naywoon niJuly 16, 20111min1082
လန်းလာတဲ့စိတ်ကလေးမပျောက်သေးခင်မှာပဲ ရေချိုး အဝတ်အစားလဲပြီး ထမင်းစားဖို့ အဆောင်မီးဖိုဘက်ကိုထွက်ခဲ့တယ်…။ အဆောင်ကပဲတာဝန်ယူပြီး ထမင်းချက်ကျွေးတာပါ…။ အခန်းထဲမှာ ကိုမျိုးနဲ့ ကိုမြင့်ဇော်ကရောက်နှင့်နေပြီ…။ အဆောင်ပိုင်ရှင်က ဈေးချိုထဲမှာဈေးရောင်းထာဆိုတော့ နေ့ခင်းမရှိတတ်ဘူး..။ ဒါကိုအခွင့်ကောင်းယူပြီး နေဝန်းနီတို့က ကဲနေကြတာလေ…။ အခန်းထဲတင်မဟုတ်ဘူး မီးဖိုထဲမှာပါ အရက်ကိုယူပြီးသောက်လားရောက်ရဲ့နဲ့…။ အဆောင်ပိုင်ရှင်ကလည်း ပြဿနာ မဖြစ်ပြီးရောဆိုပြီထားပုံရပါတယ်…။ အနီးတစ်ဝိုက်မှာက ကျောင်းသားလက်ခံပြီးထားချင်တဲ့ အိမ်က ခပ်များများရယ်…။ ဘာပဲဖြစ်ဖြစ် ကျောင်းသားရှိနေတဲ့ အိမ်က သူခိုးမကပ်ရဲဘူးလေ….။ တစ်ယောက်တစ်လက် ကျောင်းသားလက်နဲ့ ဘယ်သူ့လက်ချက်မှန်းမသိဘဲဖြစ်သွားတာ များတာကိုး…။ ဟိုတုန်းက ကျောင်းသားခေတ်ဗျ…။ မန္တလေးက လမ်းတွေ က တစ်လမ်းမောင်းတွေရှိတယ်..။ လမ်းပြောင်းပြန်စီးရင် ဒဏ်ရိုက်တာတွေရှိတယ်..။ ကျောင်းသားတွေပဲ လမ်းပြောင်းပြန်စီးရဲတယ်…။ ကျောင်းသားတွေ လေးငါးဆယ်ယောက် အုပ်စုဖွဲ့ပြီး စီသွားရင် မဖမ်းဘူး…။ တစ်ယောက်ထဲစီးသွားရင်တော့ဖမ်းတယ်လေ…….။ အဲဒိတော့ မီးဖိုထဲမှာ ကိုမျိုးနဲ့ ကိုမြင့်ဇော်က သောက်ဖို့ရာ […]


naywoon niJuly 13, 20111min1035
အဲဒိလိုရယ်စရာပြောနေရင်းက ….. “ ငါတို့မလဲ ခုလောလောဆယ် အိုမာခယမ်ရဲ့ ရူဘိုင်းယက် ကဗျာထဲကလို ချစ်သူရင်ခွင်မရှိသေးတော့ ဒီလိုပဲ ကိုယ့်ဖာသာကိုယ်ပျော်အောင် နေတတ်သလိုနေကြရတာပဲလေ….” ကိုမြင့်ဇော်က ငြီးတွားသလိုပြောတော့ နေဝန်းနီကလည်း အားကျမခံ “ ဟုတ်ပါ့ဗျာ.. ဘာတဲ့………. ပေါင်မုန်တစ်ယှက် ဝိုင်တစ်ခွက်နဲ့ လရောင်ရွှန်းမြ ညတစ်ညမှာ ချစ်သူရင်ခွင် မှေးစက်ရလျှင် ငါ့မှာ ပျော်ဖွယ်နိမ္ဗာန်တည်း ….ဆိုတဲ့ ကဗျာသွားလို မှေးစက်စရာ ချစ်သူရင်ခွင်မှ မရှိသေးတာ ရှာရမှာပေါ့ “ လို့ပြောလိုက်တာနဲ့ ကိုမြင့်ဇော်က ….. “ စောစောကအိပ်ဖို့ အခန်းရှိတယ်ဆိုတဲ့ နောက်လိုက်သွားပါလား တစ်ညတာတော့ မှေးစက်စရာ ရတာပေါ့” တဲ့လေ…….. “ အမလေး အဲဒိလိုမနောက်နဲ့လေ….ကိုကိုဇော်” “ နောက်ပါဘူး အတည်ပြောနေတာ ပိုက်ဆံ ငါးဆယ်လောက်ပါရင် ဖြစ်လောက်ပါတယ်” တဲ့လေ…….. […]


naywoon niJuly 11, 20111min892
အဲဒိနေ့ညက 34 သံဂုံးကျော် အောက်နားလေးက ရှိန်ကြီးလ္ဘက်ရည်ဆိုင်နဲ့ ကပ်ရက် ဆရာကိုလင်းသူဆိုင်ကိုရောက်သွားသေးတယ်..။ အရင်နေ့က မတွေ့ခဲ့လို့ ခုညတစ်ခေါက် ဝင်ကြည့်တာလေ..။ ရွှေဒေသ စာပေဆက်ဆံရေးတဲ့ နာမယ်ကခပ်ဆန်းဆန်းလေး ကဗျာဆရာက ပေးထားတဲ့နာမယ်လို့မပြောရဘူး..။ (သူ့လိုပဲ နာမယ်ပေးထားတဲ့ စာအုပ်ဆိုင်တစ်ဆိုင်ရှိသေးတယ်..။ မျက်ပါရပ်မီးပွိုင့် က စာအုပ်အငှားဆိုင်က ဒုတိယ ချစ်သူ စာပေ ဆက်ဆံရေးတဲ့…။ အဲဒိစာအုပ်ဆိုင်လေးအကြောင်းကိုတော့ စာရေးဆရာ နွမ်ဂျာသိုင်းက သူ့ရဲ့ တိမ်တောင်ညိုပြာ ဝတ္ထုမှာ ရေးဖူးပါတယ်..။ မှတ်မိနေလို့ပါနော်.. ကြော်ငြာတယ်မထင်ပါနဲ့…။ ) ဆရာကိုလင်းသူက ခုတော့ မရှိတော့ပါဘူး ….။ လွန်ခဲ့တဲ့ ဆယ်နှစ်အလွန် ကဆုံးပါးခဲ့ပါပြီ….။ အံဩစရာကောင်းတာက နေဝန်းနီက ဆရာကိုလင်းသူကို မသိရှာဘူး…။ ဆရာကိုလင်းသူကနေဝန်းနီကို သိနေသတဲ့လေ….။ နဲနဲစောသေးလို့လားမသိဘူး ဆိုင်ထဲမှာလူရှုပ်နေသေးတယ်…။ 31 လမ်း 80 ထောင့်မှာလည်းဆိုင်ခွဲရှိသေးတယ်ပြောတယ်..။ […]


naywoon niJuly 9, 20111min681
နောက်တစ်နေ့ရောက်တော့ မနေ့က ချုပ်ထားတဲ့ ကဗျာစာအုပ်လေးတွေ ရောင်းကြည့်မယ်ဆိုပြီး ကိုမြင့်ဇော်နဲ့ ကိုမောင်မောင်တို့ ထွက်သွားတယ်…။ ကျောင်နေဖက်သူငယ်ချင်း ဖြစ်တဲ့ မြန်မာစာမေဂျာက တင်အောင်လည်းရောက်လာတယ်…။ သူရောင်းပေးမယ်လို့ ပြောတယ်……။ ပြိးရင် သူတို့ မေဂျာက ကိုအောင်ဂျမ်းနဲ့ မိတ်ဆက်ပေးမယ်လို့ ပြောပြီး ညနေပိုင်း လ္ဘက်ရည်ဆိုင် ကိုချိန်းသွားတယ်…။ ကိုအောင်ဂျမ်းက ပန်းသခင်လ္ဘက်ရည်ဆိုင်မှာထိုင်နေကြ တဲ့ ……။ ညနေ 6နာရီလောက်လာခဲ့ဖို့ခေါ်တယ်….။ ပန်းသခင် လ္ဘက်ရည်ဆိုင်က သူ ့အဆောင်နဲ့လည်းနီးတယ်…။ ကိုအောင်ဂျမ်း အိမ်နဲ့လည်းနီးတယ်….။ ကိုအောင်ဂျမ်း အိမ်က 35 လမ်းမ ပေါ်မှာ ထမင်းဆိုင်ဖွင့်ထားသေးတယ်….။ ညနေရောက်တော့ အရက်လေးအာစိတ်ရုံလောက်သောက်ပြိး ကိုအောင်ဂျမ်း ရှိနေမဲ့ ပန်းသခင်လ္ဘက်ရည်ဆိုင်ကို နေဝန်းနီတို့ သုံးယောက်စလုံး သွားကြတာပေါ့…….။ တင်အောင်ဆိုတဲ့ ကောင်က လည်း အဲဒိမယ်ရှိနေမယ်လို့ မှာသွားတာကိုး…..။ ဟိုရောက်တော့ […]


naywoon niJuly 6, 20111min872
မကြာခင်မှာပဲ မှာထားတဲ့ အရက်ပုလင်းနဲ့ ဖန်ခွက်တွေရောက်လာတယ်..။ စားပွဲထိုးက ရေခဲယူဦးမလား မေးလို့ ကိုမြင်ဇော်က ရေခဲက ဝယ်ရမှာလားမေးနေသေးတယ်..။ ကိုမောင်မောင်က ဖန်ခွက်တွေအားလုံး သူ့ရှေ့ကိုယူပြီးတော့ တစ်ခွက်ချင်း လက်နဲ့ပွတ်တိုက်ပြီး သေချာဆေးနေတယ်ရင်းက “ရေခဲ တစ်ပွဲယူခဲ့ဦး” လို့ မှာလိုက်တယ်…။ ကိုမောင်မောင်နဲ့ပါလာတဲ့သူငယ်ချင်းက ရမ်အရက်ပုလင်းက ချိတ်တွေ လက်နဲ့ ပွတ်ကြည့်နေတယ်…။ ပြီးတော့ ချိတ်အရောင်ကိုကြည့်တယ်..။ ပြီးမှ ဖောက်တ်တံနဲ့ ချိတ်တွေကို ခေါက်ပြီးခွာနေတယ်..။ သူ့ပုံက ချစ်သူကို ယုယနေသလိုပဲ…။ ဘာပဲဖြစ်ဖြစ် အရက်နဲ့ပါတ်သက်ရင် မြင်မြင်သမျှ လှနေတယ်..။ အဲဒိနေ့က ရှန်ဟိုင်းကို ရောက်သွားတာ နေဝန်းနီ တို့လေးရောက်ပါ…။ ကိုမြင့်ဇော်ရယ် ကိုမောင်မောင်ရယ်… သူ့သူငယ်ချင်းရယ် (နာမယ်မမှတ်မိတော့လို့နော်..) ပြီးတော့မှ ကိုမောင်မောင်က သူဆေးထားတဲ့ဖန်ခွက်တွေ နေဝန်းနီဆီတွန်းပို့လိုက်တယ်……။ သူ့အဖော်ဆီက အရက်ပုလင်းကိုလည်း နေဝန်းနီ ရှေ့ချပေးပြီ….။ […]


naywoon niJune 28, 20111min642
အဲဒိနှစ်က ကိုမျိုးနဲ့တော်တော် တွဲဖြစ်သွားတယ်လေ..။ နောက်တစ်ယောက်ထပ်တိုးလာတဲ့သူက ကိုမြင့်ဇော်….။သူက အင်္ဂလိပ်စာ အဓိက ဒုတိယနှစ်..။ နေဝန်းနီတို့ထက် တစ်တန်းကြီးတယ်..။ အသက်ကနှစ်ဆယ်လောက် ..။လူပုံက ပျော့ပျော့ပြောင်းပြောင်းနဲ့….။ မြို့သစ် ဘက်ကနေလာတက်ရတာ…။ မြို့သစ်ဆိုတာက တောင်တွင်းကြီးဘက်က မြို့သစ်ကို ပြောတာပါ…။ သူကဆယ်တန်းကို သုံးနှစ်လောက်ဖြေခဲ့ရတာတဲ့…။ စာမရလို့မဟုတ်ဘူး….။ အရက်မူးနေတာနဲ့ ဖောင်တင်ရမဲ့ရက် နောက်ကျသွားလို့တဲ့လေ…….။ ပြီးတော့ အရက်သောက်ပြီးမှ စာကျက်လို့ရသတဲ့လေ..။ မှတ်သားလောက်ပါပေရဲ့..။ ကိုမျိုးက လူတိုင်းနဲ့ တည့်အောင်ပေါင်းတယ်..။ သူမရောက်တဲ့နေရာ မသိတဲ့သူမရှိဘူး…။ လူချစ်လူခင် ပေါတယ်ပေါ့…။ ကိုမြင့်ဇော်ကတော့ ခပ်အေးအေးပဲနေတာ…။ စကားလည်းသိမပြောဘူး…။ အားရင်စာဖတ်ချင်ဖတ်…။ မူးလာတဲ့အခါသီချင်းဆို..။ ဒါလောက်ပဲတွေ့တယ်…။ သီချင်းဆိုတယ် ဆိုတာကလည်း မြန်မာသံစဉ် သီချင်းကြီးတွေများတယ်..။ နေဝန်းနီတို့လို မူးလာရင် ဂစ်တာတီးတတ်တဲ့ သူနဲ့တွဲပြီး ကောင်မလေးအဆောင်ရှေ့တွေ လိုက်အော်နေတာမဟုတ်ဘူး…။ နေဝန်းနီတို့ကတော့ ဂစ်တာမတီတတ်ပဲနဲ့ သူငယ်ချင်းကောင်းရင်လိုက်အော်ပဲ..။ […]


naywoon niJune 27, 20111min773
အဲဒိနေ့ညနေပိုင်း အဆောင်ကိုပြန်ရောက်တော့ ဝိုင်းထိုင်နေကြ အကိုကြီးတွေ့ရဲ့ မြှောက်ပင့်ပေးမှုနဲ့ ခေါင်းမကြည်တာပါရောပြီး တရားဝင်အရက်ဝိုင်းထဲဝင်ထိုင်ပြီးသောက်ဖြစ်တယ်..။ သူတို့နဲ့သောက်ရတာ စိတ်မရှည်ဘူး..။ အရက်သောက်ရတာကို ပြောတာပါ..။ နေ့လည်က သောက်လိုက်ရသလို ခွက်ကြီးကြီးနဲ့ တစ်ခါထဲမော့ချပြီး ရေသောက် ပြီး အိပ်ချလိုက်..။ မူးချင်လို့သောက်တာပဲ..။ မဟုတ်ဘူးလား..။ သူတို့က အဲဂလိုမဟုတ်ဘူး..။ အရက်ငှဲ့ထည့်တဲ့ ခွက်လေးကသေးသေးလေးနဲ့..။ နဲနဲချင်း နဲနဲချင်း ငှဲ့ထည့်ပြီး အလှည့်ကျသောက်နေတာ..။ ကိုယ့်ရှေ့ရောက်လာတဲ့ အရက်ခွက်ကိုလည်း ချက်ခြင်းမသောက်သေးဘူး..။ ရေရော လိုက်သေးတယ်..။ ပြောလက်စ စကားမပြတ်ရင် မသောက်သေးပဲ စကားကိုဆက်ပြောနေတာ..။ ပြီးမှ အရက်က ိုစုတ်သောက်နေလိုက်တာကြာရော..။ အမြီးခွက်ကိုလက်နှုက်ရင်းနဲ့ အရက်ငှဲ့ပေးနေတဲ့ သူဆီကို အရက်ခွက်လှမ်းပေး..။ သူကမှ နောက်တစ်ခွက်ငှဲ့ နောက်တစ်ယောက်ကိုပေး..။ နောက်တစ်ယောက်လည်း စောစောကလူလိုပဲ..။ စကားမပြတ်သေးရင် မသောက်သေးဘူး..။ အဲဒိတော့ နေဝန်းနီတို့ စိတ်မရှည်ဘူး..။ လေ…….သူတို့ပြောနေတဲ့ […]


naywoon niJune 25, 20111min943
နေဝန်းနီ မန္တလေးတက္ကသိုလ်မှာတက်နေတုန်း ..။ပထမနှစ်နဲ့ဒုတိယနှစ်ကို ဖားသားလဖုန်းမှာထားတာ..။ တတိတယနှစ်နဲ့နောက်ဆုံးနှစ်ပဲ မိန်းထဲမှာဆိုတော့ ရောက်ရောက်ချင်း အပြင်ဆောင်မှာနေရတာပေါ့..။ အပြင်ဘော်ဒါဆောင်မှာနေရတော့ လူစုံပါတယ်..။ကျောင်းသားချည့်မဟုတ်ဘူး..။ ဝန်ထမ်းလည်းရှိတယ်..။ အရပ်သားဈေးသည်လည်းရှိတယ်..။ သိတဲ့အတိုင်း နေဝန်းနီဆိုတဲ့ ကလေးကလည်း ဟိုစပ်စပ် ဒီစပ်စပ် ဆိုတော့…။ 16 နှစ်ပြည်ပြီးလို့ ရက်ပိုင်းနဲ့ ရောက်လာတာဆိုတော့ ကလေးပေါ့………နော့..။ ကျောင်းက မနက်7း00 နာရီကနေ 12း00 နာရီအထိပဲတက်ရတာ..။ ထမင်းကို အဆောင်မှာကျွေးတာဆိုတော့ ကျောင်းဆင်းမှပဲ အဆောင်ရောက်မှစားရတာပေါ့..။ ထမင်းကောအဆောင်ကောမှ တစ်လ 250/-လောက်ပဲရှိသေးတာ..။ အစိုးရဆောင်ကမှ 120/-ပဲရှိသေးတာ..။ အရက်သောက်တတ်သွားတာက ဒီလို………….။ တစ်ရက် ကျောင်းဆင်း လာပြီး ဆာဆာနဲ့ထမင်းဝင်စားလိုက်ပြီး ရေသောက်မယ်လုပ်တော့ သောက်ရေခွက်က ရေအိုးစင်မှာ ရှိမနေဘူး..။ ဟိုတစ်ဘက်မှာ အရက်သောက်နေတဲ့အဖွဲ့က ရေခွက်ကိုယူထားတယ်..။ ဒါနဲ့ရေခွက်ခဏလောက်ဆိုပြီး ရေခွက်က ငါးကြင်းမြီးခွက်နဲ့ အပြည့်ဆိုတော့ သွန်ပစ်ရမှာနှမြောတာနဲ့ […]


naywoon niJune 24, 20111min1043
မကောင်းတဲ့ အကြောင်းပြန်ပြောရမယ်ဆိုတော့ ကိုယ့်အကြောင်းကို ပြောရတာ အန္တာရာယ် အကင်းဆုံး ဖြစ်လိမ့်မယ်နဲ့တူရဲ့..။ ကိုယ်တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်တွေ စိတ်ဝင်စားအောင်ပြန်ပြောရမှာဆိုတော့ ပတ်သက်ရာ ပတ်သက်ကြောင်းလေးတွေ ပါလာခဲ့ရင်.. သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်း ပြောနေပြီလို့ သဘောမထားပဲ.. အရက်သမားလောက ကအဖြစ်အပျက်လေးတွေပဲလို့မှတ်ယူထားကြဖို့ ကြိုတင်ပြောပါရစေ..။ နေဝန်းနီက အမှန်အတိုင်းပြောရရင် ဘုကန့်လန့်သမား..။ မှန်ပြီဆိုရင်နောက်ဆုတ်တတ်တာမဟုတ်ဘူး..။ ကိုယ့်မှန်တယ်ထင်လို့ကတော့ မိုးပေါ်က သကြားမင်းဆင်းပြီး မလုပ်ဖို့တားရင်တောင်မရဘူးမှတ်..။ အဲဒိတော့ နေဝန်းနီကိုလာမေးကြည့်ပါလား? “ အရက်ဘာလို့သောက်သလဲလို့?” မထင်ရင်မထင်သလိုပြောလိုက်မှာပဲ…. အဲဒိအချိန်တုန်းကပြောပါတယ်..။ လူကငယ်ငယ်… အသက်နှစ်ဆယ်လောက်မှာ လူကြီးတွေနဲ့တန်းတူ အလုပ်ခွင်ထဲရောက်နေပြီ..။ စိတ်ကထက်ထက်..။ မဟုတ်ရင်မခံ မမှန်တာမလုပ်..။ ဆိုတော့ လူရှိန်တယ်..။ အဲဒိလိုမေးလာတဲ့သူမှန်သမျှ တစ်မျိုးထဲပြန်ဖြေခဲ့တာ…။ “ ကြိုက်လို့သောက်တာလို့” ဒီနေရာမှာ ရပ်ချင်ရပ် မရပ်ပဲနဲ့ ကလေးတွေကို ချော့မေးသလို “ဘာလိုကြိုက်တာလဲ” တို့ ဘာတို့လာမလုပ်နဲ့…။ […]


naywoon niJune 23, 20111min1287
အရက်သမားရဲ့ အားနည်းချက်က အရက်သောက်ပြီးအိပ်ယာဝင် အိပ်ယာကနိုးလာရင် အရက်နာကျတတ်တာပါပဲ..။ အဲဒိတော့ တန်းပြန်တယ်ဆိုပြီးပြန်သောက်တတ်ကြပါတယ်..။ အဲဒိတော့ အနားမှာရှိနေတဲ့ အရက်သမားအရင့်အမာတွေက တစ်ခွက်လောက်သောက်ပြီး တန်ပြန်လိုက်(တောင်ပြန်လိုက်)ဆိုပြီး မနက်စောစောတစ်ခွက်တစ်ဖလား သောက်ခိုင်းလိုက်ပါတယ်..။ အလုပ်အားနေတဲ့သူဆိုရင် အဲဒိအချိန်ကတည်းက အရက်ခွက်နဲ့ ပါးစပ်နဲ့မိတ်ဖွဲ့လိုက်တာ ညတိုင်ရောက်သွားတော့တာပါပဲ..။ အဲဒိလိုလုပ်တာမျိုးကိုတော့ နေဝန်းနီအား မပေးချင်ပါဘူး…။ဘာလို့လဲဆို အဲဂလိုမနက်စောစော ပြန်ဖသာက်တတ်သူဟာ များသောအားဖြင့် တစ်သက်လုံး အရက်သမား ဘဝနဲ့ပဲ အရိုးထုတ်သွားရတတ်ပါတယ်..။ မနက်စောစော သောက်တဲ့ အကျင့်ကို သွားမစလိုက်ပါနဲ့….။ ဒါဆိုရင်ဘယ်လိုလုပ်မလဲ…? မနက်အိပ်ယာထ ခေါင်းတွေလည်းအုံနေပြီ..။ မူးနောက်နောက်နဲ့ညည်းစီစီဖြစ်နေတာ…။ ရေချိုးချလိုက်ရမလား? မချိုးပါနဲ့ဦး…..။ ချွေးများများထွက်အောင် ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်လိုက်ပါ..။ နေဝန်းနီ ကြိုက်တာကတော့ စက်ဘီးပတ်စီးတာပဲ…။ မနက်စောစော လေဆန်ကိုစက်ဘီးနင်းရတာ …။ နဖူးနဲ့နားသယ်စပ်က ကျလာတဲ့ချွေးစီးကြောင်းကို မျက်နှာချင်းဆိုင်ကလာတဲ့လေက ပွတ်တိုက်သွားတာ ပြောမယုံ ကြုံဖူးမှသိမှာပါ..။ အဲဒိလို […]


naywoon niJune 22, 20111min30815
တစ်ချို့ကပြောကြတယ်..။ အရက်သမား အမှားတစ်ရာတဲ့လေ..။ နောက်ဆရာကြီးတစ်ယောက်က ပြောပြန်တယ်..။ အရက်သမား အမှားတစ်ထောင်ပါတဲ့..။ ဒါပေမဲ့ နေဝန်းနီ ကိုယ်တွေ့ကြုံရတာကတော့ အရက်သမား အမှား ကမ္ဘာပါပဲ..။ တစ်ကယ်ပါ..။ အရက်ဆိုလို့ ချက်အရက်ကစ.. ဘီအီးဒီစီ (အခုတော့ အိုဘီ…အရက်ဆီပေါ့လေ)ကစလို့ နောက်ဆုံး ဗောလ်ကာ ဗက်69 ဂျော်နီအောင်ပု အဲဟုတ်ပါဘူး ယောင်လို့ ဂျောနီဝေါလ်ကား အထိ (ကြားဖူးတာမဟုတ်ပါ.. သောက်ဖူးသမျှ မှတ်မိသလောက်ကြွားလိုက်တာ )နံတဲ့ အရက် မွှေးတဲ့အရက်..။ ပူတဲ့အရက် အေးတဲ့အရက်..။ အဝင်ဆိုးတဲ့အရက် အဝင်ကောင်းတဲ့အရက်.. မျိုးစုံအောင်ယဉ်ပါးခဲ့ဖူးပါတယ်..။ သောက်ဖို့က လည်း လွယ်ကူနေတာကိုး..။ ထားပါ.. အဲဒါပြောနေရင် ဘေးရောက်သွားဦးမယ်..။ အခါတစ်ပါး ဆရာသမားတစ်ယောက်က ဆုံးမဩဝါဒပေးဖူးတယ်..။ ဆရာသမား။ ။အရက်သောက်တာမကောင်ဘူးကွ..။ တပြည့်များ။ ။ ဟုတ်ကောင်းတဲ့အရက်ဝယ်သောက်ပါ့မယ်..။ ဆရာသမား။ ။ ဖဲရိုက်တာလဲမကောင်းဘူး…။ […]