နွယ်ပင်December 16, 20101min753
စီးပွားရေး လုပ်ငန်းရှင် ဦးဌေးမြင့်၏ ယုဇန ကုမ္ပဏီက ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနီး ကျေးရွာများမှ မြေယာများ သိမ်းယူခဲ့ပြီးနောက် ဒေသခံများ အသစ်ရှာဖွေ လုပ်ကိုင်ထွန်ယက် စိုက်ပျိုးနေသည့် လယ်ယာမြေများကိုပါ မြေတူးစက်ဖြင့် ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း တောင်သူများက ပြောသည်။ ယခုကဲ့သို့ ယုဇန ကုမ္ပဏီ၏ လုပ်ရပ်ကြောင့် ရာပေါင်းများစွာသော တောင်သူများ အခက်အခဲ ဒုက္ခနှင့် ကြုံနေကြရကြောင်း ဖားကန့်မြို့နယ် ဘန်ကောက် ရွာသားတဦးက ပြောသည်။ “ကျနော့် အခင်းတောင် တဝက်လောက်ပါသွားတယ်။ ကျနော့်မိန်းမက သွားတားတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ သူတို့က မထိုးဘူး။ သူပြန်လာတဲ့နောက် မိုးချုပ်ခါနီးမှာ ဝင်ထိုးသွားတယ်” ဟု ၎င်းက ဆိုသည်။ တောင်သူ တဦးဖြစ်သည့် ဦးလမုံဇုန်ကလည်း “သိမ်းထားတဲ့ မြေတွေမှာ စိုက်ဖို့ […]