Microsoft မှ နောက်ဆုံးထုတ် Programming နည်းပညာအကြောင်း ဟောပြောပွဲကျင်းပမည်

BayoteMay 24, 20101min770

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း (MCPA) မှ ကြီးမှူး၍ ၂၀၁ဝ ပြည့်နှစ် မေလ (၃၀)ရက်၊ တနင်္ဂနွေနေ့ နံနက်(၉း၃၀) မှ နေ့လည်(၁၂းဝ၀)နာရီအထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ မြန်မာအင်ဖိုတက်ခ်၊ အခန်း(၂၀၅) တွင် Gusto ကွန်ပျူတာနည်းပညာသင်တန်းကျောင်းမှ ဆရာ ဦးဝင်းထိန်ဝင်းသည် “New Features of Microsoft .Net Framework 4.0” ဟူသောခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောမည် ဖြစ်သည်။

ဟောပြောပွဲ၏ရည်ရွယ်ချက်သည် ကွန်ပျူတာနည်းပညာကိုလေ့လာနေသောမြန်မာလူငယ်များကို နောက်ဆုံးပေါ် နည်းပညာရပ်များနှင့် ရင်းနှီးမှုရှိလာစေရန် နှင့် ၎င်းနည်းပညာများကို မိမိရေးသားမည့် Project များတွင် အလျဉ်းသင့်သလို အသုံးချလာနိုင်စေရန် ဖြစ်ပါသည်။

ယင်းဟောပြောပွဲတွင် Microsoft ၏နောက်ဆုံးထုတ် Programming နည်းပညာဖြစ်သော “.Net Framework 4.0” ၏ Features အသစ်များကို လက်တွေ့သရုပ်ဖော်ရေးသားမှုများနှင့်တကွ ဆွေးနွေးပေးသွားမည်ဖြစ်သည်။ ထို့အပြင် ယနေ့ ခေတ် Software များရေးသားရာတွင် ခေတ်စားလာသော “Object Relational Mapping(ORM)” နည်းပညာတစ်ခုဖြစ်သော “Entity Framework 4.0” ကိုလည်း အသေးစိတ်ရှင်းလင်းပေးသွားမည်ဖြစ်ပြီး ဟောပြောပွဲတက်ရောက်လာသူများပါ မိမိ ကိုယ်တိုင် စမ်းသပ်လေ့လာနိုင်ရန် “Hands-on Exercises” များကိုပါ အခမဲ့ ဝေငှပေးသွားမည်ဖြစ်သည်။

အဆိုပါ ဟောပြောပွဲသို့ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင်များ၊ Programmer များ၊ ကွန်ပျူတာနည်းပညာ လေ့လာနေသူများ နှင့် စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့ တက်ရောက်ဆွေးနွေးနိုင်ပါသည်။အသေးစိတ်သိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ မြန်မာအင်ဖိုတက်ခ် ၊ ဖုန်း-၆၅၂၂၇၆ သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။