ညောင်ရေသွန်းပွဲတော် မှာ ထူးခြားတာက ဒေသခံရွာတွေက ရှေးမူမပျက် ဝင်းခင်းကာ စုပေါင်းလှည့်လည်ကြပြီး ရွှေကြက်ယက်ဆုတောင်းပြည့် […]


manawphyulayMay 7, 20121min78841
အမှတ်တမဲ့ကနေ အမှတ်တရ ဖြစ်ခဲ့ရတဲ့ ခရီးစဉ်ပါပဲ။ ရွာသူရွာသားတွေ အားလုံးက စည်းလုံးပြီး ညီညွတ်စွာ ပျော်ရွှင်ခဲ့ရတဲ့ ခရီးစဉ်လေးကိုတော့ တစ်သက်တာမှ ဘယ်တော့မှမေ့မှာမဟုတ်တော့ပါဘူး။ သူတို့ရဲ့ချစ်စရာအမူအရာလေးတွေလည်း ရိုက်ယူခဲ့ပါတယ်။


mgwaloneMay 7, 20121min1307
ဧရာဝတီကို နည်းမျိုးစုံနဲ့ အသုံးချတယ်။ သောက်တယ်။ သုံးတယ်။ သို့သော် အလွယ်တစ်ကူပဲ အမှိုက်မျိုးစုံ ပစ်ကြတယ်။ အညစ်အကြေး စွန့်ကြတယ်။ ရေဝေရေလဲ လုပ်ပေးတဲ့ တောတောင်တွေမှာ ရှိတဲ့ သစ်တွေ၊ ဝါးတွေကို ခုတ်တော့ မြစ်ထဲမှာ အနည်ပို့ချတာတွေ များလာ။ သောင်တွေ ပိုပေါ်လာတယ်။ ရွှေတူးတဲ့လူက တူး ။ ရင်လေးစရာတွေ ပါပဲ။


mgwaloneMay 6, 20121min935
ဒုတိယပိုင်း ဆက်တင်လိုက်ပါတယ်။ ဧရာဝတီကနေ ကျွန်တော်တို့ ယူနေတာ များပါပြီ။ ဘယ်တော့ ဘယ်လို ပြန်ပေးကြမှာလဲ။ မြစ်ဆုံအကြောင်းတင် မဟုတ်ပဲ ဧရာဝတီ မြစ်ရိုးတစ်လျှောက်က အကြောင်းကိုလည်း စဉ်းစားစရာတွေ အများကြီးပါ။


Mလုလင္May 6, 20121min27620
တပေါင်းလပြည့်နေ့ က လဲ .. တပေါင်းလပြည့်နေ့ လူစီးကြောင်း ဆိုပြီး တင်ဖူးပါတယ်။ အခုကတော့ ကဆုန်လပြည့်နေ့ ရေစီးကြောင်းပေါ့ …။ ဒီကြားထဲ မှာ ထူးခြားတာလေးတွေဖြစ်သွားတော့ အခုတင်တဲ့ ပုံတွေမှာ cross line တွေပါလာမှာလို့ .. သည်းခံကြပါလို့ …။ ထူးခြားတာက တခြား မဟုတ်ဘူး .. ပုံ .. တွေကို ယူယူသုံး ခံရလို့ပါ။ ကဆုန်လပြည့်နေ့မှာ ရွှေတိဂုံ စေတီတော် ကို သုံးကြိမ် ဦးတိုက် ခဲ့ရတယ်။ ဓာတ်ပုံ ရဖို့ ဆိုတဲ့ ရည်ရွယ်ချက် နဲ့ မို့ … လောလော လောလော နဲ့ပါပဲ .. မိုးမိမှာ စိုးလို့ ထီးကယူလာရသေး .. ထီးက […]


mgwaloneMay 6, 20121min1097
၂၀၁၂ ဇန်နဝါရီ လကုန်ပိုင်းက သွားခဲ့တဲ့ ခရီးစဉ်က ပုံတွေပါ။ ရွှေလုပ်ကွက်ကတော့ အခု ရှိသေးသလား ဆိုတာ မသေချာပါဘူး။ ပြန်လာပြီး မကြာခင်မှာ ဧရာဝတီ မြစ်ရိုးတစ်လျှောက်မှာ ဒီလိုသတ္ထုတူးဖေါ်ခွင့်တွေ မပေးတော့ဘူးလို့တော့ သတင်းကြားလိုက်ပါတယ်။ ဒီစက်တွေ၊ မီးခိုးတွေ၊ ပြန်စီးလာတဲ့ ရွှံ့ရေတွေက ဧရာဝတီကို ဘယ်လောက်ထိခိုက်နိုင်ပါသလဲ။ ကျန်တဲ့ အပိုင်းတွေ ဆက်တင်ပေးပါမယ်။


Mလုလင္May 2, 20121min50448
အလှူပိုစ့်ကတော်တော် များသွားပြီ ဆိုတော့ ရွာထဲကအကြောင်းလေး .. ပိုစ့်တင်မလား စိတ်ကူးရင်း နဲ့ ….. အခု အလှူနဲ့ ပတ်သက်ပြီး မှတ်ချက် လေးတွေ စုထားရင်ကောင်းမလားလို့ တွေးမိပါတယ်။ ဆေးရုံ ရောက်တော့ လူတွေ ဟိုစုစု ဒီစုစု နဲ့ နေတုန်း .. ကျွန်တော် Mလုလင် ရယ်၊ ဦးပေါက် မန်းလေး ရယ်၊ အင်ဇာဂီ ရယ် ရွာထဲ ပတ်ဖြစ်ခဲ့တယ်။ တစ်ရွာလုံး နီးပါး ငရုတ် တွေနေပူလှန်းထားတာ တွေ့ရတယ်။ ငရုတ်နံ့ တသင်းသင်း .. နေက လဲ ပူ၊ ခေါင်းပေါ်တည့်တည့် ပဲ … ကိုယ့်ဇောနဲ့ ကိုယ်မို့ .. ပူနိုင်ဘူးရယ်။ ဧရာဝတီ တိုင်းဆိုပေမယ့် ချောင်းလေး၊ […]


7 ပိတောက်ခူးသူ အမှတ်နှစ်            “မေပိတောက်….နဲ့ ရွှေရန်ကုန်”   ဒီနေ့မနက် လမ်းလျောက်ထွက်တော့ ပိတောက်ပန်းရနံ့တွေရနေပါတယ်။ လှမ်းကြည့်လို်က်တော့ ကုန်းကျော်အဆင်းမှာ ပိတောက်တစ်ပင်။ ဓါတ်ပုံရိုက်မယ်ကြည့်တော့ နေနဲ့ပြောင်းပြန်။ ရိုက်ပြန်ရင်လဲ ခပ်မဲမဲဘဲထွက်မှာဆိုတော့လက်မဆော့။ ဆက်သွားရင်း ကုန်းကျော်အနောက်ဘက်အောက်ခြေမှာ ပိတောက်ပင်တွေအများကြီးတွေ့ပါတယ်.။ မွှေးလိုက်တာလဲလွန်ပါရော။ လှမ်းကြည့်တော့ ပိတောက်ချစ်သူတွေက ပိတောက်ခူးနေပါတယ်။ အဲဒါနဲ့ လှမ်းလက်ဆော့။ စွယ်တော်ဘုရားကအပြန်မှာတော့ ပိတောက်ပန်းကိုယ်စီနဲ့ပိတောက်ချစ်သူတွေ တွေ့တော့ ခွင့်တောင်းပြီးဓါတ်ပုံရိုက်. ဒါရန်ကုန်မှာပထမဆုံးပိတောက်ပွင့်ဆိုဘဲ။ ဒီနေ့အလုပ်ကိစ္စနဲ့သွားရာလမ်းတစ်လျောက် ပိတောက်ပွင့်တွေဝေလို့။ ကားပေါ်ကဆိုတာ လက်ဆော့လို့မရ။ ကဲ လှမှလှ လို့ဘဲဆိုချင်ပါတယ်။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (2-5-2012)


  ရန်ကုန်ကော်နက်ရှင်ကမကောင်းပါ။ အစက 15ပုံတင်မယ်စိတ်ကူးပေမယ့် အပိုင်းခွဲပြီးဘဲတင်ပါတော့မယ်။ ပုံနည်းသွားတာကိုခွင့်လွတ်ပါ။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့။ (28-4-2012)


yaungchikhaMay 1, 20125min27013
ကလေးမြို့က ရွှေဘုံသာဘုရားကြီးကို မြို့ခံမဟုတ်ပဲ တစ်ခြားမြို့ရွာက လာဖူးပြီးရင် နောက်ထပ်လည်း ရောက်လာဖူးရတယ်လို့ဒေသခံတွေက ပြောပြပါတယ်၊ ရွှေဘုံသာဘုရားမှာရှိတဲ့ ဘုရားတွေကို တန်ဆောင်မုန်းလပြည့်နေ့မှာ လှည့်လည်ပူဇော်ခံပါတယ်၊ ကလေးမြို့လေဆိပ်ကတော့ မြို့လယ်မှာရှိပါတယ်၊ သွားလာရလွယ်ကူပါတယ်၊ လိုအပ်ရင် ဆိုင်ကယ် Taxi သုံးဘီးဆိုင်ကယ်လေးတွေပါ ငှားလို့ရပါတယ်၊ လေဆိပ်နဲ့ မျက်နှာချင်းဆိုင်မှာတော့ တောင်ဇလပ်ဟိုတယ်ရှိပါတယ်၊ ဘူတာလမ်းခွဲနားမှာတော့ ရှင်းဟုန်ဟိုတယ်ရှိပါတယ်၊ ရှင်းဟုန်ဟိုတယ်ကတော့ ဖွင့်တာမကြာသေးပါဘူး၊ ကလေးမြို့ ကားဂိတ်နားမှာတော့ ချင်းတောင်တန်းတည်းခိုခန်း ရှိပါတယ်၊ ကလေးမြို့မှာ ယက်ကန်းလုပ်ငန်းတွေကိုလည်း တွေ့ရပါတယ်၊ ရိုးရာထည်တွေကို ရက်လုပ်သလို၊ အိန္နိယနိုင်ငံက လာတဲ့ပိုးချည်နဲ့ ရက်လုပ်ထားတဲ့ ယက်ကန်းထည်တွေလည်း ရှိပါတယ်၊ ဒီဇိုင်းလေးတွေက လည်းအမျိုးမျိုးပါ၊ ရိုးရာချည်ထည်တွေက တစ်ထည်ကို အနည်းဆုံး ၁၅၀၀ဝ လောက်ကနေ သိန်းကျော်တန်ထိရှိပါတယ်၊ အိန္နိယပိုးချည်နဲ့ရက်လုပ်ထားတဲ့အထည်တွေကတော့ အစားစားရှိပါတယ်အိန္နိယနိုင်ငံ အိုက်ဇောမြို့ဘက်ကလာတဲ့ အထည်တွေကိုလည်း တွေ့ရပါတယ်၊ တစ်ထည်ကို […]


             “နာမယ်တော့မမေးခဲ့ရဘူး………………ဒါပေမယ့်လှတယ် ”   ကျနော်က ရုပ်ကြမ်းကြမ်းစိတ်ကြမ်းကြမ်း။ ဒါပေမယ့်အလှအပတော့နှစ်သက်။. နေတာထိုင်တာဝုန်းဒိုင်းကျဲ။ ပန်းကလေးတွေကိုတော့နှစ်သက်။ ရောက်လေရာမှာ စပ်စုလို့ လက်ဆော့။ ဒါပေမယ့် နုတ်ဆော့ပြီးမေးဘို့တော့ မဝံ့မရဲ။ သူများက မှားပြောလိုက်တဲ့အမှားကြီးကို ပြန်ဖြန့်ဝေမိမှာလဲကြောက်တာပါတယ်။. အလှကြိုက်တဲ့လူနဲ့ လှတဲ့ပန်းတွေ့တော့ ဘာပြောကောင်းမလဲ ဆော်တာနှက်တာပေါ့။ မေးရမှာကြောက်တဲ့သူနဲ့ ဖြေသူမရှိတဲ့နေရာရောက်တော့ ဘာမှမလိုတော့ဘူးပေါ့။ အဲတော့ အသံတိတ်ပြီးလှနေတဲ့ပန်းလေးတွေကို တိတ်တိတ်ကလေးခံစားကြည့်တာပေါ့ဗျာ။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (24-4-2012)