“ ကျ နော် ဖြတ် သန်း ခဲ့ သော ပ လက် ဖောင်းများ”                                                   (အမှတ်တစ်)   ကျွန် တော် တို့ ရဲ့ ဇာ တာ ထန်း ရွက် ပေါ် မှာ “အသက်  ၁၂ဝ ရှည် စေ သောဝ် “လို့ ရေး လေ့ ရှိ ပါ တယ်။ တ ကယ် တော့ လဲ အ သက် ၁၂ဝ အထိ […]


“မလုံခြုံသောဘဝများ”   တစ်ရက်ကျနော့်မိတ်ဆွေရဲ့ သူ့အိမ်ခေါင်မိုးမှာပန်းခြံလေးလုပ်ထားတယ်ဆိုလို့ သွားကြည့်ဖြစ်ပါတယ်။ သူတို့အိမ်က ဆယ်နှစ်ထပ်မြင့်ပါတယ်။ သူက အတော်ကိုစိတ်ကူးကောင်းကောင်းနဲ့လုပ်ထားတာပါ။ ရှားပါးတဲ့သစ်ခွပန်းတွေနဲ့ ဘွန်ဇိုင်းအပင်လေးတွေကိုစုဆောင်းထားတဲ့သူလဲဖြစ်ပါတယ်။ ကျနော်နဲ့အတူပါလာတဲ့သူတွေကပန်းခြံကိုစိတ်ဝင်တစားကြည့်နေကြပေမယ့် ကျနော်ကတော့ခပ်လှမ်းလှမ်းက ဆောက်လုပ်ရေးလုပ်ငန်းခွင်ကိုဘဲ အာရုံကျနေပါတယ်။ အဲဒီတိုက်က ကျနော် တို့ ရောက်နေတဲ့တိုက်တဲ့တစ်ထပ်ပိုမြင့်ပါတယ်.။ ဆောက်လုပ်ရေးလုပ်သားတွေ ကခေါင်မိုးမှာအလုပ်လုပ်နေကြတာပါ။ ခေါင်မိုးက သစ်သားဘောင်ကို သံရိုက်သူကရိုက် နုတ်သူကနုတ်နဲ့ အလုပ်တွေရှုပ်နေကြပါတယ်။ ရေပိုက်ဆင်နေတဲ့သူတွေကိုလဲတွေ့ရပါတယ်။ နဲနဲအလှမ်းဝေးတော့သူတို့ ဘာလုပ်နေတယ်ဆို တာကိုတော့ သိပ်မသဲကွဲပါဘူး။ ဒါပေမယ့် သူတို့တစ်နွေတိုက်အစွန်အဖျားလေးမှာ ထိုင်ပြီးအလုပ်လုပ်နေတာကို ကြည့်ရင်းကျနော်က အသဲယားလာ ကြောက်လာ ပါတယ်။ အကာအရံ မရှိ အကာအကွယ် မရှိ။ သိုင်းကြိုးတွေဘာတွေနဲ့ချည်နှောင်ထားတာမရှိ။ မတော်လို့များအားလွန်ရင်ဘဲဖြစ်ဖြစ် ခြေချော်လက်ချော် ဖြစ်ရင်ဘဲဖြစ်ဖြစ် မူးမော်လို့ ဘဲ ဖြစ်ဖြစ် အောက်ကိုအချိန်မရွေး ပြုတ် ကျ နိုင်တယ်။ တကယ်လို့ များ […]


“ရွှေအိုရောင် ဒုက္ခများ ”     လွန်ခဲ့တဲ့ တစ်လ  လောက်က ပေါ့။ နေ့လည်ပိုင်း မှာ ကျုပ်ရဲ့အိမ်က “ချုပ်ကြီး “ ဖုန်းဆက်လာပါတယ်။ သူဖုန်းဆက်ပြီးဆိုရင် သူ ဖြေရှင်းလို့မရ တဲ့ ပြဿ နာ တစ်စုံ တစ်ရာအိမ်မှာ ဖြစ်နေပြီ ဆို တာ ကျုပ်အတတ်သိပြီးသား။   “ပြော ဘာဖြစ်လဲ” “ ဟို ဟာ လေ  အိမ်က  အိမ်က ……… “ “ ပြောလေဟာ ညည်း ဆက်မှတော့ အိမ်က မှန်း သိတာ ပေါ့ “ “ နောက်ဖေး လေ  နောက်ဖေး “ “ ဘာလဲ နောက်ဖေးအိမ်က […]


“လှည့်ကွက် ဟုတ်၏ ………မဟုတ်၏”   မဆလ ခေတ်အစက နေပြီး ရှစ်လေးလုံးမတိုင်ခင်ကျနော်တို့ကျောင်းသားဘဝ ကစ လို့ လူလတ်ပိုင်းအရွယ် အထိ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပါး စပ် ပိတ် နုတ်ပိတ်နေခဲ့ကြ ရ ပါ တယ်။ ကျနော်တို့ဘာကိုမှ   ပြန်ပြောခွင့် မရှိ။ ဝေဖန်ပိုင်ခွင့်မရှိ။ မေးမြန်းခွင့်မရှိ။ ရွေးချယ်ပိုင်ခွင့်မရှိ။ ငြင်းပယ်ပိုင်ခွင့် မရှိ။ မရှိဆို ဘာမှ မရှိ။   အကန်းလိုလို အ အလိုလို င တုံးလိုလိုနဲ့ ဘဝ ကိုကြီးပြင်းဖြတ်သန်းခဲ့ ကြရပါတယ်။ အဲဒီအခါမှာ ကျနော် တို့ ရလိုက်တာကတော့ မကျေနပ်ခြင်းဆိို တဲ့ အစိုင် အခဲ ပါဘဲ။ ရင် ထဲ မှာ ကိန်း […]