“ရှိစေကောင်း ၏ …….မကောင်း၏” တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၆) မြန်မာပြည်ဘက်က မူဆယ်နဲ့ သူတို့ဘက်က ကျယ်ခေါင် ဆိုတာ ကျောက်လမ်းမလေးတစ်ခုဘဲခြားပါတယ်။ ဒါပေမယ့်သူတို့ဘက်ကစိမ်းစိမ်းစိုစို။ ကျနော်တို့ဘက်မှာခြောက်ခြောက်သွေ့သွေ့။ သူတို့ဘက်မှာ တိုက်တာအဆောက်အဦတွေကအထပ်အမြင့်။ အဆောက်အဦတွေကြားမှာသစ်ပင်တွေစိုက်ထားတာ စိမ်းစိ်မ်းစိုစို။ ကျနော်တို့ဘက်ခြမ်းမှာတော့ တောင်ကုန်းတွေပေါ်မှာခရုခွေ သလို အိမ်တွေပါတ်ဆောက်ထားတာကျပ်ကျပ်ညပ်ညပ်။ နေရာတိုင်းမှာအိမ်တွေအပြည့် သစ်ကြီးဝါးကြီးဆိုတာမရှိသလောက်။ သူတို့ဘက်မှာတော့လမ်းတွေလမ်းတွေရဲ့ဘေးဘယ်ညာမှာ သစ်ပင်တွေအပြည့်။ သူတို့အိ်မ်တွေခြံဝင်းတွေထဲမှာ သီးပင်စားပင်လေးတွေရသလောက်စိုက်ကြပါတယ်။ အဲတော့ သူတို့ဘက်က ရာသီဥတုမှန် မိုးလေဝသမှန်လို့အေးအေးချမ်းချမ်းပါဘဲ။ ကျနော်တရုတ်စာ မတတ်လို့လားတော့ မသိဘူး။ သူတို့ဘက်မှာ “ သစ်တစ်ပင်ခုတ် အချုပ်သုံးလ”တို့ “သစ်တောနဲ့သစ်ပင်ချစ်ခင်တဲ့လူမျိုး”တို့ဘာတို့ရေးထားတဲ့ဆိုင်းဘုတ်မတွေ့မိပါဘူး။ ဒါပေမယ့် သူတို့ ဘက်က သစ်ပင်ကို ဂရုစိုက်ကြပါတယ်။ ကျနော်၂၀၁ဝခုနှစ် ပထမဆုံးအကြိမ်ရောက်တော့ သစ်ပင်တွေကို သူတို့ အပင်လိုက်နူတ်ပြီး လမ်းဘေးတွေမှာစိုက်ကြပါတယ်။ အများအားဖြင့်ပိန္နဲပင်တွေပါ။ လူတစ်ရပ်ကျော်တဲ့အပင်ကြီးတွေပါ။ အခုချိန်မှာတော့ လမ်းဘေးမှာစိုက်ထားတဲ့အပင်တွေက […]


“ရှိတာလေးနဲ့ လှအောင်ဆင်”(ဓါတ်ပုံပိုစ်)   ဟိုးအရင်က ကျနော့်မှာအိမ်သုံးကင်မရာပေါက်စလေးတွေရှိပါတယ်။ ၂၀၁၂မှာ အရင်ကိုင်နေကျ ဆမ်ဆောင်းက ပျက်သွားပါတယ်။ ကင်နွန်ပေါက်စန ကပျောက်သွားပါတယ်။ ကင်နွန်အကြီးတစ်လုံးရှိပေမယ့် သွားလေရာတိုင်းယူသွားလို့မရပါဘူး။ အဲ့တော့ အရင်လောက်ဓါတ်ပုံမရိုက်ဖြစ်တော့ပါဘူး။ မန္တလေးမှာတုံးကတော့ ညနေဖက် ညဖက် နဲ့ ဥပုဒ်နေ့တွေမှာဓါတ်ပုံအမြဲထွက်ရိုက်ဖြစ်ပါတယ်။ ကိုယ်မသွားလဲ လာခေါ်ကြတဲ့သူတွေ က အဆင်သင့်။ အခုသူများမြို့ရွာရောက်တော့ အရင်လောက် ဓါတ်ဖမ်း မထွက်ဖြစ်တော့ပါဘူး။ ကြာတော့ လဲ မနေနိုင်တောပါဘူး။ လက်ထဲရှိတဲ့ဖုန်းလေးနဲ့ ဟိုရက်ဒီရိုက် ရိုက်ဖြစ်ပါတော့တယ်။ နောက်ဖေစ်ဘုတ်မှာ ဖုန်းနဲ့ရိုက်သောဓါတ်ပုံများအဖွဲ့ မှာလဲ တင်ချင်တော့ ့ ညနေလမ်းလျှောက်ရင်း သွားရင်းလာရင်း ဓါတ်ပုံတွေရိုက်ဖြစ်ပါတော့တယ်။ ကဲ ကြည့် လိုက်ကြပါအုံး။   ဆက်လက်ဖော်ပြပါအုံးမယ်   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 25-6-2015  


“အလင်းပုံရိပ်တစ်ခုကိုဖန်တီးကြခြင်း” (ဓါတ်ပုံပိုစ်)   အရင်ကတော့ နေရာဒေသတစ်ခုခုရောက်ရင် ကိုယ့်မျက်စေ့ ရှေ့ မြင်တာကို ဂွပ်ကနဲရိုက်ချလိုက်တာပါ။ အလျင်းသင့်လို့ အဆီအငေါ်တည့်ပြီး လှသွားတဲ့ပုံလဲရှိ သလို မလှတဲ့ ပုံလဲရှိပါတယ်။ အရင်ကတော့ ရူ့ခင်းပုံဘဲအရိုက်များပါတယ်။ လူပုံဆိုရင်လဲအလှပုံထက် သဘာဝ ပုံ လျှပ်တစ်ပျက်ပုံတွေဘဲရိုက်ဖြစ်ပါတယ်။ အခုနောက်ပိုင်းဓါတ်ဆရာတွေနဲ့ပေါင်းမိတဲ့အခါ  တစ်ခါတစ်ရံ မော်ဒယ် ရိုက်ဖြစ်သွားပါတယ်။ အလှပုံတွေပေါ့။ ဒါပေမယ့် ကျနော်ရှိတဲ့ဓါတ်ပုံပညာက သူတို့ လှတာကို မတောက်ပစေခဲ့တာအမှန်ပါဘဲ။ ဒီအချိန်မှသိလာတာ မော်ဒယ်အလှပုံရိုက်မယ်ဆိုရင်တစ်ယောက်ထဲနဲ့ရိုက်မရ။ မီးထိုးမှန်ထိုး ကအစ ပြင်ဆင်ပေးသူလိုတယ်ဆိုတာပါဘဲ။ ပြီးခဲ့တဲ့ သုံးလေးရက်လောက်က မော်ဒယ်ဆရာလေးတစ်ယောက်က သူညပိုင်းမော်ဒယ်ထွက်ရိုက်မယ် လေးပေါက်အားရင်လာခဲ့ဆိုတာနဲ့ လိုက်သွားဖြစ်ပါတယ်။ ကဲ အဲ့ညက ပုံလေးတွေကြည့်လိုက်ကြရအောင်ပါ။ ကျနော်တို့ ပထဆုံး ရေပိုက်လုံးတွေကြားသွားရိုက်ပါတယ်။ မိုးရွာထားတော့ အောက်က ရေစပ်စပ်နဲ့ပါ။ မှောင်မဲနေတော့ ခြင်ကလဲ ကိုက်ပါတယ်။ မော်ဒယ်ဆိုလဲ […]


“တိမ်များနှင့်ဆော့ကစားခြင်း” ဒီကျယ်ခေါင် ရွှေလီက မိုးများပါတယ်။ ဒါပေမယ့် ရွာလိုက်တိတ်လိုက်။ မိုးရှိတော့ တိမ်လှပါတယ်။ အဲတော့ကြုံတိုင်းရိုက်မိပါတယ်။ ပထမတော့ ရွှေလီမြို့ အဝင်ကနေရိုက်ပါတယ် ။ အဲဒီအချိန်မိုးမရွာသေးတော့ရိုက်ကောင်းပါတယ်။   အနောက်ဘက်ကိုလှည့်ြကြည့်တော့ တိမ်တွေလှနေတာနဲ့ ကျယ်ခေါင်မြို့အပြင်ထွက် မြန်မာပြည်ဘက်ခြမ်း မူဆယ် ကားကြီးဝင်းဘက်ကနေရိုက်မယ်ဆိုပြီးထွက်လာခဲ့ပါတယ်။ ကျနော်လိုချင်တဲ့ နေရာကိုလဲရောက်ရော အစကကြည်လင်တောက်ပနေတဲ့ ကောင်းကင်ကချက်ခြင်းဘဲ မိုးတွေအုံ့မိူင်းလို့လာပါတယ်။   ဒါနဲ့ဘဲ ကမန်းကတန်း လေးငါးပုံလောက်ရိုက်ပြီး ပြန်လာခဲ့ပါတယ်။ နောက်နှစ်ရက်လောက်နေတတော့ မူဆယ်က ဓါတ်ပုံရိုက်ဘက် ကောင်လေးက  မော်ဒယ်ရိုက်မယ် ဦးပေါက်ထွက်ခဲ့ဆိုတာနဲ့ ဓါတ်ပုံရိုက်ဘို့ ထွက်ခဲ့ပါတယ်။ သူနဲ့ချိန်းတာကလဲ ဟိုနေ့က ကျနော်သွားခဲ့တဲ့ လမ်းမှာပါဘဲ။   ကျနော် သူနဲ့ချိန်းတဲ့နေရာကိုသွားနေတုန်းမှာဘဲ ကောင်းကင်ကြီးက အရောင်တွေပြောင်းပြီးလှလို့လာပါတယ်။. ဒီတော့ ………………………………………………………..   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ 24-6-2015


manawphyulayJune 22, 20152min54720
တောင်ကြီးခရီးစဉ်မှာ ကလောမြို့သို့ အလည်တစ်ခေါက် ရောက်ဖြစ်ခဲ့ပါတယ်။ ကံကောင်းချင်ပြန်တော့ သွားဖြစ်ခဲ့တဲ့အိမ်ခြံနဲ့ ကပ်ရက်က ဗိုလ်ချုပ်ကြီး စမစ်ဒွန်း အိမ်ဖြစ်နေတဲ့အတွက် ဒီဘက်အိမ်က အိမ်ရှင်တွေက သွားချင်ရင် လိုက်ပို့ပေးမယ်ပြောလို့ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းအိမ်သို့ အလည်တစ်ခေါက် ရောက်ခဲ့ပါတယ်။ သူ့ခေတ်သူ့အခါက ရှမ်းပြည်မှာ ပထမဆုံး ဗိုလ်ချုပ်စဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းအကြောင်းကိုတော့ ရေးရေးမျှပဲ သိရတဲ့အတွက် အကျယ်တဝင့် သိသူများရှိရင် ပြန်လည်မျှဝေဖို့ ဒီနေရာကနေ မေတ္တာရပ်ခံချင်ပါတယ်ရှင်။ အိမ်ကြီးကိုရောက်တော့ မှောင်ရီပျိုးစအချိန်ဖြစ်နေပါပြီ။ အဲဒီအိမ်မှာ ဘယ်သူနေလဲ စပ်စုမိတော့ ဗိုလ်ချုပ်ကြီးရဲ့ မျိုးဆက် သမီးတစ်ဦးထဲ နေထိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ အသက်ကတော့ ၇ဝ ကျော်ကျော် ကရင် အမျိုးသမီးကြီးတစ်ဦးတည်း အိမ်အကြီးကြီးမှာ နေတယ်ဆိုလို့ အံ့ဩမိပါသေးတယ်။ အိမ်ထဲဝင်ဖို့ အဘွားကို ခွင့်တောင်းတော့ တံခါးသော့ခတ်ထားတာကို လာဖွင့်ပေးပါတယ်။ တံခါးတင်သော့ခတ်ထားတာမဟုတ်ပါဘူး။ […]


မြစပဲရိုးJune 13, 20151min26213
မွအိ-အိမ်စာ ပြီးပြီချင့်။ :-))) . နောက်လဲ ထပ်ပြီး စာ လုပ်ချင်ပါသေးတယ်။ . တစ်ခါထဲဘဲ မြန်မာအသင်းကြီး ကို ဂုဏ်ပြုပြီး အညှော်တိုက်လိုက်တဲ့ သဘောလဲ ပါပါတယ်။ ကကြီးမိုက် ကို ကျော်ဖို့ အရှိန်ယူလိုက်တာလဲ ပါပါတယ်။ သများ က နဲနဲ ကွန်ပိတေးတစ် (+ ကွန်ဆာဗေးတစ်)  ဖြစ်တော့ ခင်တာလဲ ခင်တာ တစ်ပိုင်း၊ ကျော်ချင်တာလဲ ကျော်ချိန်တာ တစ်ပိုင်းမို့ ဒီ အကြော်ပို့စ် နဲ့ ကပ်လိုက်ခဲ့ပါတယ်။ 😉 . ဘော်လုံးပွဲ ကို နဲနဲ ထပ်ကွန့်ချင်တာလေး လဲ ရှိတာမို့ ဆက်ပြစီ။ ၁၅ရက်နေ့ မလဲ ထပ်ပြီး ဂုဏ်ပြု ချင်ပါရဲ့။ တကယ်ဘဲ ကြိုးစားကြတဲ့ မျက်နှာ […]


ဇီဇီJune 11, 20151min49741
စကားမစပ် ဂျူးရဲ့ “ကျွန်မ ၏ သစ်ပင်” ထဲက ဇာတ်ကောင် နာမည်က လီလီ ဆိုလားလို့။   လီလီက ခတ္တာမျိုးထင်ပါရဲ့။ သူ့ရဲ့ အနံ့ကို အရမ်းကြိုက်တယ်။                              


weiweiJune 9, 20154min28316
  ရန်ကုန် လှည်းတန်းဘူတာနားမှာနေခဲ့တာ ၁ဝ နှစ်ကျော်နေပြီ။ ရထားလမ်းကို အမြဲတမ်းဖြတ်ဖြစ်ပြီး လှည်းတန်းဈေးကို သွားခဲ့ရပေမယ့် ရထားကို တစ်ကြိမ်တစ်ခါမှ မစီးခဲ့ဖူးဘူး။ ရထားစီးကြည့်မယ်လို့လဲ တစ်ခါမှ မတွေးမိခဲ့ပါဘူး။ မြို့ပါတ် အဲကွန်းရထားတွေပေါ်လာပြီးနောက်ပိုင်း တစ်ခါလောက်တော့ စီးကြည့်အုန်းမှလို့ စိတ်ကူးပေါ်ခဲ့ပေမယ့် အချိန်မပေးနိုင်လို့ မစီးဖြစ်ခဲ့ပြန်ဘူး။   ဒီအပါတ် ၆ လ ပိုင်း ၆ ရက်နေ့မှာ စနေနေ့မှာ တိမ်တွေပြာလို့ ရာသီဥတုက သာသာယာယာ ရှိနေတာနဲ့ ရထားသွားစီးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ စိတ်ကူးကို ချက်ခြင်းအကောင်အထည်ဖော်ပစ်လိုက်တယ်။ အနီးအနားမှာနေကြတဲ့ ဘော်ဒါနှစ်ယောက်ကို အဖော်ခေါ်ပြီး လှည်းတန်းဘူတာဆီ သွားစီးကြပါတယ်။ ရထားချိန်တွေကို မမှတ်ထားပဲသွားမိလို့ အဲကွန်းမြို့ပါတ်က နေ့လည် ၁ နာရီမှာဆိုက်မှာကို ၁၂ နာရီလောက်ထဲက ဘူတာကိုရောက်နေပါတယ်။ ဘာပဲဖြစ်ဖြစ် စီးဖြစ်အောင်စီးမှာမို့လို့ အနီးအနားမှာပဲ […]


အဟဲ  ဘာရယ်ဟုတ်ဘူးဗျ ၊   ကိုပေါက်ရဲ့   ဓါတ်ဖမ်း အခန်းဆက်ပို့စ်တွေဖတ်ပြီး ခလုပ်နှိပ်တာသာ တတ်တဲ့ ကျနော့်ပုံလေးတွေကို သတိရလာလို့ ၊   သဂျီးဆီကလည်း ပွိုင့်ယူရင်းပေါ့လေ ၊     🙂   (  ချစ်သော ကချင်မြေ  )     ( ဆန်လေတဲ့ ဆန်လေ )   ( တစ်ကိုယ်တည်း အထီးကျန် )   ( မြူဖုံးနေတဲ့ ဇွဲကပင် )   ( ကျင်လည်ရာ )   ( တံတား နဲ့ ဘုရား )   ( သရက်သီးလေးတွေ ချိုပါတယ် )   ( […]


“ကျနော်ဓါတ်ဖမ်းသမား” (၁၂) (လက်ဆော့ဘို့ လမ်းသလားတဲ့ကိုပေါက်ရဲ့အမှတ်တရများ……………..) ကျနော်ဓါတ်ပိုးမြင့်တဲ့အချိန်တုံးကရောက်လေရာသွားလေရာမှာဓါတ်ဖမ်းပါတယ်။ အလုပ်ကိစ္စနဲ့သွားရင်းဖြစ်ဖြစ် ဓါတ်ဖမ်းခရီးသက်သက်ဖြစ်ဖြစ် မကြာခဏသွားခဲ့ပါတယ်။ အဲလိုသွားခဲ့တဲ့အကြိမ်တွေထဲမှာအမှတ်ထင်ထင်ဖြစ်ခဲ့ရတာလေးတွေ မမေ့နိုင်စရာလေးတွေလဲရှိခဲ့ပါတယ်။ ပထမဆုံးကြုံခဲ့ရတာတော့ အောင်ပန်းမှာပါ။ အောင်ပန်းမြို့ကြီးကို အထက်စီးကနေရိုက်ရင်လှမှာဘဲလို့တွေးမိတော့ မြို့အနောက်ဘက်တောင်ပေါ်က ရိုက်မယ်ဆိုရင် တစ်မြို့လုံးမြင်ရတယ်ဆိုပြီး မနက်စောစော ထ ပြီး အဲ့ဘက်ကိုသွားတာပေါ့။ တောင်ပေါ်တက်တဲ့လမ်းကနေသွားရင်း ထိပ်နားရောက်ခါနီးလို့လှမ်းကြည့်လိုက်တော့ တရုပ်သချင်္ိုင်းဖြစ်နေပါတယ်။ သချိုင်းအဝင် ဝမှာတော့ ခွေးတစ်အုပ် ကိုမြင်နေရပါတယ်။ အဲဒါနဲ့သချိုင်းနံဘေးလမ်းကနေလဲဖြတ်သွားလိုက်လို့ ခွေးတွေနားလဲရောက်ရော ခွေးဆယ်ကောင်လောက်က ထွက်လာတဲ့ပြီး ဟောင်လိုက် ဆွဲလိုက်နဲ့ ကျနော်ကိုဖိအားတွေပေးပါတော့တယ်။ သူတို့ကို တုန့်ပြန်ဘို့အနီးအနားရှိတဲ့ ဂဲလုံးတွေကောက်။ ပါးစပ်ကလဲအော်ပြီးမောင်းထုတ်ပေမယ့်လဲ သူတို့ကတော့ ဖိအားပေးမပျက်ပါဘဲ။ ခက်တာက ကိုယ့်တစ်ယောက်ထဲဖြစ်နေတာကို ဝန်းရံပေးမယ့်သူလဲတစ်ယောက်မှမတွေ့။ သူတို့ကလိုက်ဆွဲလိုက် ကိုယ်က အော်လိုက် ကို်ယ်က  ခဲကောက်ပြီး ထုလိုက် သူတို့ကဟောင်လိုက်နဲ့ဆယ်ငါးမိနစ်လောက်ကြာမှ ဈေးသွားမယ့် လူနှစ်ယောက်ရောက်လာပြီးမောင်းထုတ်မှ ဇာတ်လမ်းတစ်ခန်းရပ်ပြီး ကျနော်လဲ […]