အလင်းရောင်ကိုဆော့ကစားခြင်း     ဟုူိးအရင်ခေတ်က ကင်မရာနဲ့ဆော့ကစားဘို့ဆိုတာ အတော်လေးကို ငွေကုန်ကြေးကျ များတဲ့အလုပ်ဖြစ်ပါတယ်။ အဲတော့လဲ ဓါတ်ပုံရိုက်တယ်ဆိုတာ ငွေကြေးတတ်နိုင်သူ ဝါသနာကြီးလွန်းသူနှင့် အသက်မွေးဝမ်းကျောင်းပြုသူများသာ ဆောင်ရွက်နိုင်တဲ့ ပညာရပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ကင်မရာ တစ်လုံးရှိရမယ်။ ဒီကင်မရာကို  ကိုယ်လိုရာခိုင်းစေနိုင်တဲ့အတတ်ပညာရှိရမယ်။ ဓါတ်ပုံရိုက်ပြီဆိုကတည်းက ဖလင်ထည့်ရမယ်။ တစ်လိပ်လုံးမကုန်မချင်း ရို်က်ရမယ်။ ပြီးရင်ဖလင်ဆေးရမယ်။ ကူးရမယ်။ ပျက်သည်ဖြစ်စေကောင်းသည်ဖြစ်စေ ကူးပြီးမှာသာအဖြေပေါ်တော့ ငွေအများကြီးကုန်ပြီးမှ ကိုယ့်လိုချင်တဲပုံလေးတစ်ပုံရပါတယ်။ နောက်တစ်ချက်က အချိန်အများကြီးစောင့်ရတာပါဘဲ။   နောက်ပိုင်း အော်တိုဒစ်ဂျစ်တယ်ကင်မရာတွေပေါ်လာပါတယ်။ ကို်ယ်တိုင် ဓါတ်ပုံပညာကို အများကြီးသိစရာမလိုဘဲ အဆင်သင့်လုပ်ပေးထားတာလေးကို ဆွဲသုံးလိုက်ရုံနဲ့ ပုံလေးတွေ လှတပတ ရလာနို်င်ပါတယ်။ ရိုက်ထားတာကို ချက်ခြင်းကြည့်လို့ရတယ်။ မကြိုက်ရင်ပြန်ဖျက်လို့ရတယ်။ “မှတ်တမ်းပြား” […]


                    “တောင်ကြီးမြို့မှာလက်ဆော့ခဲ့သမျှ”     လမ်းလျောက်တဲ့မနက်မှာ မိုးတွေက ကျလာ ထီးမပါ အဲတာနဲ့လမ်းတစ်ဝက်ကလှည့်ပြန်ခဲ့ရပါတယ်။ အဲဒါနဲ့စည်ပင်သာယာပန်းခြံထဲမှာခဏမိုးဝင်ခိုလိုက်ပါတယ်။ သိပ်မကြာခင်မိုးတိတ်သွားတော့ ကလေးတွေဆော့ဘို့စင်ကလေးလုပ်ထားတာတွေ့ရပါတယ။် ဒါနဲ့ဘဲအဲဒီစင်ပေါ်တက်ပြီး မြန်မာပြည်မြေပုံ ပုံစံလုပ်ထားတဲ့ ပန်းခင်းလေးကို ရိုက်ပါတယ်။ ပထမတစ်ခေါက်ကတည်း ကဒီပုံလေးကို လက်ဆော့ချင်ပေမယ့် အပေါ်စီးကမြင်ရတဲ့နေရာမရှိလို့မရိုက်ဖြစ်ခဲ့ပါဘူး။ ဒီတစ်ခါတော့ စိတ်တိုင်းကျလက်ဆော့နိုင်ခဲ့ပါတယ်။ မိုးလေးက နည်းနည်းရွာထားတော့ သစ်ပင်ပေါ်တင်နေတဲ့ရေစက်ရေပေါက်တွေကိုလက်ဆော့ ဘို့လိုက်ရှာပြန်ရော။ အဲဒါတွေမတွေ့ခင်ခေါင်းပေါ်မော့ကြည့်လိုက်တော့ မယ်ဇလီပွင့်ဝါဝါကြီးတွေ။. မန်းလေးကအပွင့်ကသေးပါတယ်။ အဲတော့ ဘာရမလဲ လက်ဆော့ တာပေါ့။ ပန်းခြံမြောက်ဘက်အထွက်နားရောက်တော့ သစ်ပင်လေးတွေပေါ်မှာ မုးိစက်တွေသီးနေတာမြင်တော့ လက်ဆော့မိပြန်ရော။ ကုန်းလိုက်ကွလိုက် ထိုင်လိုက်ငုံ့လိုက်လုပ်နေတဲ့ ကျနော့်ကို ပန်းခြံစောင့် တာဝန်ယူထားသူ မျက်စေ့နောက်တဲ့အထိပါဘဲ။ အဲဒီမှာလက်ဆော့လို့အားရလို့ထွက်လာလိုက်တာ ကမ္ဘောဇဘဏ်ရှေ့ရောက်တော့ […]


            “ကန်ပါတ်လမ်းကိုလက်ဆော့ခြင်း………………..”     ဟိုတစ်ရက် ညနေစောင်းမှာကန်ပါတ်လမ်းကနေ စစ်ကိုင်းဘက်ကမ်းမီးထွန်းထားတာကိုရိုက်ဘို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် “ငွေတစ်မတ်နဲ့ငါးကြင်းခေါင်း”ကိုင်မိသလိုပါဘဲ။ ကင်မရာပေါက်စနနဲ့ အဝေးကိုလှမ်းဆွဲလို့ ဘယ်လိုလုပ်ရမလဲနော်။ နောက်မှောင်လဲမှောင်တော့ လိုအပ်တဲ့အလင်းလဲမရနိုင်တာလဲပါသပေါ့။ အဲတာနဲ့အလုပ်ပိတ်တဲ့တစ်ရက်မှာ နေ့လယ်ခင်းဘက် ကန်ပါတ်လမ်းဘက်ထွက်ခဲ့ပါတယ်။ အနောက်ဘက်မင်းဝံတောင်ရိုးဘက်ကြည့်လိုက်တော့ လှပတဲ့တိမ်တွေကိုမြင်ရပါတယ်။ လာမိတာကံကောင်းတယ်လို့ထင်မိပါတယ်။ လမ်းတစ်နေရာအရောက်လိပ်ပြာတွေပုစဉ်းတွေပျံဝဲနေတာတွေ့လို့ လက်ဆော့ပါတယ်။ လှုပ်ယှားနေတဲ့အရိပ်တွေကို ရိုက်တာ အထာမကျတော့ နေပူထဲမှာအကြာကြီးရိုက်တာမှ စိတ်တိုင်းကျတာ တစ်ပုံဘဲရပါတယ်။ လွတ်လပ်ကျယ်ပြန့်တဲ့ ကွင်းပြင်။ ဧရာမြစ်ရေပြင် ဖွေးဖွေး။ လှပသောတိမ်နောက်ခံနဲ့သဘာဝပန်းချီကားကို အခြေပြုပြီး သက်မဲ့တွေကို ပုံဖော်လို့လက်ဆော့။ အဲဒီနားမှာကလေးတွေဆော့နေတာကိုတွေ့။ ငါးမျှားနေသူကိုတွေ့……………….. ဖောင်တွေဆိုက်ထားတဲ့နားမှာ အကြာကြီးရိုက်မိတော့ လူတွေက ကျနော့်ကို ကွက်ကြည့်ကွက်ကြည့်။ နောက်တော့ တစ်ယောက်က လာမေးပါတယ်။ “ဘာအတွက်လဲ” ခပ်တည်တည်မျက်နှာထားနဲ့။ အလှဓါတ်ပုံရိုက်တာလို့ပြောလိုက်မှ သူ့မှာစိတ်အေးသွားတဲ့ပုံ။ […]


    “ကိုပေါက်လက်ဆော့တဲ့အကြောင်းလေး………………..”   “ဒို့မန္တလေးမြို့ကြီးရဲ့ ပါတ်လည်တစ်ခို မိူင်းပြာပြာ  မူန်ဝေဝေ့ ဧရာဝတီမြစ်ညို လျံဝင်းပြောင်ဟီးတဲ့ရန်ကင်းတောင်ကြီးအမြဲခို….ခို” လို့နန်းတော်ရှေ့ဆရာတင်က မန်းလေးမြို့ကြီးကို သီချင်းနဲ့ သရုပ်ဖော်ခဲ့ပါတယ်။ မန္တလေးသားတစ်ယောက်ကကြွားတယ်လို့မထင်စေချင်ပါ။ ဒါပေမယ့် မန္တလေးမြို့ ရေမြေအနေအထားအရ သဘာဝအတိုင်းအတော်လှတဲ့နေရာအတော်များများရှိတယ်ဆိုတာလဲအမှန်ပါဘဲ။ မန်းလေးနန်းတော်ကို အလည်ပဟိုရ်ပြုပြီး ကြည့်မယ်ဆိုရင် မြို့အနောက်ဘက်ခြမ်းမှာ မင်းဝံတောင်တန်းနဲ့ဧရာဝတီမြစ်ကြီးရှိပါတယ်။ အရှေ့ဘက်မှာဆိုရင် ရှမ်းရိုးမနောက်ခံထားလို့ ရန်ကင်းတောင်အောင်ပင်လယ် က မြင်ကွင်းတွေက သဘာဝကျကျလှမှ လှ။ ဟိုဘက်ဆက်ထွက်မယ်ဆိုရင်  ပြင်ဦးလွင်အတက်လမ်းဘက်။ မြို့တောင်ဘက်ခြမ်းမှာဆိုရင် မဟာမြတ်မိုနိ ၊တက်သိမ်းအင်း (မန်းလေးကန်တော်ကြီး)နဲ့ရှမ်းလေးကျွန်း။ ဟိုဘက်ဆက်သွားရင်တောင်သမန်နဲ့ဦးပိန်။ မြို့မြောက်ဘက်ခြမ်းမှာဆိုရင် မန္တလေးတောင် သခင်မတောင်နဲ့ ့ရူ့မဆုံးတဲ့လယ်ကွင်းတွေ။ သဘာဝ ပါတ်ဝန်းကျင်အလှအပကိုခံစားချင်သူ ဓါတ်ပုံရိုက်ချင်သူများအတွက် တစ်ရက်နှစ်ရက်နဲ့ ရိုက်လုို့မကုန်နိုင်တဲ့အလှတွေရှိပါတယ်။ (25-8-2012)နေ့အောင်ပင်လယ်ရောက်တော့ စိမ်းမြတဲ့လယ်ကွင်းတွေကို အဓိကထားလို့ ရိုက်ဖြစ်ပါတယ်။ ဒါပေမယ့် ရေထဲမှာအရိပ်ကျတာကိုစိတ်ဝင်စားတဲ့ကျနော်က မပြုမပြင်ဘဲသဘာဝအတိုင်းရှိနေပြီး ရေမှာမျောနေတဲ့ကြာပင်တွေ။ […]


ဒီပုံလေးတွေကတော့ ရွှေလီ ကျောက်မျက်ရတနာရောင်းတဲ့နေရာမှာ တွေ့ခဲရတဲ့ဆိုင်းဘုတ်2ခုပါ။ လွတ်လပ်စွာသဘောကွဲလွဲခြင်းဆိုတဲ့ပိုစ်မှာ ဦးပါလေးရာကဒီလိုမန်းထားတာတွေ့ပါတယ်.   (တရုတ်တွေကတော့ သူများကို အမြင်ကတ်တယ်ဆိုတာ တော်တော်ရှားတယ်။ လုပ်စရာရှိတာလုပ်နေကြတာပါပဲ..။ အကြောင်းအကျိုးသဘောရ ဖြစ်ရမယ့်ဟာ ဖြစ်သွားတာပါပဲ) ဒါကြောင့်ကျနော်ရိုက်ခဲ့တဲ့ ပုံလေးတင်ပေးလိုက်ပါတယ်။ ဒီပုံတွေရှိတဲ့နေရာမှာ အနားယူစရာပန်းခြံလဲရှိပါတယ်။ ညဆို နီယွန် မီးချောင်းတွေနဲ့လင်းထိန်လှပအောင်ထွန်းထားပါတယ်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (16-6-2012)


  အတူတူစားခဲ့တဲ့ ဖုန်းကင် နင်တို့မေ့ပြီလား။ မတူတူအောင်တန်းညှိခဲ့တဲ့ သူငယ်ချင်းနှစ်ယောက် စိတ်ကောက်နေအုံးမှာလား. ????????????????????????????????????????????   ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့။


    သဘာဝဆေးခြယ်ရောင်စုံကမ္ဘာဝယ်   တစ်နေ့ တစ်နေ့ နေဝင်လိုက် နေထွက်လိုက် နဲ့သဘာဝကြီးက သူ့အလိုအလျောက်အတိုင်း မောင်းနှင်နေပါတယ်။ သဘာဝကြီးက အလိုအလျောက်ပြောင်းလဲနေတယ်ဆိုပေမယ့် နေ့စဉ်နဲ့ အမျှ မတူညီတဲ့ အရောင်အသွေးတွေ အဆင်တွေနဲ့ ကမ္ဘာလောကကြီးကို ဆေးရောင်တွေခြယ်ပေးနေပါတယ်။ ဒီသဘာဝပေးအပ်တဲ့အလှအပတွေကို ကျနော်တို့က မြင်မိလို့ ခံစားမိတာလဲရှိ။ သတိမထားမိလို့ မခံစားလိုက်ရတာလဲရှိ။ မြင်ပေမယ့်လဲ မခံစားနိုင်မိတာလဲရှိ။ လူတွေ ဘယ်လိုသဘောထားထား သဘာဝကြီးကတော့ သူ့အလုပ်သူလုပ်နေမှာအမှန်ပါဘဲ။ သူဖန်တီးပေးလိုက်ရတဲ့အတွက် ဘာတောင်းဆိုမူ့မှမလုပ်တာလဲအမှန်.။   ကျနော်တို့တစ်တွေကတော့ ကိုယ်ဖန်တီးလိုက်တာလေးကို သူများက သတိမပြုရင်ဘဲဖြစ်ဖြစ် မနှစ်သက်ရင်ဘဲဖြစ်ဖြစ် မသိကျုးိကျွံပြုနေရင်ဘဲဖြစ်ဖြစ် “ငါ့မှာတော့ လုပ်လိုက်ရတာ သူတို့ကတော့………………………” ဆိုတဲ့ မချင့်မရဲနဲ့ မကျေနပ်စိတ်ကလေးတွေ ပေါ်လာတတ်ပါတယ်။ အသိအမှတ်အပြုခံချင်တယ်ဆိုတာ လူ့သဘာဝကိုး။ အဲတော့လဲ တစ်ခါတစ်ရံ စိတ်ဆင်းရဲရတတ်ပါတယ်။ အကောင်းဆုံးကတော့ သဘာဝတရားကြီးလိုစိတ်ဓါတ်မျိုးထားနိုင်ရင်အကောင်းဆုံးပါဘဲ။. […]


“အလင်းတန်းများ ဘုရားဖူးများနှင့် လက်ဆော့သောကျနော် …………………”   ရန်ကင်းတောင်အတွင်းထဲရောက်တဲ့အခါ လှိုဏ်ဂူထဲကနေအပေါ်ကိုမော့ကြည့်လိုက်တော့ အလင်းတန်းတွေကို တွေ့လို်က်ရပါတယ်။ အပြင်မှာမြင်ရခဲမျှပါဘဲ။ အလှူခံနေတဲ့ဆရာတော်နံဘေးမှာလဲအလင်းတန်းလေးကခ။ တရုပ်နှစ်သစ်ကူးရက်နဲ့ဆုံတော့ ဘုရားဖူးများနဲ့စည်ကားပါတယ်။ အဲတော့ ဘုရားဖူးလာသူတွေကို လှတပတ ဓါတ်ပုံလေးတွေရိုက်။ ဘုရားမှာဆီမီးပူဇော်ထားပြီးဓါတ်ပုံရိုက်။ ဒါနဲ့ဘဲညနေစောင်းလာတော့ မှ အထုပ်ထမ်းပြီးတောင်အောက်ပြန်ဆင်းခဲ့ပါတယ်။ မောလို်က်တာဗျာ။   ကိုပေါက်ရဲ့ စနက်ရှော့ မဟုတ်တဲ့လက်ဆော့ (31-1-2012)


  “ရှေးကတည်းက ရှိခဲ့တဲ့ ရန်ကုန်မြို့က ဘုရားနဲ့အဆောက်အဥိ်”   အခုတစ်ခေါက်ရန်ကုန်ရောက်တော့ နေရာတော်တော်များများကိုရောက်ပါတယ်။ ဆူးလေ ဗဟိုတရားရုံး မြို့တော်ခန်းမ  ဗိုလ်တစ်ထောင်  ဆိုတာတွေကရှေးကတည်း ကရှိခဲ့တဲ့အဆောက်အဥိတွေပါဘဲ။ ဒါပေမယ့် ရောက်ခဲတဲ့ ကျနော်အမြင်မှာ မြို့လည်ခေါင်က ရှိတဲ့ အဆောက်အဥိတွေထဲမှာ ကျနော်မြင်ခဲ့ဘူးတဲ့ အဆောက်အဥိတွေ ဘုရားတွေက အခုထိ ပုံမပျက်ရှိနေသေးတာ ဝမ်းသာစရာ။ မန်းလေးဘူတာကြိးကတော့ ဝမ်းနည်းစရာပုံပြောင်းသွားပေမယ့်ရန်ကုန်ဘူတာကြိးကတော့ ရှေးမူမပျက်ရှိမြဲ ရှိဆဲ။ ကဲလက်ဆော့ထားတာလေးတွေ မျှဝေပေးလိုက်ပါတယ်။   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (29-1-2012)  


“နံနက်ခင်းမြူများကြားကရန်ကုန်…………………”(အပိုင်းနှစ်)   နောက်နေ့မနက်ရောက်တော့ ပထမနေ့ကသွားခဲ့တဲ့လမ်းကိုပြောင်းပြန်ပါတ်ပါတယ်။ ကျနော်တည်းတာက ကုန်းကျော်တံတားအောက်မှာ။ အဲတော့ အိမ်ကနေတောင်ဖက်ကို လမ်းလျောက်ပါတယ်။ လမ်းအရှေ့ဖက် က တိုင်ကြီးထောင်ထားတဲ့ ဝင်းကြယ်ကြီးထဲမှာ ကျနော်လို့ချင်တဲ့ မြူငွေ့တွေ အတန်းလိုက်ကြီး။ ဒါပေမယ့်မကျူးကျော်ရလို့ဆိုထားတော့ အထဲဝင်ရိုက်ချင်လို့မရပြန်ပါဘူး။ အထဲမှာရှိတဲ့မြူငွေ့တွေလဲရိုက်ချင်ဆိုတော့ အတော်လေးအခက်တွေ့ပါတယ်။ အဲဒါနဲ့ဘဲ နည်းနည်းမြင့်တဲ့နေရာလိုက်ရှာတော့ မြေစာပုံလေးကို တွေ့တော့ အဲဒီအပေါ်တက်ရိုက်တာ စိတ်တိုင်းကျတဲ့လိုချင်တဲ့ပုံလေးတွေရလိုက်ပါတယ်။ နောက်ဆက်လျှောက်သွားရင် ဂေါက်ကွင်းနားရောက်တော့ ကွင်းပြင်ထဲမှာ နှင်းငွေ့တွေဝဲနေတာကို မြင်ရတော့ ဝင်ပြီးလက်ဆော့ မိပါတယ်။ အဲတော့…………………..   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (25-1-12)                    


      “ချှီးကြီးတယ်ဆိုုတဲ့လူဆိုတာ ဒီလိုများလားမသိဘူးနော်”   တစ်နေ့ကလက်ဖက်ရည်ဆိုင်မှာထိုင်နေရင်းဘေးဝိုင်းက ကောင်လေးနှစ်ယောက် စကားပြောနေတာကို နားမထောင်ဘဲကြားနေရပါတယ်။ သူတို့မိတ်ဆွေတစ်ယောက်အကြောင်းပြောနေကြတာပါ။ ဒါပေမယ့် သူတို့ ပြောတဲ့စကားထဲမှာ “ချီးကြီးတယ်” “ချီးကြီးတယ်” တယ်ဆိုတာက ခဏခဏပါနေတော့။ ကျနော့်မျက်စေ့ထဲမှာမြင်လာတဲ့ ပုံလေးကိုတင်ပေးလိုက်ပါတယ်။ မမှားလောက်ဘူူးထင်ပါရဲ့နော်…………….   ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ (21-1-2012)


“စွယ်မယ်သစ္စာ” (အပိုင်းတစ်) (4-1-2012)နေ့ မနက်မှာရန်ကုန်ရောက်ပါတယ်။ အဲဒီနေ့ညနေ မှာဘဲမင်္ဂလာဆောင်ဝင်ရပါတယ်။ မင်္ဂလာဆောင်က အပြန်မှာ တော့ ကိုချောက လာစောင့်လို့ ကြိုပေးပါတယ်။ ကျေးဇူးတင်တာပေါ့ ကျနော်က ဘယ်မှမသွားတတ်မလာတတ်။ ယုဇနဂါးဒင်း မင်္ဂလာခန်းမကနေ စိန်ပေါက်ပေါက်ဆီရောက်သွားပါတယ်။ ကိုချောက ဘယ်သွားချင်လဲမေးတော့ ပထမတစ်ခေါက်ရောက်တုန်းက ဖြတ်သွားခဲ့တဲ့စွယ်တော် နောက်က ရေကန်ကို လို့ ပြောတာနဲ့သုံးယောက်သားချီတက်ကြပါတယ်။ အဲဒီမှာ ကျနော်လိုချင်တဲ့ပုံလေးတွေ စိတ်တိုင်းကျရိုက်။ ပြီးတာနဲ့ကိုချောက က” ဟိုင်နန် “အမည်ရတဲ့ တရုပ်စားသောက်ဆိုင်လေးကို သွား။ စိတ်တိုင်းကျစား စိတ်တိုင်းကျလေပေါပြီး ပြန်လာခဲ့ကြပါတယ်။ အပြန်မှာ စွယ်တော်ဘုရား ညမြင်ကွင်းကို စွယ်တော်ပင်လေးအောက်ကနေရိုက်ခဲ့တာပေါ့။ အပိုင်း(2) ဟိုတစ်ခါတုံးက ရွာထဲမှာ ချာတူးလန်က ဘုရားဆင်းတုအကြီးကြီးပုံကိုတင်ခဲ့ဘူးပါတယ်။ အဲဒီဘုရားကြီးကို အတော်လေးစိတ်ဝင်စားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်နားမှန်းမသိတော့ မရောက်ပါဘူး။ ဖြစ်ချင်တော့ ရန်ကုန်က ပြန်တဲ့နေ့ […]


“အာရုဏ်ဦးနေခြည် ကန်ရေပြင် စိမ်းညို့ ကြာပန်း”(အပိုင်းသုံး)     ကျနော့်အိတ်ထဲက ဖုန်းလေး က အသံမြည်လာတော့ ကျနော်နဲ့ချိန်းထားတဲ့သူကသူလာတော့မယ်ဆိုတာကို လှမ်းအကြောင်းကြားတာပါ။ အဲဒါနဲ့ အခု ကရိဝိက်ထပ်ဖြားမှာရောက်နေတယ် လက်စသပ်ပြီးထွက်ခဲ့မယ်လို့ပြောလိုက်ပါတယ်။ ဒါနဲ့ဘဲ ကန်တော်ကြီးအရှေ့ဘက်ကနေ အနောက်ဘက်ကို ပြန်လှည့်လာခဲ့ပါတယ်။ ကန်အလည်မှာတော့ ကြာဖက်တွေက ရေလည်မှာ ဖြန့်ခင်း။ သူ့အပေါ်မှာတော့ ရေစက်ရေပေါက်တွေ ကို ထမ်းထား။ နီစွေးစွေးကြာပန်းလေးတွေကလဲ အရိုးထောင်ထောင်နဲ့လှပ။ ရန်ကုန်ကန်တော်ကြီးကတော့ ကန်လည်မှာတံတားလေးတွေခင်းထားတော့ လမ်းလျှောက်ရတာ အဆင်ပြေပါတယ်။ မန်းလေးကန်တော်ကြီးကတော့ ကန်ပါတ်လမ်းကဘဲလျှောက်လို့ရပါတယ်။ ရန်ကုန်မှာတော့ ကန်ရေပြင်မှာ ရွှေတိဂုံဘုရားအရိပ်ထင်နေတာသပ္ပါယ်။ မန်းလေးကန်တော်ကြီးကတော့ အဝေးမှာလှမ်းဖူးမျှော်စရာ မဟာမုနိ။ ရန်ကုန် ကန်တော်ကြီးကတော့ ကရိဝိက်ကတော့ နှစ်ကောင်တွဲခန့်ခန့်ထည် အရှေ့ဖက်ခြမ်းမှာ။ မန်းလေး ကရိဝိက် (ပြည်ကြီးမွန်) က တော့ အနောက်ဖက်ခြမ်း မမြလေးဘုရားနားမှာ။ ရန်ကုန်ကန်တော်ကြီးက […]