naywoon niSeptember 27, 20111min1185
မဆုံးတဲ့….သီချင်း—၃၂ “ ကျောင်းအပ်မှာဆို မနက်မှလာတော့ လာ လ္ဘက်ရည်သောက်ရအောင်” လို့ပြောပြီး ကောင်မလေးသုံးယောက်ကို လမ်းတစ်ဘက်က စမ်းသီတာ လ္ဘက်ရည်ဆိုင်ကို ခေါ်လာခဲ့တယ်..။ စောစောက စတဲ့ ကောင်မလေးက သဲသဲတဲ့ လေ…။ လ္ဘက်ရည်ဆိုင်ရောက်တော့ မိမာက တစ်စခန်းထပါတော့တယ်..။ “ ဟဲ့ …။ သဲသဲ ရဲ့ နေဝန်းက ငါ့ရဲ့ သူငယ်ချင်းပဲ..။ ဒီထက်မပိုဘူး..။ နင်ကြိုက်ရင်ကြိုက်လိုက်” တဲ့…။ ကောင်မလေးက ရယ်ကျဲကျဲ ပဲ..။ အပြုံးမပျက်ဘူး..။ နေဝန်းနီ ဘက်ကိုလှည့်ပြီး…။ “ ဟုတ်သားပဲ.. ကိုနေဝန်းကြီးက လာရင်း မူးမူးလာတာကိုးဗျ …။ ဟိုက စိတ်ညစ်မှာပေါ့…။” ဆက်စနေသေးတယ်..။ မိမာက “ ဟာ….. ဒီ သဲ စုတ်ပလုပ်မလေးကတော့……။ သူကငါ့ သူငယ်ချင်း..။ သူ့ဖာသာ […]


naywoon niSeptember 14, 20111min892
သုံးယောက်သား အရက်ဆိုင်ကနေ အဆောင်ကိုပြန်ရောက်တော့ ထုံးစံ အတိုင်း ရေချိုး ထမင်းစားပြီးတော့ ကိုမျိုးနဲ့ ကိုမြင့်ဇော်က နောက်တစ်နေ့ ဖြေရမဲ့ စာမေးပွဲ အတွက် စာအုပ်ကိုယ်စီနဲ့ ….စာကြည့်စားပွဲထိုင်နေပြီ..။ နေဝန်းနီ တစ်ယောက်ထဲ ယောင်ချာချာနဲ့ ဘာလုပ်ရမှန်းမသိဘူး…။ စာကျက်စရာကမရှိတော့ဘူးလေ..။ စာမေးပွဲက ပြီးခဲ့ပြီ..။ တစ်ယောက်ထဲ အခန်းထဲပြန်ဝင်ပြီး သိမ်းစရာရှိတာတွေ သိမ်းဆည်းနေရင်း ….။ ညကိုးနာရီလောက်ကျတော့ အမူးနဲနဲပြေသွားပြီ…။ မျက်နှာထသစ် သွားတိုက်ပြီး အိပ်ဖို့ ကုတင်ပေါ်နေရာယူလိုက်တယ်…။ အိပ်လို့မရဘူး…။ အရင်ဆိုရင် ဒီအချိန် စာကျက်ရင်းနဲ့ အရက်ဆက်သောက်နေကျလေ….။ ဟိုတစ်ဘက်ခန်းက ကိုမြင့်ဇော်တို့က တော့ စာကျက်နေတုန်း…။ အဆောင်ထဲမှာလည်း စာမေးပွဲပြီး တာနဲ့ ပြန်ကုန်လိုက်တာ လူအတော်နဲသွားပြီ…။ ကျောင်းသားဆိုလို့ လေးငါးယောက်ပဲ ကျန်တော့တယ်…။ ကျန်တဲ့သူတွေက ဝန်ထမ်းတွေကော ဈေးသည်တွေကော…။ သူတို့က အေးဆေးတယ်…။ […]


naywoon niSeptember 11, 20111min1254
မိမာ အဆောင်ကိုရောက်သွားတော့ သိမ်းလို့ ဆည်းလို့ မပြီးနိုင်သေးဘူး..။ အဆောင်ရှေ့က ဆိုက္ကားဂိတ်က ဆိုက္ကားခေါ်ထားပြီးသားတဲ့…။ အဆောင်ရှေ့က ခုံတန်းလေးကနေ ထိုင်စောင့်နေလိုက်တယ်..။ နာရီဝက်လောက်ရှိမှာ သေတ္တာကြီး တစ်လုံးကို ပုရွက်ဆိတ် ချီသလို ကျောင်းသူလေးငါးယောက် မနိုင်မနင်း ဝိုင်းမပြီး အဆောင်ပေါ်ကနေ ဆင်းလာကြတယ်..။ အဲဒါနဲ့ နေဝန်းနီလည်း အဆောင်လှေကားရင်း ကနေ သေတ္တာကို ဆီးပြီး ယူလိုက်ရတာပေါ့..။ နေဝန်းနီ ဝင်မလိုက်တော့ ကောင်မလေးနှစ်ယောက်က ဖယ်ပေးတယ်..။ တစ်ဖက်က ကောင်မလေးသုံးယောက် မလာရတာ လျှာထွက်မတတ် ဖြစ်နေပြီ…။ အဲဒါနဲ့ သေတ္တာကြီးကို လှေကားရင်းမှာ ပဲ ချထားပြီးတော့ အဆောင်ရှေ့က ဆိုက္ကားတစ်စီးခေါ်ခိုင်းလိုက်ရပါတယ်..။ ဆိုက္ကားရောက်လာတော့ ဆိုက္ကားသမားနဲ့ နေဝန်းနီတို့ နှစ်ယောက် သေတ္တာဝိုင်းမရတော့တာပေါ့..။ သေတ္တာထဲ ဘာတွေ ပါနေသလဲတော့ မသိဘူး..။ တော်တော်တော့ လေးသား…။ […]


naywoon niSeptember 4, 20111min1256
မဆုံးတဲ့….သီချင်း–၂၈ ဒီနေ့တော့ ကိုမြင့်ဇော်နဲ့ ကိုမျိုးနှစ်ယောက်အပြင် ကိုမောင်မောင်ပါရောက်နေတယ်.။ စောင့်နေရတာကြာပြီတဲ့…။ ကိုမောင်မောင်က ပြောတယ်..။ ကိုမြင့်ဇော်က — “ ဘယ်လိုလဲ ကောင်မလေးနဲ့ တော်တော် အဆင်ပြေနေပြီလား?” တဲ့…။ စာမေးပွဲဖြေနိုင်သလားက စပြီးမမေးဘူး..။ ကိုမျိုးက အရက်တစ်ခွက် ငှဲ့ပေးပြီး နေဝန်းနီဘက်ကို တိုးပေးတယ်…။ “ ရော့ …… အဆင်ပြေလည်း သောက် …။အဆင်မပြေလည်း သောက်” တဲ့…။ ကိုမောင်မောင်က သောက်တော် ဗူးရယ်နဲ့ အိုမကွာလို့ ဆိုညည်းနေတယ်…။ “ ကိုအောင်ဂျမ်းနဲ့ နေလည်က တွေ့တယ် ။ သူလည်း သန်ဘက်ခါမှ စာမေးပွဲပြီးမှာ…။ အဲဒိနေ့ စင်းရှင်းမှာ ထိုင်မယ်…။ တို့လေးယောက်ရယ် သူရယ်.. ငါးယောက် ဒါပဲ ချိန်းလိုက်ပြီ…။ သိလား။ ဒီမှာ ဒီနေ့နဲ့ […]


naywoon niAugust 19, 20111min701
နောက်တစ်နေ့ စာမေးပွဲနောက်ဆုံးနေ့ မေဂျာ ကို အောင်မြင်စွာပြီးဆုံးသွားခဲ့လေ သတည်း းး ရယ်ပေါ့လေ..။ အပြန်အလှန် အနေနဲ့ မိမာကို မြေပုံတွေ ကူပြီးဆွဲပေးခဲ့ပါတယ်..။ စာမေးပွဲခန်းကထွက်လာတော့ မိမာက ကောက်ခါငင်ကာနဲ့….။ “ နေဝန်း…..နင် အခု အရက်ဆိုင်တန်းသွားမှာလား ဘယ်ဆိုင်လဲ ဘယ်နားကလဲ ?” တဲ့…။ နေဝန်းနီ လန့်သွားတယ်…။ စာမေးပွဲ နောက်ဆုံးနေ့ဆိုပြီးတော့ သူပါလိုက်လာမလားဆိုပြီးတော့ရယ်ပေါ့…။ “ ဘာလဲဟ နင်က စာမေးပွဲနောက်ဆုံးနေ့ ဆိုပြီး အရက်လိုက် သောက် မလို့လား?” လို့ပြန်မေးလိုက်တော့ ……. “ မဟုတ်ပါဘူးဟ…။ နင်တို့ မနေ့က36 လမ်းအတိုင်း လာတာတွေ့လို့ပါ…။ ဟို84 လမ်းထောင့်က ဆိုင်မဟုတ်လား…။ ” အင်း လိုက်မလို့ မေးတာမဟုတ်လို့တော်သေးတာပေါ့လို့တွေးရင်………. “ အေး… ဟုတ်တယ်လေ […]


naywoon niAugust 14, 20111min1225
ကိုမြင့်ဇော်တို့ဆီ ပြန်ရောက်တော့ ငှက်ပျောသီးတွေကို စားပွဲပေါ်တင်ပေးလိုက်တယ်..။ ကိုမျိုးက အိတ်ထဲက ဆေးလိပ်နဲ့ မီးခြစ်ထုတ်ပြီး ဆေးလိပ်ဖင်ကို အရက်ခွက်ထဲနှစ်ပြီး ပါးစပ်မှာတေ့ပြီးတော့ အရက်ကိုရှေ့ကိုရောက်အောင် မှုတ်လိုက်ပြီး မီးညှိ…။တစ်ဖွာနှစ်ဖွာ အားရအောင်ဖွာ ရှိုက်လိုက်သေးတယ်..။ ဆေးလလိပ်မီး ညီသွားအောင် လုပ်လိုက်တာပါ..။ ပြီးမှ…….။ “ နေဝန်းနီကတော့ လုပ်ပြီ….။ ငါတို့ကို မျောက်တွေများအောင့်မေ့ နေသလားမသိ…။ ငှက်ပျောသီးနဲ့ အရက်မြည်းခိုင်းနေပြီ…..။ ကိုမြင့်ဇော်ရေ…..ကြည့်လုပ်ဦး” ကိုမြင့်ဇော်က ပြုံးလို့…။ အရက်ခွက်ကို ယူသောက်လိုက်တယ်..။ နောက်ဆုံး နှုတ်ခမ်းနဲ့ ဖန်ခွက်ခွားလိုက်တော့ နှုတ်ခမ်းစွန်းနဲ့ မေးစေ့ပေါ်ကျသွားတဲ့ အရက်တွေကို လက်ခုံနဲ့သုတ်ရင်းက …….. “ အဲသဟာပြောတာပေါ့ … နေဝန်းနီ ‘ သောက်ဆင့်’ တက်တယ်ဆိုတာ…။ မောင်နေ ….ရာ ဒီကချင်လေးကို သင်ပေးလိုက်စမ်းပါဦး…” နေဝန်းနီကို အရက်နဲ့ ငှက်ပျော […]


naywoon niAugust 12, 20111min690
“ဟော… ဆရာလေး..။ လာပါပြီ ။ဒီမှာဆရာလေးကို စောင့်ရင်းနဲ့ တစ်လုံးကုန်တော့မယ်..။ တယ်ကြိုးစားနေသကိုး…။ ဒီနေ့ ဖြေရတာက မိုင်နာဘာသာဆို..။ ဘယ့်နှယ့် အဆင်မပြေဘူးလား..။ ကြည့်ရတာတော့ အဆင်ပြေမယ့်မဲ့ ပုံပါ..။ ဟိုဟိုဒီဒီ လှည့်လို့ရဲ့လား..။ အဆောင်က ကောင်တွေကတော့ 90 ံ တောင် ပြည့်အောင်လှည့်မရဘူးတဲ့..။ “ ကိုမြင့်ဇော်ကဆီးပြီး ပြောပါတယ်..။ ကိုမျိုးက ဆေးလိပ်မီးခိုတွေ ဝေနေအောင် မှုတ်ထုတ်ရင်းနဲ့ ပြုံးပြီး ကြည့်နေတယ်..။ သူတို့က ဘုံဆိုင်ရဲ့ အပြင်ဘက်နားက ဘန်ဒါ ပင်ရိပ်အောက်မှာထိုင်နေတာ..။ 36 လမ်းလေးပေါ့…။ ထုံးစံအတိုင်း အတွင်းလမ်းဆိုတော့ ပလက်ဖောင်းမရှိဘူး..။ လမ်းကလည်း ထုံးစံ အတိုင်း ချိုင့်တွေ ကျင်းတွေနဲ့ ပေါက်ပြဲလို့ ..။ မိုးရွာထားတော့ ရေတင်တောပေါ့လေ….။ ညနေခင်းက စည်ကားစပြုလာပြီလေ….။ အဲဒိနားမှာ ဈေးလေးတစ်ခုလည်းရှိတယ်..။ […]


naywoon niAugust 9, 20111min1036
စာမေးပွဲခန်းက ထွက်တော့ စောစောက ကောင်မလေးကို ကင်းန်တင်းမှာ မုန့်ကျွေးမယ်ဆိုပြီး ခေါ်လာခဲ့တယ်..။ ခပ်တည်တည်ပဲ..။ ကင်းန်တင်းရောက်တော့ ဆရာသိန်းထွန်းနဲ့ တွေ့တယ်..။ ဆရာက နေဝန်းနီကို စာရွက်တစ်ရွက်ပေးပြီး ထွက်သွားတယ်..။ အဆောင်ရောက်မှ ကြည့်တော့ တဲ့..။ အဲဒါနဲ့ အိတ်ထဲပဲ အသာထည့်ထားလိုက်တယ်..။ ပါလာတဲ့ ကောင်မလေးကတော့ မုန့်တစ်ပွဲမှာစားနေတယ်..။ ခုထိသူ့နာမယ်လည်း သိသေးဘူး..။ ကောင်းရော..။ ခဏနေတော့ နောက်တစ်နေ့ မေဂျာ ဖြေရမှာမို့ ပြန်မယ်တဲ့..။ အဲဒိတော့မှ..။ “ ဆရာ ..စောစောကပေးတာ ငါ့လည်းပြောဦး” တဲ့…။ နေဝန်းနီက “ အင်း… ညနေကျတော့ နင့် အဆောင်ငါလာပြောမယ်လေ…။ ခုတော့ လူရှုပ်နေတာ ဆရာကလည်း အဆောင်ရောက်မှ ကြည့်လို့ မှာသွားတယ်..။ “ လို့ ပြောတော့ “အင်း…။ နင်အခု […]


naywoon niAugust 6, 20111min610
စာမေးပွဲ ဖြေရတာ သိပ်မခက်ခဲပါဘူး..။ နေခင်းဖြေရတာဆိုတော့ မနက်စာကို ဆယ်နာရီလောက် ကတည်းက စားထားလိုက်တယ်..။ အနားကပ်စားရင် ထမင်းဆိပ်နဲ့ အိပ်ငိုက် နေမှာစိုးလို့ ..။ အဆောင်ကလည်း အဆင်ပြောအောင် စီစဉ်ပေးပါတယ်..။ နေဝန်းနီ တို့က ဘီးအီးဒီစီ အဆင့်မဟုတ်တော့ဘူး ။ မန္တလေး ဒရိုင်းဂျင် အဆင့်ရောက်သွားပြီ..။ အံမာ… တစ်လုံး ခုနှစ်ကျပ် ပြားနှစ်ဆယ်ကနေ လေးဆယ့်ငါး ကျပ်တန် အဆင့်ရောက်သွားတာပါ…။ သံပုရာသီး ဆောင်ရ သကြားရှာရနဲ့ ကရိကထ တော့ နိုင်တာပေါ့…။ အရက်သမားတွေပြောနေကြ စကားရှိသား…။ ဘီအီး-ဘီယာ …။ ရမ်-ဆော်ဒါ ..။ ဂျင်-သံပုရာတဲ့..လေ..။ စာမေးပွဲတွင်းကို အပြန်ကဲနေတာ..။ အိမ်ပြန်ရောက်သွားရင် အရက်သောက်ဖို့ ထင်သလား ဆိုင်ရှေ့ကတောင် ဖြတ်လျှောက်လို့ ရမှာမဟုတ်ဘူး..။ စာမေးပွဲ ပထမဆုံးနေ့ နိုင်ငံရေး […]


naywoon niJuly 31, 20111min561
မဆုံးတဲ့… သီချင်း—၂ဝ အိပ်ယာကနိုးတော့ ရင်ဘတ်ပေါ်က စာအုပ်ကို ဖွင့်ကြည့်လိုက်မိတယ်….။ ပါးပါးလေးပါပဲ..။ အဖုံးက အစိမ်းနုရောင် ဆီစိမ် စက္ကူနဲ့…။ အသာလှန်ကြည့်လိုက်တော့ ..။ တစ်နှစ်လုံး တစ်ချိန်မှ မတက်ခဲ့ဖူးတဲ့ နိုင်ငံရေးသိပံ္ပ စာအုပ်ဖြစ်နေတယ်..။ အဲဒါနဲ့ မျက်နှာသစ်ပြီး အကြမ်းဖျင်းဖတ်ကြည့်လိုက်တော့ ပြဌာန်းစာအုပ် လေးငါးအုပ်လောက် ရှိတဲ့ ဘာသာကို လုရင်းပဲရေးပေးထားတာတွေ့လိုက်တယ်လေ…။ ပြဌာန်းထားတာက မိဇ္ဇိ မ ပဋိပဋာ တို့ အညမည တို့ ပါတီတွင်းဆွေးနွေးပွဲတို့ ဘာတို့ပေါ့…။ စာအုပ်တွေက ယူနစ်က ရိုက်တဲ့စာအုပ်တွေ ထူသလို စာရွက်သားကလည်းကောင်းတယ်..။ အလေးချိန်စီးတယ်ဗျ…။ ရောင်းစားရင် ပြောပါတယ်..။ အင်း … ကိုမျိုးလာပေးတဲ့ ဝတ္ထုစာအုပ်ကလည်း ပါးလိုက်တာပေါ့…။ ကိုမျိုးပြန်ဝင်လာတော့ ကိုမျိုးကို “ ကိုမျိုးရာ …နင့် ဝတ္ထုက လည်း […]


naywoon niJuly 29, 20111min831
“ရီဝေယံ” ကြားဖူးနေကြအသံမို့ နောက်လှည့်ကြည့်လိုက်မိတယ်..။ မသဲကွဲဘူး..။ နေကလည်းပူနေတယ်..။ အင်း မနက် ကိုးနာရီခွဲ ဇူလိုင်လ လယ်..။ ညကတော်တော် မူးနေခဲ့တာမို့ အိပ်ယာက မထချင်ဘူး..။ ဒါပေမဲ့ ဒီနေ့ လက်တွေ့ ရှိတဲ့ နေ့ဖြစ်နေလို့ သွားတိုက်ဆေး အထပ်ထပ်တိုက် ချွေးထွက်အောင် ကိုယ်လက်လှုပ်ရှားမှု လုပ် ..။ ဆပ်ပြာအထပ်ထပ်တိုက်ပြီး ရေချုးိ ..။ ကျောင်းထဲကို ရောက်အောင်လာခဲ့ရတယ်..။ ဘာမှမစားရသေးတာနဲ့ သိပံ္ပ ဆောင် ကင်တင်းဘက်ကိုထွက်ခဲ့တယ်..။ ဟုတ်တယ်..။ အဲဒိတုန်းက ကျောင်းကနှစ်ခြမ်းကွဲနေတာ..။ ကျောင်းက လမ်း80 ပေါ်မှာပဲ..။ အရှေ့ဘက်ခြမ်းက 34 လမ်းဘေး ..။မြောက်ဘက်ပိုင်းက အထက (၂၂) ..။ တောင်ဘက်ခြမ်းက ရတနာဘမ္မိနယ်မြေ ဝိဇ္ဇာ ဆောင် …။ အနောက်ဘက်ခြမ်း 34 လမ်းနဲ့ […]


naywoon niJuly 25, 20111min701
နေဝန်းနီ တိုု့နှစ်ယောက် ဖြိုလိုက်တာက ဂျင်တစ်လုံး လဲကုန်သွားပါပြီ.။ လူတွေကမလည်သေးပါဘူး..။ ကိုဇော်ပြောသလို လေတိုးမခံရသေးလို့ထင်ရဲ့..။ အပြင်မှာ မျုးရွာနေတာတောင် ချွေးပြန်နေသေးသလိုပဲ..။ ဂျင်ထည့်ထားတဲ့ ဖန်ခွက်လေးကို လှည့် ကစားရင်းက ကဗျာတွေရဲ့ ခြေရာကိုလိုက်ခံနေရပါပြီ..။ ကိုမြင့်ဇော်နဲ့ မူးယစ်ဝေသော အရက်ကဗျာ ဝိုင်းကို ပြန်လှန်နေရပါပြီ..။ ဒီတစ်ခါ ကိုလင်းသူ ဝင်လာတော့ နေဝန်းနီတို့ရဲ့ ကဗျာစာအုပ်လေးပါလာတယ်..။ သူတစ်ယောက်ထဲ အသံထွက်ပြီး ဖတ်နေလေရဲ့…………။ “ ခေါင်းစဉ်က ချိန်ခွင်လျှာပေါ်မှာ အိပ်စက်ခြင်း..။ အင်း..။ ထူးအိအ်သင်က နာရီပေါ်က မျက်ရည်စက်များဆိုတော့ ဆရာနေဝန်းနီကလည်း ရာသီပေါ်မှာ အိပ်စက်ခြင်းတို့ ချိန်ခွင်လျှာပေါ်မှာအိပ်စက်ခြင်းတို့ ဖြစ်ပေါ်လာတာပေါ့လေ……..။ (မှတ်ချက်…… ရာသီပေါ်မှာ အိပ်စက်ခြင်း ကဗျာက မန္တလေး တက္ကသိုလ် မြန်မာစာဌာန မြကွန်းသာ နံရံကပ် စာစောင်မှာ ပါဖူးပါတယ်..။ နေဝန်းနီရဲ့ […]


naywoon niJuly 23, 20111min771
နေဝန်းနီလည်း ကဗျာ တစ်ပုဒ်ဖတ်လိုက် အရက်တစ်ငုံ သောက်လိုက်နဲ့..။ ကိုမြင့်ဇော်ကို သတိရလာတယ်..။ သူပါလာရင်ကောင်းမှာပေါ့လေ…။ မိုးလေးဖွဲဖွဲရွာနေတဲ့ ဇူလိုင်လလယ်မှာ ကဗျာစာအုပ်တစ်ထပ်နဲ့ စည်းဇိမ်ယစ်နေတာလေ..။ ကိုလင်းသူက အထဲဝင်လာလိုက် ဆိုင်ရှေ့ထွက်သွားလိုက်နဲ့..။ နေဝန်းနီ လက်ထဲက စာအုပ်ကိုပြန်ဆွဲယူပြီး တစ်နေရာကိုထောက်ပြတယ်..။ “ စောစောက ကိုယ်ရေးတဲ့ ကဗျာကို အမွှမ်းတင်တာမဟုတ်ဘူး..။ ဒီကဗျာကိုဖတ်ကြည့်..။ ပြီးခဲ့တဲ့ 15 နှစ်လောက်ကထဲက ဆရာမောင်သာနိုးက ပြောထားတာရှိတယ်..။ မြန်မာ မော်ဒန်ကဗျာ ဆိုလို့ မူးလို့တောင်ရှူစရာမရှိဘူးတဲ့..။ တို့တစ်တွေ မော်ဒန်လို့ သဘောထားရေးဖွဲ့နေပေမဲ့ နိုင်ငံတစ်ကာစံနှုန်းနဲ့ကြည့်ရင် အဆင့်မမီသေးဘူးဘဲ..။ လေးလုံးစပ်မဟုတ်တာ နဲ့ မော်ဒန်မဖြစ်ဘူး..။ ကာရံ မပါတာတစ်ခုနဲ့ မော်ဒန်မဖြစ်ဘူး..။ စကားလုံးလှတာနဲ့ မော်ဒန်မဖြစ်ဘူး..။ စကားလုံးလှသလို အတွေးပါရမယ်..။ စောစောကပြောသလို အများကို ကိုယ်စားပြုရမယ်..။ ဆရာတာရာရဲ့ စကားလုံးတွေ ဘယ်လောက်လှသလဲ […]