လူပြည့်က ပရိုတွန်နဲ့ ဗြဟ္မာပြည်က နူထရွန် နူးကလိယဖြစ်ဖို့ ထိပ်တိုက်တွေ့သလိုမျိုးပဲ ကြုံတောင့်ကြုံခဲ ခင်ဗျားနဲ့ ကျွန်တော် ရေစက်ဆုံခဲ့တယ်။ သဘာဝကျကျ ကိုယ်ပိုင်ရှင်သန်မှု ပုံစံမျိုးစုံဖြင့် ဆန့်ကျင်ဘက် ကနုတ်ပန်းခြယ် ပုံစံတူဖန်ခွက်လို လူချင်းတူပေမဲ့ ဘဝချင်းခြားနား ဤနေရာမှာ ခင်ဗျားနဲ့ ကျွန်တော် ရေစက်ဆုံခဲ့တယ်။ တစ်ယောက်အား တစ်ယောက် လက်ဆွဲနှုတ်ဆက်တယ် တစ်ယောက်အား တစ်ယောက် ပခုံးဖက်တယ် တစ်ယောက်အား တစ်ယောက် ပြုံးပြကြတယ် အားရပါးရ ကမ္ဘာကြီးပေါ် ခင်ဗျားနဲ့ ကျွန်တော် ရေစက်ဆုံခဲ့တယ်။ နောက်ထပ် ကမ္ဘာစစ် ရပ်တန့်သွားချင်တယ် နောက်ထပ် ဗုံးခွဲမှု မကြားလိုတော့ဘူး နောက်ထပ် ကပ်သုံးပါး ရှောင်ကွာဝေးလိုတယ် နောက်ထပ်ပေါင်းများစွာပေါ့ ပျက်သုဉ်းကြွေလွင့်စေဖို့အရေး နှစ်ယောက်သား လိုအင်ဆန္ဒ ထပ်တူ မျှော်မှန်းလျှက် ခင်ဗျားနဲ့ ကျွန်တော် ရေစက်ဆုံခဲ့တယ်။ အောင်မြင်သလောက် […]