black chawJune 27, 201413min34019
ကမ်းဝေး ဆိုတဲ့ ကဗျာဆရာကို ခင်ဗျားတို့ သိပြီးဖြစ်ကြမှာပါ။ အရင်က ကမ်းဝေး နာမည်ဖြင့် ကဗျာတွေ တင်ခဲ့သူ…၊ အခုတော့ marblecommet ပေါ့လေ…။ တစ်ရက်…ဆရာသိမ်းတင်သား နှင့် လဖက်ရည်ဆိုင်ထိုင်ပြီး ရောက်ရာပေါက်ရာ ပြောကြလေသောအခါ အဆိုပါ ကဗျာဆရာကမ်းဝေးအကြောင်း ကျွန်တော်က စကားစမိပါသည်။ ကျွန်တော်တို့ ရွာထဲမှာ ကဗျာလေးတွေ တင်တယ်ပေါ့…။ ကဗျာလေးတွေက မိုက်တယ် ဘာညာပေါ့…။ ဆရာသိမ်းတင်သားက ကမ်းဝေး အပေါ် မှတ်ချက်ပေးပါသည်…။ ကမ်းဝေးကား ခေသူမဟုတ်…။ အိုင်ဒီယာလို မဂ္ဂဇင်းရဲ့ အဖွင့်ကဗျာတွေကို ရေးသားနေသူ..တဲ့..။ ကမ်းဝေးရဲ့ ကဗျာရေးလက်ဟာ ထိပ်တန်း..တဲ့..။ ကျွန်တော် မအံ့ဩမိပါ။ ကျွန်တော် ကိုယ်တိုင်လည်း ရွာထဲတင်ခဲ့သော သူ့ကဗျာလေးတွေကို ကြိုက်နေမိခဲ့တာကိုး…။ ဆရာသိမ်းတင်သား မှတ်ချက်အရ ကဗျာနှင့်ပတ်သက်လျှင် ကမ်းဝေးကားခေသူမဟုတ်…။ အဆိုပါ ကမ်းဝေးသည် […]