True FaithAugust 5, 20101min881
ဒီသတင်းကို ပြည်ပမီဒီယာတွေမှာ ပြီးခဲ့တဲ့ အပတ်ကတည်းက တွေ့နေခဲ့တာပါ။ ဒီနေ့တော့ ပြည်တွင်းက အလဲဗင်းမှာ သတင်းတင်ထားတာတွေ့လို့ တင်ပေးလိုက်တာပါ။ အလဲဗင်းရဲ့ သတ္တိကိုတော့ ချီးကျူးပါတယ်။ ဘာကြောင့်ဆိုတော့ ပြည်တွင်းမီဒီယာတခုအနေနဲ့ ဒါမျိုးသတင်းက မစားမတော် တလုပ် ဖြစ်တတ်တယ်လေ။ …………………………………………………………………………. ဘာသာပြန် စာရေးဆရာ ဟိန်းလတ်ပြုစုထားသော မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီအကြောင်း ရေးသားထားသည့် စာအုပ်၏အရောင်းလက်ကျန်အုပ် ရေ ၃၁ဝအုပ်ကို မြန်မာနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံရုံးမှ ပြန် လည် သိမ်းယူသွားခဲ့ကြောင်း စာရေးဆရာဟိန်းလတ်မှ အတည်ပြု ပြောကြားခဲ့ပါသည်။ “စာအုပ်တွေကို မြောက်ကိုရီးယားသံရုံးက သိမ်းသွားတယ်ဆိုတာ ဟုတ်ပါတယ်။ သိမ်းသွားပြီးတဲ့နောက် မီးရှို့ပစ်လား၊ ဘာလုပ်ပစ်လဲဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ စာအုပ်အရေအတွက် စုစုပေါင်းကတော့ အုပ်ရေ ၃၁ဝ ဖြစ်ပါတယ်။ တန်ဖိုးအားဖြင့်တော့ ငွေကျပ် ၁၂သိန်း ၄သောင်း […]