ကိုယ်ကျင့်တရား ….တစ်ကယ်ရှိရဲလား။။။ ကျွန်တော်ကတော့ဗုဒ္ဓဘာသာ ဖြစ်ပါတယ် ဘုရားဟော တရားတော်တွေကို ကျမ်းကိုးကျမ်းကားတွေနဲ့ အော်ကျယ်ဟစ်ကျယ် မပြောတတ်ပေမယ့် မိရိုးဖလာ သက်ဝင်ယုံကြည်ခဲ့တဲ့ ဘာသာတရားကိုပဲ ဆက်လက်လိုက်နာ ကိုးကွယ်နေခဲ့တာပါ။။။။ ဒါပေမယ့်ကျွန်တော်တို့ ဘာသာဝင်တွေဟာ ဘုရားတရားတော်များနဲ့ လိုက်နာကျင့်ကြံ ရမယ် အကျင့် တရား များ  လိုက်နာကျင်ကြံရမယ် အရာများကိုလိုက်နာစောင့်ထိမ်းမှုအားနည်းတာကိုတွေ့ မြင်နေရဆဲပါ ငါပါးသီလ ဆယ်ပါးသီလ စသည်ဖြင့်ပေါ့။။။။။ အရက်ကိုလွယ်လွယ်ကူကူသောက်သုံးနေတာကို တွေနိုင်သလို.. မုသားကိုလွယ်လွယ်ပြောနေတာတွေလည်း ရှိပါတယ်….. ဒါပေမယ့်  သက်ဝင်ယုံကြည်မှုနဲ့ ကိုးကွယ်ကြတဲ့  နတ်/ဘိုးတော် များရဲ့ အဆိုအမိန့် တားမြစ်ချက်တွေကိုတော့ စွဲမြဲ စွာလိုက်နာစောင့်ထိမ်းတာကိုတော့ မျက်ဝါးထင်ထင်မြင်နိုင်ပါတယ် မိရိုးဖလာကိုးကွယ်ယုံကြည်မှုအရ  ဝက်သားမစားတာတို့/ အမဲသားမစားတာတို့/ လုံချည်အင်္ကျီ အနက်မဝတ်ရတာတို့/ နောက်ပိတ်ဖိနပ်မစီးရတာတို့  စသည်ဖြင့်ပေါ့။။။။ ကျွန်တော်ကတော့ တစ်နေ့တစ်ခါဆိုရင် များနေမယ် တစ်လနေလို့တစ်ခါတောင် ဘုရားမရှစ်ခိုးဖြစ်ပါဘူး ဒါပေမယ့် […]