ဂျပန်နိုင်ငံထုတ်မော်တော်ယာဉ်များတွင် ပါဝင်သော မီခိုးထုတ်ပိုက်မှ ကာဗွန်စစ်ထုတ်ပေးသော  ကျောက်စစ်ဆန်ခါ များအား ယခုအခါ မြန်မာနိုင်ငံဈေးကွက်အတွင်း တစ်ပိဿာလျှင် ကျပ် ၁၀၀၀ဝ ဝန်းကျင်ပေး၍ ဝယ်ယူလာကြသည်ဟု သိရပါတယ် ၊ ထိုကျောက်စစ်ဆန်ခါများမှာ မော်တော်ယာဉ်၏ အင်ဂျင် အပူနှင့်  အသံအားထိမ်းချုပ်လုပ်ဆောင်ပေးသော အရာများဖြစ်ပြီး ယခင်က အသစ်တစ်ခုလျှင် အကြီးအသေးအလိုက် ကျပ်၁၃၀၀ဝ မှ ကျပ် ၃၀၀၀ဝ ထိ ရောင်းချလျှက်ရှိပြီး  ယခုအခါ အသုံးပြုပြီးသော ကျောက်ဆန်ကာများအား စွန့်ပစ်ရန်မလိုတော့ကြောင်းသိရ သည်။ အဆိုပါကျောက်စစ်ဆန်ကာအဟောင်းများအား  ယခုနှစ်ဖေဖေါ်ဝါရီလခန်မှစတင်ကာ တစ်ပိဿာလျှင် ၃၀၀ဝ ကျပ်မှစတင်ဝယ်ယူလာရာ လက်ရှိ အချိန်တွင် ကျပ်တစ်သောင်းခန့်အထိ ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်းသိရသည် စွန်ပစ်ဆန်ကာများမှာ အရွယ်အစားအလိုက် (၅၀)ကျပ်သားမှ (၇)ပိဿာခန်အထိ ရှိနိုင်သည်ဟုသိရသည်၊၊ ယင်းကျောက်စစ်ဆန်ကာများအား ရှမ်းပြည်နယ်ဘက်မှ လာရောက်ဝယ်ယူကြခြင်းဖြစ်ပြီး သင်္ဘောဆေးထုတ်လုပ်ရာတွင် အမှုန့် ကြိတ်ကာ […]