ချစ်ပန်းရမှုံ ရနံ့ထုံ၍ ကြူကြူသင်းမြ မွှေးလွန်းလှ။        ။ ဝတ်ရည်သည်းညှာ ရနံ့ဖြာ၍ ကြည်ကြည် အေးစို အပြုံးချို။      ။ ချစ်သူ့ အလာ ပီတိဖြာ၍ စောင့်ကြိုရင်မော အချစ်ဇော။      ။ ရူပါဒေဝီ တင်စားချီလို့ ပြိုင်ဘက်ပင်ရှုံး အလှဆုံး။         ။ ရမ္မက်ငွေသွန်း အကြည့်ရွှန်းနှင့် ဟန်ဆောင်မှုပို ကညာပျို……။         ။