MCPA ဘယ်ရောက်နေပြီလဲ……

marnatJuly 14, 20101min702

MCPA တော့ MCPA ပါပဲ…..ဒါပေမဲ့ မော်လမြိုင်က MCPA ပါ……
2010 May 30 တုန်းကပါ….ရွှေမြင့်မိုထွန်းဟိုတယ်မှာ ICT ပြပွဲမှာ MCPA အသင်းဝင်ဖို့ စည်းရုံးလိုက်ကြတာ။ MCPA အသင်းဝင်တဲ့လူတွေဟာ FREE DISCUSSION တွေ၊ ဆွေးနွေးပွဲတွေ၊ စာအုပ်ငှားရမ်းမှုတွေ(သူတို့ ပြောတာပါ)ဆိုပြီးပြောလို့ မော်လမြိုင် ကျေးရွာက ကွန်ပျူတာကျောင်းသား ကျောင်းသူတွေ စာရင်းပေးကြတာ တစ်ယောက်ကို 5000 ကျပ်တောင် မုန့်ဖိုးကနေ စုပေးကြတာ အခုတော့ MCPA အသင်းဝင်ကတ်တွေတောင် ထွက်လာပါပြီး။ FREE DISCUSSION မပြောနဲ့ အသင်းဝင်တွေတောင် တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူးပါ၊
MCPA ရေ………………………….
မင်းဘယ်ရောက်နေလဲ။ ငါတို့ ပိုက်ဆံတွေ လိမ်ယူသွားပြီးလား။
တိုးတက်အောင် အားကိုးကာမှ မင်းဘယ်ပျောက်နေတာလဲ။ မင်းအမြန်လာပါ……………………………………………..

2 comments

  • လင်းဝေကျော်

    July 14, 2010 at 3:57 am

    အားကိုးမရှိလို့ အားရှာတဲ့သူတွေကို လုပ်ရက်ကြလေခြင်း…
    ဒီလိုအဖွဲ့အစည်းတောင် ဒီလို လုပ်စားနေတာကိုး…
    အသင်းဝင်ကြေး ကို ၅၀ဝ ၊ ၁၀၀ဝ လောက်ပဲ တောင်းသင့်ပါတယ်။
    အခုတော့ လုပ်စားဖြစ်နေပြီ။

  • zeitgeistguy

    July 14, 2010 at 4:03 am

    ရန်ကုန်မှာလည်း MCPA က လုပ်စားနေတာပါဘဲ။ MCPA exam ဆိုပြီး လုပ်တယ်။ ပြီးတော့ အနီးကပ်ဆိုပြီး သင်တန်းတွေ 35000 နဲ့ ဖွင့်လိုက်သေးတယ်။ 5000 ယူရတာ မဝသေးလို့ဆိုဘဲ။ များသောအားဖြင့်တော့ 35000 နဲ့ အနီးကပ်တက်တဲ့လူတွေဘဲအောင်သွားကျတယ် လို့ ဖြေဆိုသူအများစုကပြောကျတယ်။ ဖြေလဲပြီးရော ဟိုသင်တန်းက Discount ဒီသင်တန်းက Discount ဆိုပြီးလူငယ်တွေကို ရိုက်ဖို့စဉ်းစားနေကျတယ် သင်တန်းအများစုက။ Bizsoft ကပိုင်ရှင် က MCPA က ရာထူးကြီးကြီးနဲ့ဆိုဘဲ။ ဒါတွေကြောင့် MCPA က စီးပွားရေးဆန်ဆန်ဖြစ်နေတာပါ။ ရန်ကုန်မှာတောင်ဒါမျိုးတွေက အဖြစ်များနေတော့ နယ်မှာ ဆို ရင်တော့မပြောနဲ့တော့။

Leave a Reply