moonpoemApril 30, 20141min27220
ခွင့်လွှတ်ခြင်းအနုပညာတဲ့လား။စကားလုံးက ၃လုံးထဲပေမယ့် အင်မတန်ခက်ခဲတဲ့ အနုပညာတစ်ရပ်ပါ။ ခွင့်လွှတ်ခြင်း စစ်မှန်ရင် သူ့ရဲ့အမှားကို ပြန်ပြီးတော့အပြစ်မတင်ရဘူး။ ပြန်ပြီးတော့ မထိုးဆွရဘူး။ပြန်ပြီးတော့ ကလဲ့စား မချေရဘူး။သူ့နောင်တနဲ့သူ သူ့သင်ခန်းစာနဲ့သုူ သူ့ဘဝသူ ကောင်းမွန်အောင် တည်ဆောက်ခွင့်ပြုလိုက်ခြင်းသည်သာ ခွင့်လွှတ်ခြင်း အစစ်အမှန်ဖြစ်တယ်။ အဲဒီအတွက် ခွင့်လွှတ်ခြင်း ပြုခံရသူအတွက် စိတ်ကျေနပ်ခြင်းရကောင်းရနိုင်ပါတယ်။ဒါပေမယ့်ခွင့်လွှတ်ပေးလိုက်ရသူဘက်မှာတော့ တစ်ဘက်က ပြုခဲ့တဲ့ အမှားများရင် များသလောက် ခံစားခဲ့ရပေမယ့် နာကျည်းခြင်းတွေကို မြိုချနိုင်စွမ်းရှိရမယ်။ ခါးသီးမှုတွေကိုသည်းခံနိုင်စွမ်းရှိရမယ်။နာကျင်ခြင်း တွေကို ဝါးမြိုပစ်နိုင်စွမ်းရှိရမယ်။ ကျွန်မကိုယ် ကျွန်မ ပြန်သုံးသပ်ကြည့်တဲ့အခါ အောက်တန်းကျပြီး အဆင့်အတန်းမရှိတဲ့ လုပ်ရပ်တွေ အပြစ်တွေကို နှစ်ရှည်လများ ကျူးလွန်ခဲ့တဲ့သူတို့တွေရဲ့ အကြောင်းကို မေ့ပစ်လို့တောင် မရသေးတဲ့အတွက် ခွင့်လွှတ်နိုင်ဖို့ဆိုတာ အတော်လက်လှမ်းဝေးပါတယ်။ ဒါဟာမလွယ်ကူတဲ့ လုပ်ရပ်တစ်ခုပါ။ အသက်အရွယ်တစ်ခုမှာ အခြေအနေအရ အချိန်အခါအရ တရားဓမ္မအရ ခွင့်လွှတ်ခြင်း အနုပညာဆိုတာကို လက်ခံကျင့်သုံးနိုင်လာခဲ့တဲ့ […]