မြန်မာလို တထောင့်သုံးရာနဲ့ ဘယ်နှစ်ခုနှစ်မှန်း သေချာမသိ … မှတ်မိတာ နောင် ဆယ်နှစ်ကျော်မှ အဖေက ကရင်လူမျိုး တလိုင်းပေါ့ … အသားခပ်လတ်လတ် ညိုတောင်မညိုရှာပါဘူး အမေက ဧရာဝတီတိုင်း ဝါးခယ်မသူ ဖြူတာမှ ဖွေးရော … ရန်ကင်းမှာ တွေ့ပီး လူငယ်တို့ သဘာဝ ဒွန့်လိုက်တော့ အစ်မတော် ၂ယောက် တရုတ်ပြည်က ကြွာလာလို့ … ကြုံတယ်ထင်ပါတယ် ….. ဖြူဖြူဖွေးဖွေးပေါ့ ။ ဘယ်နဲ့ဗျာ ကျုပ်ကျမှ …. အဲ့တုန်းက နယ်လ်ဆင်မန်ဒဲလားလဲ ခေတ်မစားသေးပါဘူး … အမီတာဘရ်ဂျန်းလဲ ခေတ်မထသေး … ကျုပ်ကျမှ ဂဲမွေးတဲ့ ကာတော်လိပ်က ဆင်းဆင်းချင်း နာ့စ်တွေကြား ဦးအောင်ဇေယျ လက်ရုန်း မီးတောက်တာတော့ ပျင်းတောင် ပျင်းသေးတယ် … ထားပါတော့ … ၈၈မှာ ဥက္ကလာတခွင် ပြဲပြဲစင် မြောင်းထဲမှာ ဝဲဘလက်ဗျစ်နဲ့ ၁၁နှစ်သားကျုပ် ဒေါင်းငါးတွေ ဖမ်းနေချိန် […]