“ဘထက်ချိုင့်  (ဗ)”   ပုရွက်ဆိတ်အုံ တုတ်နဲ့ထိုး ရှင်တော်တော်ဆိုး။   ပျားအုံကို တုတ်နဲ့ဆွ ရှင်တော်တော် အ။   ခါချဉ်အုံ တုတ်နဲ့ရိုက် ရှင်တော်တော်မိုက်။     ဟိုဝင်တိုက် ဒီဝင် တိုက် တကယ်တော့ ရှင်ဟာ  ဘထက်ချိုင့်။     ကိုပေါက်လက်ဆောင်အတွေးစဉ် 10716                          


“ပုန်းနေတဲ့ အလှတရား ” ဘဝဆိုတာ အမြဲသာယာနေတာတော့မဟုတ်ဘူးလေ။ ချစ်ခြင်း မုန်းခြင်း ခြင်းပေါင်းများစွာနဲ့ ပွေလိမ်တုပ်။ ရှုပ်သလိုလိုနဲ့ ရှင်း။ ရှင်းသလို လို နဲ့ ရှုပ်။ မြုတ်ကွယ်နေတဲ့ အလှတရားကို မြင်အောင်ကြည့်နို်င်မှ စိတ်ချမ်းသာပါမယ်။     ကိုပေါက်လက်ဆောင်အတွေးစဉ် 28616  


“မဲ့” ဘဝအထွေထွေမှာ တချို့က နေစရာမဲ့ တယ်။ တစ်ချို့ က စားစရာမဲ့တယ်။ တစ်ချို့က အသပြာမဲ့တယ်။ တစ်ချို့က ဂုဏ်မဲ့တယ်။ တစ်ချို့က သိက္ခာမဲ့တယ်။ တချို့က အရှက်မဲ့တယ်။ တစ်ချို့က သစ္စာမဲ့တယ် တစ်ချို့က ခံစားချက်မဲ့တယ်။ တစ်ချို့က ကိုယ်ချင်းစာတရားမဲ့တယ်။ တစ်ချိိုက ကိုးကွယ်ရာမဲ့တယ်၊ တစ်ချို့က အတွေးအခေါ်မဲ့တယ် တစ်ချို့က အဆင်ခြင်မဲ့တယ် တစ်ချို့က အကြောက်တရားမဲ့တယ် တစ်ချို့က …………. တစ်ချို့က ……………… သူများတွေကိုသာစဉ်းစား ငါကိုယ်တိုင်ကရော ဘာတွေများမဲ့နေသလဲ တွေးရင်းတွေးရင်း မူးချာပါတ်ချာလည်။ ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၅၆၁၆


” ဝေး ” ဘဝ ဆိုတာ တစ်ခါ တစ်ခါ ပါတ်ကြားအက် နေတဲ့ မြေလိုဘဲ နီးနီးလေး ပေမယ့် ဝေးကွာ တစ်လွှာစီ ကွာခြား လားရာတွေ မတူညီသလိုပါဘဲ။   ကိုပေါက်လက်ဆောင်အတွေးစဉ်။ ၃၆၁၆  


” အဖုံး နဲ့  အဖွင့်”   ဖုံး  ထားတဲ့အိုး လူမျိုး  တစ်ရာ့တစ်ပါး စိတ်ဝင်စားစွာ အထဲမှာဘာတွေရှိ သိချင်မိ။     ဖွင့်ထားတဲ့အိုး အမျိုးမျိုးအထွေထွေ အထဲမှာ ဘာတွေရှိ မည်သူမှစိတ်မဝင်စား ကြည့်မည့်သူမရှိ။     ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၁၅၁၆    


“မသိစိတ်ထဲကကြောက်စိတ်”   မဖုံးနိုင် မလုံ အုံပွင့် ပြောချင်သလိုပြော ဖောချင်သလိုဖော ကိုယ့်စကား ဘယ်ဆီရောက်တယ် မသိ။ အဲသဟာ အဲ့ဒါလေးကြောင့်ပေါ့။     ကိုပေါက်လက်ဆောင် အတွေးစဉ် ၃၁၃၁၆      


“ဆုံမှတ်   လမ်းခွဲ” သွားသူ နဲ့ လာသူ   တူညီ စုံရပ်   ဆုံမှတ်လို့ အမည်တွင်   ပျော်ရွှင်ခြင်းနေရာ။   ပြန်သူ နဲ့ ကျန်ရစ်သူ   မတူ စိတ်ဝမ်း   ကိုယ့်လမ်းကိုယ်သွား   ဝမ်းနည်းခြင်းအမှတ်သား   လမ်းခွဲ သောနေရာ။       သက်မဲ့သစ်ပင်   သူဘာသူနေသဟာ   အမူ့ပွေလာအောင်   လူတွေကဘဲလုပ်ကြသည်။   ကိုပေါက်လက်ဆောင်အတွေးစဉ်   ၃၂၁၆  


“ကျနော်ပျောက်ဆုံးနေတဲ့အရာ”   စားရေး နေရေး သွားရေး လာရေး အချိန်တွေးပေး အေးဆေးနေမရ ထိစပ် ပါတ်သက်သမျှကို မပြုံးချင်လဲ ပြုံး ပြုံး ချင်လဲပြုံး အဲလိုပြုံးပြုံးနေရင်း ပြုန်းတီးပြီး ပျောက်ဆုံးသွားတာက ဟော့ဒီကလေးပြုံးသလို ရိုးသားတဲ့အပြုံးတွေပေါ့။   ကိုပေါက်လက်ဆောင်အတွေးစဉ် 31-1-2016  


“မမေ့ဘို့” အချို့က ယုံကြည်ချက်အရ အချို့ကတော့ ကိုယ်ကျိုးသက်သက် အချို့က အများအရေး အချို့က တော့စီးပွားရေးအရ အချို့က အပျော်သဘော အချို့ကတော့ ယောရိယောရာ အချို့က ဖျာခင်း အချို့ကတော့ သာလို့ပူး မထူးခြားတဲ့အခြေအနေမှ ပြောင်းလဲခြင်းဘဝ ှ စလုံးရေ စမယ်ကြံဆဲ “အတော်ကိုပြဲအောင်လုပ်မှ တန်ကာကျမယ်” ဆိုတဲ့စကားမေ့မထားဘို့တော့လိုပါတယ်။ ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး ၅ ၁၂ ၁၅


“  အိုကေ နားထား မာယာသမား “   “မာယာ” ဆိုတာ ပါဠိစကားလား ဘာလား ကွဲကွဲပြားပြား မသိပေမယ့် အထာစကားတွေနဲ့ ဘာညာ ဘာညာ လာလှည့်စားရင် “မာယာတွေများတယ်”လို့ ဆိုပါတယ်။   ဟိုရှေးကဆိုစကား “မိန်းမ မာယာ သဲကိုးဖျာ”ဆိုသဟာကို ခပ်ငေါ့ငေါ့နဲ့ ချေပ “မောင်တို့ယောက်ျားတွေများကျတော့ သဲကိုးဖျာတောင်မလောက်ပါတယ်”တဲ့။ မအေးမြင့် ပြောမယ်ဆိုလဲ ပြောချင်စရာဗျာ ပလီတိရယ်မှ ပလာတာ ညာချင်သလိုညာ ရေးချင်သလိုရေး ပြောချင်သလိုပြော မှားချင်သလိုမှား များချင်သလိုများ စားချင်သလိုစားခဲ့ကြတဲ့ မောင်တို့ယောက်ျားကြီးတွေက ပြောင်းလဲချိန်တန်ပြီ ဆိုကာမှ ကတိတွေပေးလို့ပေး လက်ဆောင်တွေနဲ့ မျှားလို့မျှား သဘောထားတွေ ပြောင်းလိုပြောင်း ရောင်းတမ်းဝင် မျက်နှာပေးတွေနဲ့ လေချိုတွေသွေးနေပြန်တော့ ဦးချစ်ကောင်းရဲ့စကား ခဏငှားပါအုံးမယ် “သွားစမ်းဘာမာယာဒွေရိုးနေဘီကွာ” “သွားစမ်းဘာမာယာဒွေရိုးနေဘီကွာ” “သွားစမ်းဘာမာယာဒွေရိုးနေဘီကွာ”   […]


“ဘယ် ဘက်မှာ နေမလဲ” ခေတ်တစ်ခေတ်ရဲ့ အပြောင်းအလဲမှာ ကာလပေါ်စကားလုံးများ ဘဝများစွာနဲရင်းနှီး လူထုအတွင်း စီးဆင်းရောက်ရှိ ထိရှတဲ့ဗန်းစကား ကျနော် တို့အားလုံး အလိုလိုသုံးမိကြသပေါ့။ စွန့်လွှတ်ခြင်းနဲ့ဒီမိုကရေစီ ခရိုနီနဲ့ဇီးသီးဗန်း ပုံပြောင်းအစိုးရ-နဲ့ပြည်သူ့ခေါင်းဆောင် ဖုံးကွယ်ခြင်းနဲ့ပွင့်လင်းမြင်သာ စစ်သွေးကြွနဲ့အမျိုးသားနိုင်ငံရေး စစ်လော်ဘီနဲ့ဝန်းရံပြည်သူ ဖွင့်ဆိုချက်မတူ တန်ဘိုးမတူ ရည်ရွယ်ချက်မတူ လားရာမတူ မတူခြားနား စကားလုံးများစွာ ဘယ်ဘက်မှာနေမလဲ ခပ်ရဲရဲ ဆုံးဖြတ်ဘို့ဘဲ လိုတယ်နော်။ ကိုပေါက်လက်ဆောင်အတွေးစဉ် ရ -၅-၂၀၁၅  


“ နှလုံးသား မဲ့ တဲ့ သူ ………..”     သူဟာလေ ………………………………………………………….. တစ်ခါ တစ်ခါ မှာ                     ချစ်တတ်သူ တစ်ခါ တစ်ခါ မှာတော့               ညစ်တတ်သူ တစ်ခါတစ်ခါမှာ                     ရစ်တတ်သူ တစ်ခါတစ်ခါမှတော့                လစ်တတ်သူ တစ်ခါ တစ်ခါ မှာ                    သနားတတ်သူ တစ်ခါ တစ်ခါ မှာ တော့            စားတတ်တဲ့သူ တစ်ခါတစ်ခါမှာ                     ပါးနပ်သူ တစ်ခါတစ်ခါမှာတော့              မှားတတ်သူ တစ်ခါ တစ်ခါ မှာ                    ညှာတဲ့သူ တစ်ခါ တစ်ခါ မှာ  တော့                    […]