“ ခေတ်သစ်ဈေးလည်ခြင်း”     ဇူလိုင်လ၂၂ ရက်နေ့ က ကျနော် ခရီးအတိုတစ်ခုထွက်ဖြစ်ပါတယ်။ မန်းလေးကလုမ္မဏီအိပ်စပရက်စ် နဲ့  နေပြည်တော် ကိုလာခဲ့ ပါတယ်။ ရန်ကုန်ကနေလာတဲ့ မိတ်ဆွေ နှစ်ယောက် နဲ့ နေပြည်တော်မှာ ဆုံပြီးမြေကွက်တွေ လိုက်ကြည့် ကြ ပါတယ်။ ညနေလေးနာရီလောက်ရောက်တော့ ရန်ကုန် ကိုသူတို့ နဲ့ အတူကျနော် လိုက်လာခဲ့ပါတယ်။ လမ်းမှာမိုး က ရွာလိုက် တိတ် လိုက်ဆိုတော့ ကားကိုဖြည်းဖြည်းဘဲမောင်းရပါတယ်။ အဲတော့ ည မိုး အတော်ချုပ် မှ ရန် ကုန် ကိုရောက်ပါတယ်။   ၂၃ရက်နေ့ မနက် ရောက်တော့ သူတို့ နှစ်ယောက်နဲ့ ရုံးကိစ္စတွေ လိုက်လုပ်ကြတာမွန်းလွဲပိုင်းမှာ မှ အလုပ်တွေ ပြီး ပါ […]


                         “ရှက်ဖွယ်……………. ရှက်ဖွယ်………………. “   ဒီနေ့ မနက် စော စော က တည်း က မိုးဖွဲဖွဲကျနေပါတယ်။ အဲတော့ မန်းလေး ထုံးစံအတိုင်း လမ်းပေါ်မှာလူရှင်းပါတယ်။ ကျနော်လက်ဖက်ရည်ဆိုင်ကပြန်လာတော့ လမ်း  ရှင်းတယ်ဆိုပြီး ဆိုင်ကယ် စီးရင်းဟိုငေး ဒီငေးပေါ့။ အဲဒီအချိန် ကျနော်ရှေ့ကဆိုင်က တစ်စီးက ကျွိ ကနဲဘရိတ်ဆောင့် အုပ်သံ ကို ကြားလိုက်တော့ကျနော်လ ဲ အမြန် ဘရိတ်အုပ်လိုက်ရပါတယ်။ ကျနော် စီးလာတဲ့ အရှိန်ကလဲ နည်းနည်းမြန်တော့ ဟန်ချက်ပျက်ပြီးလဲမလိုဖြစ်သွားပါတယ်။ ကျနော်ရှေ့ က ဆိုင်ကယ် ကိုလှမ်းကြည့် လိုက်တော့ […]


“ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ” (အမှတ် 6)   “  ပ လက် ဖောင်း အမှတ် -၁၉”  ကတော့ မမေ့ နိုင်စရာ ရက် တွေ ပါဝင် တဲ့ ဘဝ အတွေ့ အကြုံအသစ်များဘဲဖြစ်ပါတယ်။ ဒီ အချိန်အခါမှာ ကျနော် ပ ထ မဆုံးစွန့်လွှတ်လိုက်ရတာတော့ ည ည ဆို စာ ဖတ်ချင်တဲ့ အချိန် ထိ ဖတ် အိပ် ချင် တဲ့ အချိန် မှအိပ် တတ် တဲ့ အကျင့်ကို စွန့်လွှတ်လို်က်ရခြင်းဖြစ်ပါတယ်.။ မီးခြစ်စက်ရုံ မှာ ကျနော ်အလုပ် ဝင်တော့“လုပ်ခလစာ”ဌာနမှာ တာဝန်ကျပါတယ်။ […]


“ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ” (အမှတ် ငါး ) “ ပ လက် ဖောင်း အမှတ် -၁၉” က တော့ ကျ နော့် ဘဝ ရဲ့ အကြီးမားဆုံး သော လမ်း ခွဲ လို့ ဆို နိုင် ပါတယ်။ ကျ နော် ဆယ် တန်း အောင် ပြီး နောက် တစ်နှစ်မှာ တက္ကသိုလ်ဝင် ခွင့် နဲ ့ ပါတ်သက်ပြီး မူ ဝါ ဒ ပြောင်း ပြန ်ပါ တယ်။ အရင်လို ဆယ် တန်း အောင် တာ […]


“ကိုလေး လိုလူ………ရှောင်တော်မူ ………..”   ကိုအောင်မောင်းတို့ ရုံးက နယ်အရောင်းအဖွဲ့ ဘိုဆန်ဆန်ပြောရင်တော့ မိုဘိုင်းအဖွဲ့တနင်္ဂနွေနေ့ညနေကပြန်ရောက်လာပါတယ်။                                                 နောက်လေးရက်လောက်နေတော့ အဲဒီအဖွဲ့ခေါင်းဆောင် စိုးထွန်းက  ခွင့်တောင်းလာပါတယ်။ သူအခုပြန်လာတဲ့ နယ်က ဆိုင်တစ်ဆိုင်က ပစ္စည်းတွေပြန်သိမ်းခွင့်ပြုဘို့ပေါ့။ အဲတော့ အကျိုးအကြောင်းကို မေးရပါတော့တယ်။ သူတို့သွားရောင်းတဲ့မြို့က ဆိုင်တစ်ဆိုင်က သူတို့ဆီက စီးကရက်ဆယ်ပုံးယူပါသတဲ့။ တန်ဘိုးတွက်ကြည့်ရင် ဆယ်သိန်းကျော်ကျော်ပေါ့။ အသွားမှာ ပစ္စည်းချ သူတို့ကားပြန်လာရင် အဲဒီကုန်ဘိုးရှင်းပေးမယ်ဆိုတော့လဲရောင်းခဲ့ပါသတဲ့။ တကယ်သူတို့ပြန်လာတဲ့အခါ ကုန်ဘိုးရှင်းမပေးလိုက်ပါဘူးတဲ့။ ပစ္စည်းလဲကျန်သေးတယ်ပေါ့။ တနင်္လာနေ့ရောက်ရင် ဘဏ်ကနေလွှဲပေးမယ်ဆိုပြီး ပြောလိုက်ပါသတဲ့။ စိုးထွန်း တို့ အဲဒီဆိုင်ကိုရောက်တာ သောကြာနေ့ပေါ့ လွှဲပေးရမယ့် ဘဏ်တို့ ထုတ်မယ့်သူရဲ့မှတ်ပုံတင်နံပါတ်တွေဘာတွေယူထားလိုက်ပါသတဲ့။ ဒါပေမယ့် အင်္ဂင်္ါနေ့ထိငွေလွှဲမလာပါဘူး။                                       ဖုန်းဆက်တော့လဲမကိုင်ပါဘူးတဲ့။                                                                စိုးထွန်း  စိတ်ပူလာပါတယ်။ အဲဒါနဲ့သူတို့လို့ အရောင်းသမားအချင်းချင်းစုံစမ်းတဲ့အခါ အဲဒီဆိုင်အနေအထားက သိပ်မဟုတ်ဘူးဆိုတာသိလာရပါတယ်။ ကုန်တွေကို အကြွေး ယူထားလိုက်တယ်။ […]


  “ လေလှန်သလို လှန်တဲ့ စုကြေးလေလံ  “ ပြီးခဲ့တဲ့ သုံးရက်လောက်က ကိုငယ်တို့အိမ်ဘက်ကိုရောက်တော့ ကြည့်ရတာတစ်ခုခုလိုနေသလိုခံစားရပါတယ်။ သေချာကြည့်မိတော့မှ ကိုငယ်တို့ အိမ်ဘေးကစတိုးဆိုင်ပိတ်ထားတာကိုတွေ့ရပါတယ်။ ဒီဆိုင်ကအရမ်းကို ရောင်းရတဲ့ စတိုးဆိုင်လေးထဲမှာ ပါ  ပါတယ်။ ကျနော်ကိုယ်တိုင်လဲ တစ်ခါတစ်ခါ အိမ်အသုံးအဆောင်ပစ္စည်းတွေလိုရင် ဒီဆိုင်က ဘဲ ဝယ်သွားတတ်တာများပါတယ်။ ပစ္စည်းစုံတယ် ဈေးမှန်တယ်ဆိုတဲ့ အရည်အချင်းတွေနဲ့ပြည့်စုံတဲ့အပြင် ဆက်ဆံရေးလဲကောင်းတယ် ဆိုတော့ ရောင်းကောင်းတာဘယ်ဆန်းမလဲနော်။ တစ်နေရာရာ သွားပြီး အလှူအတန်းတွေသွားများလုပ်ကြသလားလို့တွေးမိပါတယ်။ ဒါနဲ့ ဘဲ ကိုငယ်ကို မေးရတာပေါ့ “ဘယ်များသွားကြလဲ”လို့ “လေ အလှန်ခံလိုက်ရတာ”လို့ပြန်ဖြေတော့ ကျနော့် သူပြောတာကို နားမလည်ပါဘူး။ အဲတော့ “ဘာလဲ”လို့ထပ်မေးရတာပေါ့။ “ကိုပေါက် ခေတ်နောက်ကျသွားပြီ စုကြေး လေလံမလျော်နိုင်လို့ထွက်ပြေးရတာ” လို့ ဆိုပါတယ်။ ကျနော်က ဒီစုကြေးလေလံကိစ္စနဲ့ပါတ်သက်ပြီး သိပ်နားမလည်ပါဘူး။ ကိုငယ်ကိုဘဲ […]


“နွဲ့ယိမ်းဖွဲ့နှောင်လှိုင်းကလေးရဲ့သောင် “(အခန်းဆက်ဝတ္တုရှည်) အပိုင်း သုံး နေရာဟောင်းဆီသို့အပြန် ထမင်းဆိုင်ရောက်တော့ ဒေသထွက်ပင်လယ်စာရော တရုပ်အစားအစာရတဲ့ဆိုင်လေးဖြစ်နေပါတယ်။ မီးနူးကြည့်ပြီး အငယ်လေးမှာ မမ မှာ ဆိုပြီးလုပ်နေတော့ အနားမှာရပ်နေတဲ့ ကောင်မလေးကရီပါတယ်။ နောက်တော့ ပုစွန်မီးဖုတ်သုတ်တာကောင်းတယ်လို့ ကောင်မလေးကပြောပါတယ်။ ကျမက ပုစွန်သုပ်ရယ် အစိမ်းကြော် ရယ်တစ်ပွဲမှာလိုက်ပါတယ်။ နောက်ပင်လယ်စာ စားမယ်လုပ်တော့ အများကြီးဆိုကုန်မှာမဟုတ်ဘူးနော်လို့ ကျမက ပြောတော့ ဆိုင်က ကလေးမလေးက နှစ်ယောက်ထဲဆို ပွဲဝက်လုပ်ပေးမယ်ပြောတာနဲ့ ပြည်ကြီးငါး တစ်ပွဲ ကင်းမွန် သုတ်တစ်ပွဲမှာလိုက်ပါတယ်။ အဲဒီမှာ အငယ်လေးက “ မမ ကျနော်ဘီယာတစ်လုံးလောက်သောက်မယ်နော်”လို့ပြောတော့ ကျမက ခေါင်းငြိမ့်ပြလိုက်တဲ့အခါ ဆိုင်က ကလေးမလေးကို သူက “ကျားစီးမယ်”လို့ပြောလိုက် ပါတယ်။ ထိုင်နေရင်း ကျမတို့နှစ်ယောက်သူ့အကြောင်းကိုယ်အကြောင်းပြောကြ ခေတ္တဝေးကွာနေတဲ့ကိုယ့်မြို့အကြောင်းပြောကြ၊ အစောက ဓါတ်ပုံရိုက်တုံးက ဖီလင်တွေပြောလို့မှ မဝခင် ထမင်းတွေဟင်းတွေရောက်လာပါတယ်။ […]


“စစ်ကိုင်း ဆွမ်းဦးပုညရှင်မှ ပန်းချီပညာရှင်”   ပြီးခဲ့တဲ့ ရက်က ပြည်ပက မိတ်ဆွေတစ်ယောက်မန်းလေးကို အလည်ရောက်လို့လာပါတယ်။ သူက စစ်ကိုင်းတောင်ကို သွားချင်တယ်ဆိုတာနဲ့ လိုက်ပို့ပေးပါတယ်။ ဆွမ်းဦးပုညရှင်စေတီတော်ပေါ်ရောက်တဲ့အခါ မိတ်ဆွေကဘုရားဝတ်ပြုနေချိန် ကျနာ်ကတော့ လှည့်ပါတ်ပြီး လက်ဆော့ဘို့ ကောင်းတာလေးကိုရွေးနေမိပါတယ်။ ဟိုရက်က မိုးတွေအရမ်းရွာထားတော့ သစ်ပင်တွေကသန့်ရှင်းစိုလက်။ နေလည်ခင်းဖြစ်ပေမယ့်ဆောင်းအစမို့ မြူမူန်မူန်။ စိတ်မချမ်းမြေ့စရာကောင်းတာကတော့ မြစ်အလည်ခေါင်မှာတောင်သောင်ထွန်းနေတဲ့ ဧရာဝတီ။ အဲလိုကြည့်နေရင်းက စေတီတော်တောင်ဘက်စောင်းတန်းအနောက်ဒေါင့်ကိုရောက်လာပါတယ်။ စေတီတော်အရိပ်က ရင်ပြင်တော်ကကျောက်ပြားပေါ်ရွှေရောင်အလင်းစက်တွေ ကျရောက်နေတာရိုက်နေတုန်း အကျှီင်္အဖြူ နုတ်ခမ်းမွှေး စစနဲ့လူတစ်ယောက်က ကျနော့်ကို ပြုံးကြည့်နေပါတယ်။ သူ့ကိုကျနော်လဲ ပြန်ပြုံးပြရင်း အလှည့်အကြည့် သူကျောဖက်မှာချိတ်ဆွဲထားတဲ့ ပန်းချီကားများစွာ။ ရောင်စုံပန်းခင်းကြီးခင်းထားသလို လှပလိုက်ပါတဲ့ ရေဆေးကားတွေ။ အောက်ဖက်မှာတော့ အခရိုင်းလစ်ဆီဆေး ပန်းချီကားများ။   ဘေးဘက်မှာတော့ ဓါးခြစ်ပန်းချီကားများ။ ကျနော်က သူကို ဒီပုံတွေရိုက်ခွင့်ရမရ ပြောတော့ […]


“လှေပျက်နဲ့ အတူ ခရီးဆက်ခဲ့ကြသူများ …………….”   ပြီးခဲ့တဲ့ တနင်္ဂနွေက ကိုသောင်းတို့ရုံးက ဝန်ထမ်းဆုပေးပွဲလေးကို ကျနော်ရောက်သွားပါတယ်။ အလုပ်မပျက်တဲ့သူ စည်းကမ်းလိုက်နာသူ အလုပ်ကြိုးစားသူ အလုပ်ပေါ်မှာစေတနာထားသူ ဆိုတဲ့ဂုဏ်ပုဒ်နဲ့ပြည့်စုံတဲဝန်ထမ်းတွေကို ဆုပေးတာပါ။ အဲဒီပေးတဲ့ဆုထဲမှာ တန်ဘိုးအကြီးဆုံးကတော့ မြေကွက်ပေါ့။ လုပ်သက်ဆယ်နှစ်ကျော်ရှိပြီး ရိုးသားကြုးိစားတဲ့ ဝန်ထမ်းငါးယောက်ကို တစ်ကွက်ကို သိန်းတစ်ရာ့ငါးဆယ်လောက်တန်တဲ့ မြေကွက်တစ်ကွက်စီပေးပါတယ်။ ပေခြောက်ဆယ်-ပေတစ်ရာကွက်တွေပေးတာပါ။ မြို့ပေါ်မှာတော့ မဟုတ်ပါဘူး၊။ သူတို့ လုပ်ငန်းခွင်က တာဝန်ယူပြီးဆောက်နေတဲ့လုပ်ကွက်နဲ့သိပ်မဝေးတဲ့ ရွာထဲမှာပေါ့။ အခုတော့ရွာ နောင်မှာတော့  အမြန်လမ်းမကြီးနဲ့ ဆက်သွားရင် စည်ကား လာဘို့ အလားအလာရှိတဲ့နေရာဆိုရင်လဲမမှားပါဘူး။ လေးငါးနှစ်လောက်တော့ စောင့်ရမှာပေါ့နော်။ ဘယ်လိုဘဲပြောပြော ကိုယ်ပိုင်အိမ်ယာလေးတစ်ခုပို်င်ဆိုင်သွားတယ်ဆိုတော့ အတိုင်းမသိဝမ်းသာနေကြတာကို မြင်နေရပါတယ်။ ပွဲမပြီးခင်မှာ ကိုသောင်းက ကျနော်ကို မပြန်နဲ့အုံးနော်ဆိုတာနဲ့ ကျနော်လဲ လူရှင်းတဲ့ ဒေါင့်လေးတစ်ခုမှာ ထိုင်နေလိုက်ပါတယ်။ ************************************************   […]


“ နည်းနည်းလေးဘဲ လျှော့ကြည့်စမ်းပါ” ရီစရာလေးတစ်ခုလို့ပြောရင်ရနို်င်တဲ့အဖြစ်အပျက်လေးကိုကြားလိုက်ရတဲ့အခါ ကျနော့်ခေါင်းထဲမှာတော့ တွေးစရာတွေအများကြီးရလာခဲ့ပါတယ်။ ကျနော်မိတ်ဆွေကိုအောင်မောင်းက လူသုံးကုန်တွေဖြန့်တဲ့ကုမ္ပဏီကဝန်ထမ်းပေါ့။ ဒါအကြောင်းလေးကလဲ သူပြောပြလို့သိရတာပါ။ ပြောရရင်တော့ မဆုံးနို်င်သောအကြွေးဇာတ်လမ်းလေးပါဘဲ။ ကျနော်တို့မြန်မာနို်င်ငံရဲ့အရောင်းအဝယ်လောကရဲ့ နေ့စဉ်ဖြတ်သန်းမူ့ကအကြွေးစံနစ်ပါဘဲ။ စူပါမက်ကက်တွေနဲ့ စားသောက်ဆိုင်ကြီးတွေကလွဲရင်အားလုံးအကြွေးပါဘဲ။ စားသောက်ဆိုင်ဆိုတာတောင်မှ အရပ်ထဲမှာဖွင့်တဲ့စားသောက်ဆိုင်လေးတွေမှာ တောင်အကြွေးပေးရတတ်ပါသေးတယ်။ စားသောက်ပြီးခါမှ “ညနေအိမ်ကလူ အလုပ်ပြန်လာရင်ပေးမယ် မှတ်ထားလိုက်တော့” ဆိုပြန်ရင်လဲအကြွေးပေးလိုက်ရတာပါဘဲ။ ရပ်ကွက်ထဲက ကုန်စုံဆိုင်ကို “အမေက ဆန်တစ်ပြည်ပေးလိုက်ပါတဲ့ ညနေကျရင်ပေးမယ်တဲ့”လို့ ကလေးလွှတ်ပြီးယူခိုင်းရင်းလဲ ရောင်းချင်နေတော့ပေးလိုက်ရတာပါဘဲ။ “ကုန်ကတော့ တွဲရှိတုံးတင်ချင်တာ အရင်အကြွေးကတော့နောက်လေးငါးရက်နေမှ ပေးနိုင်မှာ” လို့ဆိုပြန်ရင်လဲ ကိုယ်က ရောင်းချင်နေတော့ အကြွေးပေးလိုက်ရတာပါဘဲ။ အခုခေတ်မှာတော့ အကြွေးမှ မရောင်းဘူးဆိုရင် ပစ္စည်းများများ မကုန်နိုင်ပါဘူး။ တယ်လီဖုန်းကနေ ကုန်အမှာအော်ဒါတွေတက်ရင်လဲအကြွေးပါဘဲ။ အရောင်းသမားလေးတွေ ပစ္စည်းလိုက်စပ်ရင်လဲအကြွေးပါဘဲ။ သူုတို့လိုချင်တဲ့ ကုန်ကတော့အရင်ချပေးထား နောက်မှ ပိုက်ဆံလိုက်ကောက်ပေါ့။ ဒါကတော့ မြန်မာပြည်ကြီးရဲ့နေ့စဉ်ဖြတ်သန်းနေရတဲ့ကုန်သည်များရဲ့ဘဝပါဘဲ။ *************************************************** […]


“ဝင်စားမိမှား” တစ်ခါတစ်လေ စိတ်ပျင်းတဲ့အခါ အလုပ်ပါးတဲ့အခါ ရုံးက လုပ်ဖော်ကိုင်ဘက် ကလေးတွေနဲ့စကားစမြည်ပြောဖြစ်ကြပါတယ်။ အများအားဖြင့်တော့ သူတို့ပြောတာကို ကိုယ်က နားထောင်ရတာများပါတယ်။ တိုးတက်ပြောင်းလဲမူ့တွေက ဖျပ်ကနဲဖျပ်ကနဲ လျပ်ပြက်လိုက်သလို မြန်ဆန်လွန်းတဲ့ အခုခေတ်ကာလမှာတော့ သက်ငယ်စကား သက်ကြီးကြား ဖြစ်သွားပါပြီ။ သူတို့လေးတွေရဲ့အမြင်အသိတွေကလဲ ကျနော်တို့ ငယ်ငယ်ကလို ထုံအအ မဟုတ်ဘဲ ချက်ဆိုတာနဲ့ မီးတောက်ရုံမက အားလုံးပြာကျပြီးသားဆိုလောက်အောင်ကို အိုင်ကျူတွေကလဲ မြင့်တာကိုး။ သူတို့လေးတွေနဲ့စကားပြောမှ ကိုယ်မသိတာတွေအများကြီးဆိုတာသိလာသလို ကိုယ်မကြည့် မမြင်ရပေမယ့် သူတို့ပြောပြတာနားထောင်ရင်းကိုယ်သိလိုက်ရတာလဲ အများကြီးပါဘဲ။ တီဗွီက ဟိုဟာလာတယ် ဒီဟာလာတယ်ဆိုတာကို ကိုယ်က စောင့်မကြည့်ပေမယ့် သူတို့ပြောပြလို့ ဒီနေ့ခေတ်စားနေတာ လူတွေစိတ်ဝင်စားနေတာကိုလဲသိလာတာအမှန်ပါဘဲ။ ကလေးတွေနဲ့ပြိုင်တာ အမြဲရှုံးနေတဲ့လူကြီးတွေရဲ့အစီအစဉ်မှာ တင်ဆက်သူရဲ့ လေသံနဲ့အမူအရာတွေက ကထပ်နေတာမထူးဆန်းတော့တာ။ ပိုက်ဆံတွေရွေးခို်င်းတဲ့အစီအစဉ်ကလဲ ရင်ခုန်စရာမကောင်းတော့တာ။ အစီအစဉ်တင်ဆက်သူလုပ်နေတဲ့ယောကျာ်းလေးအချို့ရဲ့လေယူလေသိမ်းနဲ့ အမူအယာတွေက မိန်းမထက်တောင်နုနွဲ့နေတာ။ အိ်မ်မက်ဆုံရာအစီအစဉ်က ရဲသွေးနောင် […]


“မြန်မာစံတော်ချိန်” ပြီးခဲ့တဲ့သုံးလေးရက်လောက်က နယ်မှာနေတဲ့ မိတ်ဆွေတစ်ယောက်က အကူအညီတောင်းလာပါတယ်။ ကုမ္ပဏီတစ်ခုကနေသူဝယ်ထား တဲ့ကုန်ဘိုးက ငွေသွင်းရမယ့်ရက်ရောက်နေလို့ငွေစိုက်သွင်းပေးဘို့ပါ။ အဲဒါနဲ့ဘဲ ငွေသွားသွင်းပေးရတယ်ဆိုပါတော့။ ကျနော်သွားပေးရတဲ့ကုန်ဘိုးက သိန်းလေးဆယ်ကျော်ကျော်လောက်ပါ။ ဒါပေမယ့် အဲဒီငွေပြည့်မပြည့်စစ်တာကို နာရီဝက်ကျော်ကျော်စောင့်ခဲ့ရပါတယ်။ ငွေလက်ခံတဲ့ကောင်မလေးက ပိုက်ဆံရေလိုက် သူ့ဟန်းဖုန်းက အသံမြည်လာရင်ဖုန်းလေးဖွင့်ပြီး နားထောင်လိုက်။ တအိအိနဲ့ရီလိုက်။ ကျနော်ဘက်လှည့်ပြီး “ဦးလေး ခဏနော်လို့ပြောလိုက်”။ ရေလက်စပိုက်ဆံကို အစ ကနေပြန်စစ်လိုက်။ “ကွမ်……” ဆိုတဲ့အသံလေးမြည်လာရင်ဖုန်းကိုကြည့်ပြီး ခွိကနဲ့ရီလိုက်။ စာပြန်ရိုက်လိုက်။ (ဖုန်းက အင်တာနက်ချိတ်ထားပုံရပါတယ်) ကျနော်ကို ခဏနော်လို့ပြောလိုက်နဲ့ ဖုန်းလေးပွတ်လိုက်နဲ့ဆိုတော့ စက်နဲ့ပိုက်ဆံစစ်တာ ဆယ့်ငါးမိနစ်လောက်နဲ့ပြီးရမှာကို နာရီဝက်လောက်ကြာသွားပါတယ်။ ကျနော်အလုပ်လုပ်ရမယ့်အချိန်တွေလျော့ပါးလို့သွားပါတယ်။ *********************************************************** ကျနော့်လက်ကိုင်ဖုန်း ဟန်းဆက်က အတော်လေးစုတ်နေတော့ နောက်တစ်လုံးအသစ်လဲလိုက်ပါတယ်။ ဟန်းဆက်အဟောင်းထဲမှာ ထည့်ထားတဲ့ “ ဖုန်းမြည်သံ “လေးတွေကို ကျနော် အတော်လေးသဘောကျတဲ့ တီးလုံးလေးတွေပါ ပါတယ်။ ဖုန်းအဟောင်းထဲက […]


“စွဲလမ်းတဲ့သံယောဇဉ်”     မနေ့ညနေခင်းက မိသားတစ်စု လမ်းလျောက်ထွက်ကြတဲ့အခါ အနောက်ကျုံးလမ်းမှာ ခိုလေးတွေကိုအစာကျွေးနေကြတာကိုမြင်တော့ ကျမသားလေးက ခိုစားကျွေးချင်တယ်လို့ ပူဆာပါတယ်။ ဒါနဲ့ဘဲ ခိုစာငါးရာဘိုးဝယ်။ ခွက်ကလေးကိုသားလက်ထဲ ထည့်လိုက်တော့သားလေးက ခိုတွေကိုအစာကျွေးရင်း ပျော်ရွှင်လို့နေပါတယ်။ သားလေးခိုစာကျွေးနေတာကိုကြည့်နေတဲ့နေရာနဲ့မနီးမဝေး ကျုံးနံဘေးနားက သံတိုင်လေးပေါ်မှာ အညိုနုနုလေးနည်းနည်းစွက်ထားခိုဖြူလေးတစ်ကောင် နားနေတာတွေတော့ လွန်ခဲ့သော အနှစ်နှစ်ဆယ်လောက်က ခိုဖြူလေးတစ်ကောင်ကျမတို့အိမ် ခြံစည်းရိုးပေါ်မှာနေ့စဉ်နေ့တိုင်းလာနားနေတာကို ပြန်မြင်ယောင်မိပါတယ်။ အဲဒီခိုဖြူလေးက ကျမတို့ ဘဝနဲ့ဆက်စပ်နေခဲ့တာအမှန်ပါဘဲ။   ဇာတ်ကြောင်းလှန်ရရင်ဖြင့် ကျမတို့မွေးရာဇာတိကတော့ မြစ်ကြီးနားရထားသံလမ်းရိုး နံဘေးက ရွာမကမြို့မကျဒေသလေးကဘဲဆိုပါစို့။ ကျမတို့ မေမေရဲ့အမေ ကျမတို့ဖွားဖွားကရှမ်းလူမျိုးပါ။ ဖွားဖွားက အိမ်ထောင်ရေးကံဆိုးပါတယ်။ သားသမီးလေးယောက်အရမှာ အင်မတန်မှစိတ်သဘောထားကောင်းမွန်တဲ့ကျမတို့အဖိုးက ယာခုတ်ရင်းခြေထောက်ကိုငုတ်စူးရာကနေ ပိုးဝင်ပြီးအနာကြီးဖြစ်လာပါတယ်။ အဲသဟာကိုဆေးမြီးတိုနဲ့ကုရင်း ဟိုအရွက်လေးအုံဒီအရွက်လေးအုံကနေ                ဗြုန်းဆိုဆုံးသွားခဲ့တာပါ။ တောအရပ်တောဒေသဆိုတော့မေးခိုင်ပိုးတွေဘာတွေနားမလည်တာလဲပါတာပေါ့။ အဖိုးဆုံးတော့  သားသမီးလေးယောက်ကျန်ခဲ့ပါတယ်။ ကံဆိုးချင်တော့ ပထမဆုံးသားဦးကလဲ အဖိုးဆုံးပြီးမကြာခင်မှာ ကျောက်တူးမယ်ဆိုသွားလိုက်တာ […]