hmeeOctober 20, 20112min43424
အစ္စရေးငွေတွေပါ။ ပိတ်ရက်မို့ ကမ်းခြေမှာ လူတွေအပြည့်။ Telaviv ကမ်းခြေပါ။ Telaviv ကနေ Jaffa မြို့ဟောင်းကို မြင်ရတာပါ။ ကမ္ဘာမှာ ဒုတိယ ရှေးအကျဆုံးမြို့ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၅၀၀)က မြို့ပါ။ Jaffa မြို့ဟောင်းဘက်ကနေ Telaviv ကို လှမ်းမြင်ရတာပါ။ ကမ္ဘာ့သမိုင်းမှာ သင်ခဲ့ရတဲ့  မြေထဲပင်လယ် ဆိုတာကို အခုလို မျက်မြင်တွေ့ရမယ်လို့ အိမ်မက်တောင် မမက်ဖူးပါဘူး။ အခုတော့ ကမ်းခြေမြို့ ဖြစ်တဲ့  တဲအဗီးလ် ( Tel Aviv)  မှာ နေတာဆိုတော့ မမြင်ချင်အဆုံး အမြဲကို တွေ့နေရတာ။  တဲအဗီးလ်မြို့ဟာ မြေထဲပင်လယ် အရှေ့ဘက်ခြမ်းမှာ တည်ရှိပြီး လူဦးရေ အထူအထပ်ဆုံးမြို့ပါ။  နိုင်ငံရဲ့ စက်မှု၊ စီးပွါးရေး၊ ငွေကြေးနဲ့ ယဉ်ကျေးမှု အချက်အချာကျသော […]


hmeeOctober 19, 20113min34737
ရွှံလူးထားတဲ့သူ။ ရွှံလူးနေတာ။ရေပေါ် ပေါလော ပေါ်နေတာ။ရွှံလူးထားတဲ့လူ။ကမ်ခြေဘက်ကို ရိုက်ထားတာ။ကမ်းခြေစောင့်တဲ။ရေချိုနဲ့ ပြန်ချိုးတဲ့ နေရာ။ ပင်လယ်သေဟာ ရေပိတ်ကန်တခု ဖြစ်ပြီး ပင်လယ်ပြင် sea level အောက် မီတာ ၄၀ဝ နိမ့်ပါတယ်။  ကမ္ဘာ့သဘာဝ ရေနက်အိုင်ကြီးများ အနက်  ပင်လယ်ပြင်အောက် အနိမ့်ဆုံးနဲ့ ဆားအငန်ဆုံးအိုင်ကြီး ဖြစ်ပါတယ်။  လွန်ခဲ့တဲ့ နှစ်ငါးသန်းက ဆီရီးယားနှင့် အာဖရိကမြေပြင်ကြီး နိမ့်ဆင်းသွားရာမှ  ပင်လယ်သေ၏  အောက်ခြေချိုင့်ဝှမ်း မျက်နှာပြင် ပေါ်ထွန်းလာခဲ့တာပါ။  ပူပြင်းသော ဒေသမို့ အမြဲရေငွေ့ပျံ  ဆုံးရှုံးတာကြောင့် ပုံသဏ္ဍန် အမြဲပြောင်းလဲ တတ်ပါတယ်။  အရှည် ၇ဝ ကီလိုမီတာ၊ ၁ရကီလိုမီတာကျယ်ပြီး  စုစုပေါင်း ၁၀၀ဝ စတုရန်းကီလို မီတာ ကျယ်ပါတယ်။  ရေထဲမှာ ဆားဓါတ် အရမ်းများလို့ အရမ်းငန်ပါတယ်။ ကျွန်မတော့ ငန်လွန်းလို့ […]


hmeeSeptember 28, 20111min20514
“အဖေကြီး…..အမေက  ကလေးမွေးခ  ပေးလိုက်ပါဦးတဲ့” “ဟ…ဒီကောင်  ဘယ်နှယ့်ပြောလိုက်တာတုံး” လမ်းမက အော်သံနဲ့   မရှေးမနှောင်း   အိမ်ပေါ်မှာ တီဗွီကြည့်နေတဲ့ အဖေရဲ့ စိတ်ပျက်လက်ပျက် အသံထွက်လာပါတယ်။ “ဒီ..မဲတူဟာလေ  ပြောရော့မယ်” အမေက ပြုံးပြုံးကြီးနဲ့  အလုပ်သမားခ လာရှင်းနေတဲ့ လေးမတင်အေး ဘက်လှည့်ပြောလိုက်တော့ “ပြောမနေနဲ့ မမြိုင်ရေ  ဒီကောင်  ဘာမှနားလည်တာမဟုတ်ဘူး။ ကိုယ်ပြောတာ ဘယ်ရောက်လို့ ဘယ်ပေါက်မှန်း  မသိဘူး။” “မသိတဲ့လူက  ငါနဲ့ပဲ မွေးလို့ အခလာတောင်းသလိုလို  တကဲ့ကောင်”  အိမ်ပေါ်ပြတင်းပေါက်မှာ  ရပ်ပြီး  မီးဖိုရှေ့ တန်းလျှားမှာ ထိုင်နေတဲ့ အမေတို့ကို ငုံကြည့်ပြီး ပြောပါတယ်။ “ဟဲ့..ကောင်လေး…ဒီဘက်ကိုလာ”  အိမ်ရှေ့ ခြံစည်းရိုးမှာ ရပ်နေလို့ မီးဖိုဖက်ကို လာဖို့ အမေက လှမ်းခေါ်။ ဒါတောင် ခြံထဲ ဝင်မလာပဲ ရပ်နေလို့ […]


hmeeSeptember 13, 20111min23015
“အမ… အစ်ကိုရှိလား” ခြံဝကနေ မီးဖိုချောင် ဝင်ပေါက်တံခါးဘောင်ကို မှီပြီးရပ်နေတဲ့ အမေ့ကို မြင်ပြီး လှမ်းမေးတာပါ။ အမေက ခေါင်းငြိမ့်ပြတော့ ခြံထဲလှမ်းဝင်လာပါတယ်။ အိမ်အောက်ဖက် တန်းလျားမှာ အဖေထိုင်နေပေမဲ့  အရှေ့ဘက် လမ်းမကနေ ဖုန်မဝင်အောင် ကာထားတဲ့ ထရံကွယ်နေလို့ မမြင်ရပါဘူး။  “ဘယ်သူတွေတုံး” အဖေကလည်း ဝင်လာတဲ့ လူတွေကို မြင်ရအောင် တန်းလျားလက်တင်ကို   လက်ထောက်ကာ  ကဲကြည့်ပြီး မေးတော့ “ အစ်ကို ကျွန်တော်တို့ပါ”  ပြန်ဖြေရင်း  အုတ်ခုံပေါ်လှမ်းတက် အဖေ့မျက်နှာခြင်းဆိုင် တန်းလျားမှာ  ဝင်ထိုင်ပါတယ်။  “ဘာကိစ္စ ရှိလို့တုံး”    “ဘာမှတော့  အထွေအထူး ရှိပါဘူး။  အစ်ကို့ မတွေ့တာ ကြာလို့  ဝင်လာတာ”   “နင်… အရှေ့ကမ်း  ရွှေ့သွားပြီဆို”   အသစ်ထပ်ခတ်လာတဲ့ ရေနွေးကြမ်းအိုးကို ချရင်း အမေကမေးတော့  […]


hmeeAugust 31, 20111min33916
အိမ်ရှေ့ခန်းမှာ အဖွားကြီးတသိုက် ချိန်ခွင်တခုနဲ့ အလုပ်တွေ ရှုပ်လို့။ “ကလေးအင်္ကျ ီတထည် ထပ်ပေးဦး” “ဘယ်ဟာ ပေးရမတုန်း”  “မူးစိ အင်္ကျ ီဖြစြ်ဖစ် တထည်ထပ်ပေးဟယ်” ချိန်ခွင်ထဲကို ထပ်ပေးတဲ့ အင်္ကျ ီ ထည့်လိုက်တော့ ချိန်ခွင်လျှာက ဒီဘက်က သာပြန်ရော။ သူတို့ဘာသာသူတို့ တိုးလိုက် လျှော့လိုက်နဲ့ ခဏနေတော့ အဆင်ပြေသွားပါတယ်။ ဒီဘက်ဘေးကို လှမ်းကြည့်လိုက်တော့ ဦးလေးကြီးက ဧည့်သည်တွေနဲ့ စကားပြောနေတယ်။ “ဟေ့ကောင်တွေ.. အဲ့ဒီ  ရေဗူးတွေ ဒီထဲလာထည့်ပါကွ ဒီမှာ မပြည့်သေးဘူး” မောင်လေးနဲ့ သူ့သူငယ်ချင်းတွေ အပြန်အလှန်ပြောသံ အလုပ်လုပ်နေတဲ့ အသံတွေက တချက်တချက် အိမ်ပေါ်ကို ပြန့်လွင့်လာပါတယ်။  ညီမလေးကတော့ အိမ်ရှေ့ထွက်လာလိုက် နောက်ဖေးဘက် ပြန်ဝင်သွားလိုက်နဲ့ ဘာတွေ အလုပ်ရှုပ်နေမှန်း မသိပါဘူး။ ကိုကြီးကတော့ ကားတွေယူဖို့  […]


hmeeAugust 25, 20111min24214
“သံ…ယော…ဇဉ်   စကားလေး သုံးလုံးတည်းမို့ ညွှန်းဆိုချက်လည်း နည်းတယ်ထင် တကယ်ပင် တွေးကြည့်ပြန်တော့ မသေးတဲ့ အားအင် ကမ္ဘာမြေတခွင်လုံး သိမ်းကြုံးပြုပြင် သူခိုင်းစေသမျှတာဝန် လူတိုင်း နေရတာပင်” တဲ့ စာသားလေးတွေကလည်း အဓိပ္ပါယ်ရှိ ဆိုတဲ့သူကလည်း ဂရုဏာသံလေးနဲ့  ကောင်းလိုက်တဲ့ သီချင်းလေးပါ။ တကယ်ကိုပါပဲ စာလုံးလေးက သုံးလုံးတည်းမို့ အထင်မသေးနဲ့  သူ့ရဲ့ နှောင်ဖွဲ့တတ်တဲ့ အားကတော့ မည်သူမဆို ရုန်းထွက်ရန် အင်မတန် ခက်လှပါတယ်။ လူလူခြင်း၊ လူနဲ့ တိရိစ ္ဆာန်၊ တိရိစ ္ဆာန် နဲ့ တိရိစ ္ဆာန်ခြင်း သံယောဇဉ်နှောင်ကြိုး ထုံးဖွဲမိပြီ ဆိုမှတော့  အတူတူနေတော့ ပိုပြီးရစ်ပတ်  ကွဲကွာ ခွဲခွာ ပြီ ဆိုတော့လည်းမလွယ်  သံယောဇဉ် အတိမ်အနက်ကို လိုက်လို့ ခံစားရမှာ မလွဲပါဘူး။ […]


hmeeAugust 4, 20111min21615
ပြီးခဲ့တဲ့ ရက်က ညီမလေးနဲ့ ဂျီတော့မှာ  စကားပြောဖြစ်တယ်။ ကျွန်မ ထွက်လာစ ကတည်းက ဒါဟာ ပထမဆုံး တွေ့ဆုံခြင်း။ အမေ့မောင် အကြီးဆုံးရဲ့သမီးမို့ ကျွန်မနဲ့  တဝမ်းကွဲ  တော်သူစပ်သူပါ။  ရောက်တတ်ရာရာ စကားတွေ ပြောနေရင်း သူက “အမေမမြိုင်တို့  တမြန်နေ့က  အမေကြီးဆီ သွားကြတယ်”တဲ့။ ကျွန်မ အမေကို တမျိုးလုံးက ကလေးတွေက အမေမမြိုင်လို့ ခေါ်ပြီး အဖေ့ကိုတော့ အဖေကြီးလို့ ခေါ်ကြတယ်။ “ဟဲ့….ဘာဖြစ်လို့တုံး” “အမေကြီး နေသိပ်မကောင်းဘူးပြောတယ်” “ ငါပြန်လာရင် တွေ့မှ တွေ့ရပါဦးမလားဟယ်” “ပြောမရဘူးလေ အသက်က တအားကြီးနေပြီဟာကို” တဲ့။ ကျွန်မလည်း စိတ်ထဲမှာ တမျိုးကြီး ခံစားရပြီး စာဆက်မရိုက် နိုင်တော့ဘူး။ သူလည်း ဘာဖြစ်သွားလည်းမသိ ဆက်မပြောတော့ပဲ ideal ဖြစ်သွားတယ်။ […]


hmeeJuly 28, 20111min27219
ကျွန်မ စာရေးတဲ့အခါ အပြင်မှာ တကယ်ရှိတဲ့ လူတွေအကြောင်း၊ တကယ်ကြုံတွေ့ခဲ့  ရတဲ့အကြောင်းတွေပဲ ရေးပါတယ်။ စိတ်ကူးယဉ်ထားတဲ့ အကြောင်းတွေ မဟုတ်ပါဘူး။ ကျွန်မက စိတ်ကူးယဉ်တယ်ဆိုတဲ့ နေရာမှာ အင်မတန်ညံပါတယ်။ အရာရာကို ယနေ့အထိ  လက်တွေ့ကျကျ တွေးတတ်၊ ပြောတတ်၊ လုပ်တတ်တာမို့ စိတ်ကူးယဉ် ဆန်တာတို့ ဘာတို့မှာ အတော်ရှော်တာပါ။ အခုပြောမဲ့ အကြောင်းကလည်း ကျွန်မဦးလေး တကယ်ကို ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။ ကျွန်မ အမေရဲ့ မောင်အငယ်ဆုံး အမေနဲ့ တခြံတည်း နေတဲ့မောင်ရဲ့ အကြောင်းပါ။ အဖွားရဲ့သား အငယ်ဆုံးမို့ အိမ်ထောင်ကျတော့လည်း အဖွားနဲ့ အတူနေတာပါ။ ကျွန်မအမေက အိမ်ထောင်ကျပြီး အိမ်ခွဲတော့ အဖွားနဲ့ အဝေးကြီး မခွဲချင်။ တိုက်တိုက်ဆိုင်ဆိုင် ဘေးက ခြံကရောင်းမယ် ဆိုတော့ ဈေးတောင်မစစ်ပဲ ဝယ်ပြီး […]


hmeeJuly 19, 20111min26720
တရက်တရက် သားကို ကစားကွင်း လိုက်ပို့တိုင်း အမှတ်မထင်ရော အမှတ်ထင်ထင်ရော တွေ့နေတာလေးတွေ ရှိပါတယ်။ ပိတ်ရက်တိုင်း မိဘတွေက ကလေးတွေကို  မဖြစ်မနေ ကစားကွင်း လိုက်ပို့တာကိုပါ။ ကစားကွင်းဆိုတာကလည်း သိတဲ့အတိုင်း နှစ်လမ်း သုံးလမ်း ခြားမှာ တခုလောက် ရှိနေတာကိုး။ တချို့ ကစားကွင်းမှာဆို လူကြီးတွေ ကလေးထိန်းရင်း  အားကစားပါ လုပ်လို့ရသေးတာ။ ကလေးကို  လူကြီး ခါးသာသာ ရှိတဲ့ သံပန်းပတ်လည် ကာထားတဲ့ ကလေး ကစားကွင်းထဲမှာထည့် တံခါးပိတ်ပြီး မိဘက ကလေးရှေ့ အားကစား လုပ်လို့ရသေးတာ။ ကလေးကလည်း သူ့ဘာသာဆော့ လူကြီးလည်း လုပ်ချင်ရာလုပ်။ ကလေးလဲမှာလား မပူနဲ့ ကလေးကစားကွင်း အခင်း( သံဇကာကာထားတဲ့နေရာ)က ရာဘာလို အစသေးသေးလေးတွေကို ခင်းထားတာ။ မသိရင် ကတ္တရာခင်းလိုပဲ။ သားရည်သားမို့ […]


hmeeJuly 14, 20111min2239
ဒီနေ့တော့ မုန်လာဥ အချဉ်ဟင်းလေးချက် ငံပြာရည်ကြော်လေး ကြော်စားမယ် အာရုံရလို့ ရေခဲသေတ္တာဖွင့် ခေါင်းဝင်ပြီး မန်ကျည်းမှည့်ထုတ် ရှာရတယ်။ စုံစိနဖာ ဗြုတ်စဗျင်းတောငိး ထည့်ထားတာမို့ အတော်လေးကို ရှာယူရတယ်။ မန်ကျည်းမှည့်ထုတ်၊ ငါးခြောက်ထုတ်၊ ပုစွန်ခြောက်ထုတ်၊ ပုန်းရည်ကြီးထုတ်၊ ချဉ်ပေါင်အခြောက်ထုတ်၊ လက်ဖက်ထုတ် ရှားပါး ပစ္စည်းတွေ စုထည့်ထားတဲ့ အံရဲ့ အောက်ခြေ ထောင့်မှာ ကပ်နေတယ်လေ။ အထုတ်က သေးနေပြီမို့ ကြားညှပ်ကာ ပျောက်နေတယ်။ စားချင်တဲ့ အချိန်သာ ပြူးပြဲရှာပြီး ကျန်တဲ့အချိန် မေ့နေလို့ ဘယ်လောက် ကျန်မှန်း သတိမထားမိဘူး။ အထုတ်မြင်မှ အတော်သေးနေပြီးမှန်း သိတယ်။ မန်ကျည်းမှည့်ကတော့ အိန္ဒိယဆိုင်မှာ ဝယ်လို့ရတယ်။ အဲ…ဒီမန်ကျည်းမှည့်လိုတော့ တန်ဖိုးမကြီးတာ အသေအချာပဲ။ ဒါကတော့ မေတ္တာမန်ကျည်းမှည့်လေ။ ရှုပ်သွားပြီ ထင်တယ်။ မန်ကျည်းမှည့်ဟာ မန်ကျည်းမှည့်ပဲပေါ့လို့ […]


hmeeJuly 8, 20111min1799
မနေ့က သူငယ်ချင်းနဲ့ စကားပြောဖြစ်တော့ သူ့မှာ စိတ်ညစ်စရာတွေ၊ စိတ်မောစရာတွေ များလွန်းလို့ ပြောတောင်မပြောချင်ဘူးဆိုပဲ။ ဒါနဲ့ ကျွန်မက ပုံပြင်လေးတပုဒ် ပြောပြလိုက်ပါတယ်။ သိဖူးသူလည်း ရှိမှာပါ။ မသိသူများလည်း သိသွားတာပေါ့။ ပုံပြင်လေးက တခါက ရွာတရွာမှ ယောက်ကျား တယောက်ဟာ နေပူပူကြီးထဲ ခရီးထွက်လာသတဲ့။  လင်မယား ရန်ဖြစ်ပြီး စိတ်ဆိုးကာ မိဘအိမ် ပြန်သွားတဲ့ မိန်းမကို ခေါ်ဖို့ပါ။ နေကပြင်းလွန်းတော့ လမ်းလျှောက်ရတာ အတော်ပင်ပန်းသတဲ့။ လိုက်သာခေါ်ရတာ မိန်းမက လိုက်မှန်းမသိ မလိုက်မှန်းမသိ မသေချာတာမို့ ရင်တွေလည်း ပူပေါ့။ လမ်းခရီးမှာ အရိပ်ကောင်းကောင်း သစ်ပင်တွေ့ပါတယ် ရေချမ်းစင်လေးတောင်ပါရဲ့။ သူလည်း ရေသောက် အမောဖြေပေါ့။ ရေချမ်းစင်ဘေးမှာ မီးသွေးခဲလေး တွေ့တာနဲ့ ရင်ထဲက အပူကို သက်သာလို သက်သာငြား စာတကြောင်း […]


hmeeJuly 1, 20111min24619
“ချောင်းထဲမှာ ကလေးတယောက် ရေနစ်လို့တဲ့ဟေ့” အိမ်ရှေ့လမ်းမမှ အော်သံကြောင့် ရင်ထဲမှာ ထိတ်ခနဲ ခုန်ပြီး လန့်သွားပါတယ်။ မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေတဲ့ ကျွန်မကို စကားလာပြောနေတဲ့  အဒေါ်( အမေ့မောင် အငယ်ဆုံးရဲ့ ဇနီး) နှင့် ကျွန်မ ဘယ်လိုက ဘယ်လို မီးဖိုရှေ့ ရောက်သွားမှန်း မသိပါဘူး။ ဒါဟာ ရွာအတွက် သတင်းဆိုး တခုပါ။ “ဟဲ့…ဘယ်သူ့ ကလေးတဲ့တုန်း” “အပြုံးကလေးလို့ ပြောတယ်ဟေ့ အကြီးကောင်တဲ့” ချောင်းဆီ ဦးတည်ပြေးရင်း လှည့်အော်သွားတဲ့ စကားကြောင့် “အမလေး…”ဆိုပြီး အဒေါ်တယောက် ကတုန်ကရင် ဖြစ်သွားသလို ကျွန်မလည်း အတော် တုန်လှုပ်သွားပါတယ်။ အဒေါ် နာမည်ကလည်း အပြုံးဖြစ်သလို သားကလည်း နှစ်ယောက်ရှိတယ်လေ။ အဒေါ်တယောက် တုန်တုန်ရင်ရင် သားဇောနဲ့ ပြေးတာ ဖိနပ်တောင် မပါပါဘူး။ […]