ရွှေ ကြည်November 17, 20121min32728
အမေ ခေါ်မိတယ် တိုးတိုးလေးပါ ထူးသံမကြားရတဲ့အခါ ဒါအိမ်မက်မဟုတ်ဘူး..။ အမေ တမ်းတမိတဲ့အခါ အရင်ကနေ့တိုင်းဖုန်းဆက်ပါတယ်အမေ အခုတော့ နေ့တိုင်းဆိုတာဝေးပါတယ်အမေ..။ အမေ အမေလွမ်းတဲ့အခါ သမီးဖုန်းကိုမျှော်နေလားအမေ ဝင်ငွေသေချာမရှိသေးတော့ ခနခနတော့မခေါ်နိုင်သေးဘူးအမေ။ အမေ သတိရတဲ့အခါ ကောင်းကင်ကိုရောမော့ကြည့်သေးလားအမေ အမေပြောတယ်လေ ဒီကောင်ကင်ကြီးအောက်မှာ တို့နှစ်ယောက်အတူတူရှိပါတယ်ဆိုတာလေ..။ အမေ သမီးရောက်နေရာမှာ ဒီကနေ့ လျှပ်ပန်းတွေကဝင်းလက် မိုးခြိမ်းသံတွေနဲ့ဆူပွက် မည်းနက်တဲ့ကောင်းကင်မို့ အမေနဲ့သမီးတို့ ကောင်းကင်မှာအကြည့်ချင်းဆုံဖို့ ဖြစ်နိုင်တော့မယ် မထင်ဘူးအမေ..။ အမေ မှာပါရစေ ကျန်းမာရေးကို ဂရုစိုက်ပါအမေ..။ အမေ အဖေရောနေကောင်းရဲ့လား သမီးဖုန်းများ မျှော်နေမလားမသိ ကြည့်သာနှစ်သိမ့်လိုက်ပါအမေ..။ ဝေးနေပေမယ့် ဦးတင်ဆဲမို့ စိတ်ချလို့နေပါ ချစ်တဲ့အမေ..။     ကျေးဇူးအထူးတင်ပါတယ်ရှင်။