alinsettMay 7, 20131min28112
ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ…? ပြင်းပြတဲ့ သက်ပြင်းတွေကို ရေမရောပဲ ချ လို့ ငါ ပြိုလဲ စိုရွှဲခဲ့တဲ့ နေ ့က ဘယ်သူ ကိုယ်ချင်း စာခဲ့သလဲ ဆိုးဆိုးဝါးဝါး နာကျင်မှုတွေနဲ ့ ငါ့ နှလုံးသား တဖျတ်ဖျတ် ကွဲအက် ကြေမွသွားတဲ့ နေ့က ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ အနုပညာနဲ့ မင်း မတန်သေးဘူး လို့ ငါ မင်းကို ပြောခဲ့တုန်းက မင်းကို ငါ ကိုယ်ချင်းစာခဲ့ပါတယ် အခုလို ပင်လယ်ကြီးတစ်ခုလုံး ငါ့အပေါ် ပိ ကျ တဲ့နေ့မှာတော့ ဘယ်သူ ကိုယ်ချင်းစာခဲ့သလဲ ပလေတိုရဲ့ ကြေးမုံကြီး ငါ့ကို ကြိုးတွေလို တုတ်ထားခဲ့လို့ သွေးစိမ်းရှင်ရှင် ကျပြီး ငါရုန်းထွက်ရတဲ့နေ့က ဘယ်သူ ကိုယ်ချင်း စာခဲ့သလဲ […]