black chawFebruary 23, 20122min51051
မနေ့က တင်တဲ့ chinese or burmese ရဲ့ ယဉ်ကျေးမှုဖလှယ်ခြင်း ဆိုတဲ့ပို့စ်မှာ ကျွန်တော် ရိုက်ခဲ့ဘူးတဲ့ နိုင်ငံခြားသားစုံတွဲပုံလေးပါလာပါတယ်ခင်ဗျာ။ ရိုက်သူကို အတိအကျ မသိတာ ပို့စ်တင်သူရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဓါတ်ပုံမှာ အမှတ်အသားမထည့်ထားမိလို့ ဒီလိုဖြစ်ရတာပါ။ ဒါပေမယ့် မှတ်ဉာဏ်ကောင်းလှတဲ့ မိုးစက်က လင့်နဲ့တကွ ဘဘဘလက် ရိုက်တာပါလို့ ပြောနိုင်ခဲ့တာကြောင့် ပီတိဖြစ်ရပါတယ်။ တကယ်ကို ကျေးဇူးတင်ပါတယ် တူမတော် မိုးစက်ရေ။ ဒီဓါတ်ပုံလေးကို ဧရာဝတီဘလော့ဂ်မှာလည်း ဖေါ်ပြထားတယ်ဆိုတော့ ကျေနပ်ရပါတယ်။ တစ်ခုစဉ်းစားမိတာက ကျွန်တော်တို့ တင်တဲ့ ပုံတွေမှာ ကျွန်တော်တို့ နာမည်လေးတွေ ထိုးထားသင့်ပြီ ဆိုတာလေးပါ။ ကိုပေါက်ရဲ့ အမြင်လေးကိုလည်း သိချင်ပါတယ်ဗျာ။ ဒီတစ်ပတ် လည်း ချိုပေါ့ကျ လဖက်ရည်အရသာလေးရအောင် ကြိုးစားထားပါတယ်။ လဖက်ရည်ပွဲလေး မစခင် […]


black chawFebruary 19, 20121min39626
ပြည်သူ့နီတိ နှင့် နိုင်ငံသားတို့၏ ဝဲဘက်ရင်အုံ (ရေးသူ – ဇော်သက်ထွေး) ဒီနေ့ထုတ် ပေါ်ပြူလာ ဂျာနယ် မှာ ဖေါ်ပြပါရှိသည့် ဆောင်းပါးဖြစ်ပါတယ်။ ရေးသူ ကိုဇော်သက်ထွေး ထံ ခွင့်တောင်းပြီး တင်ပေးလိုက်ခြင်းဖြစ်ပါကြောင်းနှင့် ခွင့်ပြုပေးသူ ကိုဇော်သက်ထွေးအား ကျွန်ုပ်ဘလက် မှ ကျေးဇူးအထူးတင်ရှိပါကြောင်း…။ မြင်ကွင်း (၁) တာမွေမှာ ၁၄-၂-၂၀၁၂ နံနက်က တကယ် မီးလောင်နေသည်။ နေရာအတိအကျ ပြောရလျှင် ရွှေဗဟိုရ် ရုပ်ရှင်ရုံအနောက်ဘက် ၁၆၄ လမ်းအဆုံး နေရာတစ်ဝိုက်ဖြစ်သည်။ နံနက် ၈ နာရီ ကျော်ကျော်တွင် မီးခိုးလုံးများ စတင်တက်လာသည်။ လူတွေ အမှတ်တမဲ့မို့ မသိသေး။ မိနစ်အနည်းငယ် ကြာတော့ မီးခိုးတွေက ပိုပြီး မည်းတက်လာသည်။ မီးသတ်ကား ဥဩသံ မကြားရသေး။ လမ်းမပေါ်တွင် […]


black chawFebruary 17, 20121min34221
ဒီပို့စ်လေးကို ချိုပေါ့ကျ လို့ ခေါင်းစဉ်ပေးဖြစ်ပါတယ်။ လဖက်ရည် ချိုပေါ့ကျ တစ်ခွက်သောက်ရတဲ့ အရသာမျိုး ရစေချင်လို့ပါ။ သောက်ကြည့်ကြပါ အဲအဲ ဖတ်ကြည့်ကြပါဗျာ။ ကိုပေါက်ရေ။ ဒီတစ်ပတ်ထုတ် ဆဲဗင်းဒေး ဂျာနယ်ထဲမှာ မန္တလေး အာဇာနည် ၁ရ ဦး ဗိမာန် ပြန်လည်ရှင်းလင်းခွင့်ရ ဆိုတဲ့ သတင်းလေး ကို ဓါတ်ပုံနှင့်တကွ ဖတ်ရတယ်ဗျို့။ လာမည့်ဇူလိုင်လ အာဇာနည်နေ့တွင်လည်း ဂုဏ်ပြုနိုင်ခွင့်ရရန် မျှော်လင့်ချက် ပိုအားကောင်းလာသည် လို့ ရေးထားပါတယ်ဗျာ။ ဟုတ်ပါတယ်ဗျာ။ အာဇာနည်နေ့ဆိုရင် မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများ ဆိုတာလောက်ပဲ သိထားကြတာလေးက နည်းနည်းများလွဲနေပြီလား မဆိုနိုင်ပါဘူး။ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ခရီးရှည်ကြီးမှာ အသက်စွန့် တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်တွေကိုလည်း မေ့မထားသင့်ဘူး ပေါ့ဗျာ။ ဗိုလ်ချုပ်ကတော့ အာဇာနည်တို့ ရဲ့ ခေါင်းဆောင်ကြီးပေါ့ဗျာ။ […]