black chawDecember 31, 20112min34221
ကိုသစ်မင်းက ကားမောင်းသလို ဂီယာတစ်ချက်ခြင်းချိန်းပြီး ရွာကိုဝင်လာခဲ့တာပါ။ ပထမ ဂီယာမှာ အရှိန်လေးယူတဲ့အနေနဲ့ ဟာသလေးတွေနဲ့ ရွာကို ဝင်ရောက်လာတဲ့သူပါ။ ဒုတိယဂီယာမှာ အရှိန်နည်းနည်းတင်ပြီး ကဗျာလေးတွေ ရေးလာပါတယ်။ တတိယ ဂီယာကျတော့ ရသစာစုလေးတွေ ဘာသာပြန်ဝတ္ထုလေးတွေ ရေးပြီး အရှိန်နည်းနည်း ထပ်မြှင့်ပါတယ်။ ဒီလောက်မှာတင် ရွာမှာ ကိုသစ်မင်း အခိုင်အမာ နေရာတစ်ခုရခဲ့ပြီဖြစ်ပါတယ်။ နံပတ်လေး ဂီယာကျတော့ စီးပွားရေး၊ နို်င်ငံရေး အမြင်လေးတွေ ရေးပြီး အရှိန်ထပ်မြှင့်ပါတယ်။ အခုနောက်ဆုံးဂီယာကျတော့မှ ဂဇက်ဆီမီနာကို ဦးဆောင်ဆွေးနွေးပြီး ဟိုက်စပိဒ် နဲ့ကို မောင်းနေခဲ့ပြီဖြစ်ပါတယ်ဗျာ။ အဲဒီတော့ ပထမ ဂီယာ ရဲ့ ဟာသပို့စ်လေးတွေနဲ့ အရင်မိတ်ဆက်ပေးပါရစေဗျာ။ “ဟာသလေးတွေပါ အားလုံးရယ်မောပျော်ရွင်နိုင်ပါစေ” https://myanmargazette.net/62696/society-lifestyle ဟာသလေးတွေက ရယ်ရတယ်ဗျာ။ ကောလိပ်ကျောင်းသားထံမှ မိဘများသို့ ပေးစာ ဆိုရင် တော်တော်ရယ်ရပါတယ်။ […]