၁ဝ ။ ထမင်းတစ်နပ်……………… ” ခြေတစ်လှမ်း အကွာက သူတို့နေရာ”(အပိုင်း ၁၀)   ကျနော်တို့နေ့စဉ် အလုပ်လုပ် လုပ်နိုင်ဘို့ အားရှိအောင် ထမင်းစားရတာပေါ့။ ထမင်းစားကြတဲ့အခါ လျှာ ပေါက်စနလေးကို နာမယ်ခံပြီး ကျနော်တို့ရဲ့  စိတ်အရသာပြေအောင် ဟိုဟာ ဒီဟာ ရွေးချယ်စားကြပြန်ပါတယ်။ ဝမ်းတစ်ထွာဆိုတာလေးကိုလည်းပြည့်အောင်ဖြည့်ရင်းပေါ့။ ကြာတော့လည်း ဒီဝမ်းတစ်ထွာလေးဖြည့်ဘို့ ကို က အလုပ်တစ်ခုလိုဖြစ်လာပါတယ်။ တစ်နေ့တစ်နေ့ ထမင်းတစ်နပ်စားဘို့ ရှာရဖွေရတာ ထားလိုက်အုံး ဘာနဲ့စားမလဲဆိုတာကလည်း အလုပ်ကြီးတစ်ခုပါဘဲ။   ဟိုအရင်အကြိမ်တွေကျယ်ခေါင်ကို လာတုံးက ခဏလေးဆိုတော့စားရသောက်ရတာ သိပ်ပြဿနာမရှိခဲ့။ ထမင်းတစ်နပ်အတွက် ဦးနှောက်မစားခဲ့ရပါဘူး။ ဒီတစ်ခါကြာကြာနေတော့ အိမ်မှာလဲချက်ပြုတ်မစားချင်တော့ ဆိုင်ကဘဲဝယ်စားမယ်ဆိုပြီးတွေးထားလိုက်ပါတယ်။ ပထမဆုံးရောက်တဲ့နေ့မှာအရင်ကစားနေကျ ကျောက်ဝိုင်းနားကဆိုင်ကိုသွားလိုက်တာပေါ့။ ခုံပေါ်မှာဟင်းကသုံးလေးခွက်လောက်ဘဲရှိပါတယ်။ ထမင်းစားချိန်လွန်သွားပြီဆိုတော့ဟင်းကသိပ်မကျန်တော့ပါဘူး။ ထုံးစံအတိုင်း ထမင်းစားမယ်လုပ်တော့ တစ်ပွဲဘယ်လောက်လဲအရင်မေးလိုက်ပါတယ်။ တစ်ခါပြင်စားမှာဆိုတော့ ဟင်းထည့်ြုပီးမှဈေးပြောမယ်ဆိုပါတယ်။ သူပြင်ပေးတဲ့ထမင်းထဲကို […]


၉။ လည်လည်သွားမယ်ဆိုရင် ………………. ” ခြေတစ်လှမ်း အကွာက သူတို့နေရာ”(အပိုင်း ၉) ကျယ်ခေါင်မြို့ကျဉ်းကျဉ်းလေးဆိုတော့လည်စရာပါတ်စရာနေရာကတော့ ရှားပါးပါတယ်။ နောက်ဒီမြို့လေးက စီးပွားရေးကုန်စည်ဖလှယ်ရာမြို့ဆိုတော့ အားလုံးကအလုပ်ဘဲ ခေါင်းထဲမှာရှိနေကြပါတယ်။ မြို့အဝင်စ နန်းတော်ပေါက်မှာတော့ အခွန်လွတ် ဈေးဆိုင်ကြီးတွေရှိမယ်။ ကမ္ဘာလှည့်ခရီးသွား (ပြည်မက တရုပ်တွေဘဲလာကြတာများပါတယ်) ဓါတ်ပုံရိုက်ကြတဲ့ နေရာလဲဖြစ်ပါတယ်။ အဲ့နားလေးမှာကျယ်ခေါင်မြို့ရဲ့အထင်က ရလို့ပြောနိုင်တဲ့ ဘုလုံးကြီးကိုထိပ်မှာတင်ပြီး မတ်မတ်ရပ်နေတဲ့ ရွှေနဂါးဟိုတယ်ကြီးရှိမယ်။ ၂၂ထပ်အမြင့်ရှိပြီးဟိုးအဝေးကနေမြင်နိုင်တဲ့အဆောက်အဦးကြီးဖြစ်ပါတယ်။ မိတ်ဆွေတစ်ယောက်ရဲ့ကူညီစောင်မမူ့နဲ့ အဲဒီဟိုတယ်ကြီးရဲ့ခေါင်မိုးပြင် ဘုလုံးကြီးအောက်ကနေပြီးဓါတ်တက်ဖမ်းဘူးပါတယ်။ ရွှေနဂါးဟိုတယ်လို့တရုပ်လိုရေးထားတဲ့ စာလုံးကြီးကိုတင်ထားတဲ့သံပြားပေါ်က နေတက်ရိုက်ခဲ့ကြတာပါ။ နောက်မှသိရတာက အဲဒီစာလုံးကပ်ထားတဲ့နေရာက ၅ပေကျယ်ပြီး၈ပေအမြင့်ရှိတဲ့သံပုံးကြီး ဆိုတာရယ် သံပြားပါးပါးလေးအောက်မှာဘာမှခံမထားဘူးဆိုတာရယ်သိတော့ မှအဲပေါ်တက်ပြီးဓါတ်ပုံရိုက်မိတာကိုပြန်တွေးမိတော့ ဘာမှမဖြစ်တာခဲ့တာဘဲ ကံကောင်းတယ်လို့တွေးမိပါတယ်။ နန်းတော်ပေါက်ကနေရွှေလီမြို့ကိုဆက်သွယ်ထားတဲ့လမ်းမကြီးကိုတော့ (Ran Lu) လူသွားလမ်းမကြီးလို့အမည်ပေးထားပါတယ်။ အဲဒီလမ်းမကြီး ဘေးတစ်ဘက်တစ်ချက်မှာ ဘဏ်တွေလျှပ်စစ်ပစ္စည်းလက်ကားအရောင်းဆိုင်တွေ ဖုန်းအရောင်းဆိုင်တွေတန်းစီလို့ရှိနေပါတယ်။ အဲလမ်းမပေါ်မှဘဲ နာမယ်ကျော် မနောကွင်းဆိုတာရှိပါတယ်။ ဒီမနောကွင်းလေးကတော့ […]


၈။ မြို့ကျဉ်း ကျဉ်း လူ နည်း နည်း အိမ်များများ ” ခြေတစ်လှမ်း အကွာက သူတို့နေရာ”(အပိုင်း၈)   ကျယ်ခေါင်မြို့ လို့သာဆိုပေမယ့် မန်းလေးမြို့ကရပ်ကွက်ကြီးတစ်ခုသာသာလောက်ဘဲရှိတာပါ။ မြို့အကျယ်အဝန်းက တစ်မိုင်ပါတ်လည်လောက်ဘဲရှိမယ်ထင်ပါတယ်။ မြန်မာပြည်နယ် နယ်စပ်ပိုင်းခြားထားတဲ့ သံတိုင်တွေကို ပါတ်ပြီးဖောက်ထားတဲ့ မြို့ပါတ်လမ်းတစ်လမ်းရှိမယ်။ ရွှေလီမြို့ထိအထိပေါက်တဲ့လမ်းမ ရယ် ၄လမ်းလို့ခေါ်တဲ့လမ်းမနှစ်ခုကတော့လမ်းအကျယ်ကြီး တွေဖြစ်ပြီး အရှေ့အနောက်တန်းပြီးဖောက်ထားတဲ့လမ်းတွေပါ။ တောင်မြောက်လမ်းကတော့ လမ်းကျဉ်းလေးတွေ ငါးလမ်းဘဲရှိပါတယ်။ လမ်းဒေါင့်တိုင်းမှာ လမ်း အမည်ဆိုင်းဘုတ်အကျ အနရှိပါတယ်။ လမ်းဘေးဘယ်ညာမှာ တော့ အထပ်မြင့်တိုက်ခန်းတွေတန်းစီလို့နေပါတယ်။ မြို့အတွင်းပိုင်းမှာတာ့ တစ်ထပ်အုတ်တိုက်လေးတွေရှိပေမယ့် အများအားဖြင့်ကတော့ တိုက်ခန်းတွဲတွေဘဲများပါတယ်။ မြို့တောင်ဘက်ခြမ်းနဲ့မြောက်ဘက်ခြမ်းအစွန်တွေကတော့ ဂိုဒေါင်တွေဖြစ်ပြီး မြို့အလည်ခေါင် ကွက်ကွက် ကလေးမှာ ရှိနေတဲ့ တိုက်ခန်းတွေမှာသာ လူအနေများပါတယ်။ မြို့မြောက်ဘက်ခြမ်းအတွင်းပိုင်းမှာတော့ တိုက်ခန်းတွဲသေးသေးလေးတွေမှာတော့ လူနေထူထပ်တယ်ပြောနိုင်ပါတယ်။ လူနေတိုက်ခန်း ငှားခ က […]


၇။ မပျင်းနိုင်ပေါင် တစ်နေကုန်အလုပ်တွေများ…… ” ခြေတစ်လှမ်း အကွာက သူတို့နေရာ “(အပိုင်း ၇)   ကျယ်ခေါင်မှာ အလုပ် လုပ်ကြတဲ့သူတွေထဲမှာ အမျုးိသမီး အင်အားစုက ပိုများမယ်ထင်ပါတယ်။ နန်းတော်ပေါက် က နေဝင်လာရင် ပထမဆုံးစတွေ့ရမှာက အမှတ်တရ ဓါတ်ပုံရိုက်ဘို့အတွက် စောင့်နေတဲ့ ဓါတ်ပုံဆရာတွေကိုတွေ့ရမှာပါ။ ဓါတ်ပုံရိုက်ပေးသူအများစုက အမျိုးသမီးတွေပါဘဲ။ အဲဒီနားမှာဘဲ “အုန်းငှက်ပျောဗန်း”ကိုရွက်ထားတဲ့အမျုးိသမီးနှစ်ယောက်ရယ် ကုလားမလိုဝတ်ထားတဲ့ သူတစ်ယောက်ရယ် ဝူခုန်းနှစ်ယောက်(အဝါတစ်ယောက် အနီတစ်ယောက်)တွေ့ရပါမယ်။ ဝူခုန်းကတော့ ယောက်ျားလေးတွေပါ။ လာလည်တဲ့ဧည့်သည်တွေနဲ့ ဓါတ်ပုံတွဲရိုက်ဘို့စောင့်နေတာပါ။ အဲဒီကနေ နည်းနည်းလေးဆက်သွားလို့ အလံတိုင်လွန်ရင် တရုတ်ငွေနဲ့မြန်မာငွေလဲဘို့အတွက် ပိုက်ဆံတွေကိုင်ပြီးထိုင်စောင့်နေတဲ့ အမျုးိသမီးတွေကိုတွေ့ရပါမယ်။ ငွေလဲလုပ်ငန်းလုပ်တာကတော့ အမျိုးသမီးတွေဘဲလုပ်ကြတာများပါတယ်။ လူနင်းတဲ့ဆိုက်တွဲတွေ တန်းစီထားတဲ့အပေါ်မှာ ဆိုက်တွဲနင်းတဲ့အမျုးိသမီးတွေ ဇာပန်းထိုးရင်း ဖုန်းနဲ့ဇာတ်လမ်းတွဲ ကြည့်နေရင်း စီးမယ့်သူကိုစောင့်နေတာကိုတွေ့ရပါမယ်။ ကျယ်ခေါင်မြို့အနှံ့အပြားမှာ ဆိုက်တွဲဒါမှမဟုတ်သုံးဘီးနဲ့ဈေးလှည့်ရောင်းနေတဲ့ အမျုးိသမီးအများစုကိုလည်းတွေ့နိုင်ပါသေးတယ်။ တို့ဟူးနွေး၊ရာသီပေါ်အသီးအနှံ၊ပေါက်စီ […]


အလှူပွဲကပြန်ခဲ့တယ်   “အလှူပွဲက ပြန်ခဲ့တယ်”   မိုးလေးတဖျောက်ဖျောက်နဲ့ မို့စောင်ခြုံပြီးပြန်အိပ်နေပေမယ့် အောက်ထပ်မှာလုပ်ကြကိုင်ကြနဲ့မို့ နှစ်နှစ်ခြိုက်ခြိုက်တော့ အိပ်မပျော်ပါဘူး။ အဲဒါနဲ့ဘဲအိပ်ယာထ အောက်ထပ်ကိုဆင်းလာတော့ ခြောက်နာရီထိုးပါပြီ။ ကျနော်တို့တည်းတဲ့ခြံရဲ့မြောက်ဘက် က လည်း သူတို့ ရဲ့အမျုးိတွေပါဘဲ။ အဲဒီခြံထဲမှာ ထမင်းဟင်းတွေချက်နေကြပါတယ်။ မနေ့ည ကတည်း က သူတို့တစ်တွေ ဟင်းဘယ်မှာချက်မယ်ဆိုတာငြင်းနေကြတာပါ။ ထမင်းချက်အဖွဲ့ခေါင်းဆောင် လုပ်တဲ့ အလှူ့ရှင်ရဲ့ဦးလေးက အိမ်မှာတင်ချက်မယ်။ တစ်ချို့က ချက်ပြီးသယ်ရတာ ခက်မှာစိုးတော့ ကျောင်းမှာသွားချက်စေချင်တယ်။ ထမင်းချက်အဖွဲ့ကလဲ ဒီမှာချက်တော့ ဆားလို ငပိလို ဆိုရင်လွယ်တယ်။ လိုချင်တာရှိလို့အိမ်ပြန်လာရတာ အချိန်ကြာတယ်။ ကားလဲရှိနေတော့ ချက်ပြီးသားကို အိုးတွေနဲ့ထည့်သည်မယ်လို့ပြောတော့ နောက်ဆုံးအိမ်မှာတင်ချက်မယ်ဆိုတာက အတည်ဖြစ်သွားပါတယ်။   ကျနော်မနက်အိပ်ယာထတော့ သူတို့ နားကိုယောင်ပေပေနဲ့သွားပြီး ဓါတ်ပုံရိုက်ပါတယ်။ အဲဒီမှာတစ်ယောက်က “မင်းတို့ လာရင် ဓါတ်ပုံတွေသာရိုက်ရိုက်သွားတာ ကျုပ်တို့ […]


“ ပျော်ရွှင်ဆင်နွဲ  ရွာအလှူပွဲ”     ချိုက်ဆိုတဲ့ရွာက ရွာကြီးလို့ပြောလို့ရပါတယ်။ အိမ်ခြေ ၃၀ဝ ကျော်လောက်ရှိပါတယ်။ ရွာရဲ့အဓိကအလုပ်က ကြက်သွန်နီစိုက်တယ်။ ကပ်ကြေး လုပ်တယ်။ သူ့ အနေအထားနဲ့သူ သူ့အလုပ်အကိုင်နဲ့ သူ သာယာဝပြောတယ်လို့ပြောနိုင်ပါတယ်။ ဒီရွာလေးမှာလွန်ခဲ့သော (၂)နှစ်လောက်က ရေဘေးဒဏ်ကိုခံလိုက်ရပါတယ်။ ရွာလေးကိုပါတ်ပြီး စီးသွားတဲ့ ယင်းချောင်းဆိုတာ ရွာအောက်မှာရှိပါတယ်။ ရွာကအမြင့် ချောင်းက အနိမ့်ပါ။ ယင်းချောင်းက ပုံတောင်ပုံညာက နေအခြေခံလာပြီး ဧရာဝတီထဲကို စီးဝင် တယ်လို့ဆိုပါတယ်။ အဲဒီယင်းချောင်းထဲကိုတောင်ကျရေတွေလှိမ့်ဆင်းလာပြီး ရွာထဲကိုရေတွေဝင်ပါတယ်။ ကျနော်တို့ တည်းတဲ့ ဆယ်ပေအမြင့်လောက်ရှိတဲ့ နှစ်ထပ်အိမ်ကြမ်းပြင်ကိုရေရောက်တယ်ဆိုတော့ တစ်ရွာလုံး နီးပါးရေအောက်ကို ရောက်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ နှစ်ပေါင်း(၆၀)ကျော်လောက်အတွင်းမှာပထမဆုံးအကြိမ်လို့ ဆိုိုနိုင်ပါသတဲ့။ ရေတွေတအိအိတက်လာတာမြင်တော့ နည်းနည်းလေးပိုမြင့်တဲ့ ရွာလယ်ပိုင်းမှာသွားပြီးခိုနေကြရပါတယ်။ တစ်ချို့ကလဲ ရွာမြောက်ဘက်က ရွှေဂူဘုန်းကြီးကျောင်းပေါ်တက်ပြီးရေ ရှောင်ကြရပါသတဲ့။ အဲ့ပါတ်ဝန်းကျင်မှာ ရွှေဂူကျောင်းက […]


“ချိုက်ရွာလား”   ကျနော်တို့မန္တလေးရုံးမှာမန်းလေးမြို့ခံတွေတင်မကဘဲ အနယ်နယ်က လာပြီးအလုပ်လုပ်ကြသူတွေလဲရှိပါတယ်။ “ချိုက်”ဆိုတဲ့ နာမယ်ထူးထူးဆန်းဆန်းလေး နဲ့ ရွာလေးက လာပြီး အလုပ်လုပ်တဲ့ သူက သူတို့ရွာမှာ ကထိန်ခင်းမယ်လိုက်ခဲ့ပါလို့ပြောလာပါတယ်။ လွန်ခဲ့သောနှစ်က သူတို့ မိသားစုက သိမ်ဆောက်ပြီးလှူတုံးကလဲကျနော်မလိုက်ဖြစ်ခဲ့။ အခုတန်ဆောင်မုန်းလပြည့်မှာတော့ ဆိုင်ကလဲ  ၂ ရက်ပိတ်တော့ လိုက်သွားဘို့ အဆင်ပြေပါတယ်။ ဒါနဲ့ဘဲ အဝေးဖိတ်ညမှာ ကျနော်တို့ထွက်။ အနီးဖိတ်နေ့ညနေအလှူလှည့်။ တန်ဆောင်မုန်းလပြည့်နေ့မှာရေစက်ချ တရားနာ။ အဲဒီုလပြည့် နေ့ နေလည်မှာပြန်မယ်လို့ စီစဉ်လိုက်ကြပါတယ်။ မသွားခင် ၃-၄ရက်လောက်ကတည်းက လှူဘွယ်ပစ္စည်းတွေဝယ်ကြပြုကြနဲ့ အလုပ်တွေရှုပ်လို့ပေါ့။ ကျနော်တို့အတူသွားမယ့်လူက အားလုံး ( ၁၂)ယောက်။ ရွာရောက်ရင် သီချင်းဆိုဘို့ အတွက် မန္တလေးကနေ  ဆောင်းဘောက်တွေစက်တွေ တစ်ခါထဲသယ်သွားကြပါတယ်။ Light truck  နဲ့ သွားကြမှာပါ။ ကားနောက်ခန်းရှေ့ပိုင်းမှာပစ္စည်းတွေကို သေချာတုပ်နှောင်ပြီးတင်။ ပေါ့ပေါ့ပါးပါးလေးတွေက […]


        “ပေါင်းစု”     (24-5-2013)ကဆုန်လပြည့် နေ့ နေ့လည်ခင်း မန်းလေးအောင်တော်မူဘုရားမှာ စတုဒီသာပွဲလေးတစ်ပွဲရှိတယ် ကိုပေါက်လာခဲ့ပါလို့ လှမ်းဖိတ်ပါတယ်။ အဲဒီပွဲမှာ ကူညီလုပ်ကိုင်ပေးမယ့်သူထဲက မိတ်ဆွေကလှမ်းဖိတ်တာပါ။ နန်းရှေ့အောင်တော်မူဘုရားကလဲ ဂန္ဓကုဋီတိုက်အသစ်ဆောက်လုပ်ဆဲဖြစ်ပါတယ်။ ညနေသုံးနာရီကျော်ကျော်လောက်ကျနော်ရောက်သွားပါတယ်။ ဘုရားအရှေ့ပေါက်ဝင်စမှာ မဏ္ဍပ်ထိုးပြီတစ်နေရာ၊ သူ့အနောက်က ဇရပ်ထဲမှတစ်နေရာခွဲပြီးကျွေးနေပါတယ်။ အထဲမှာ တဝုန်းဝုန်း မဖြစ်အောင်အဝင်ဝမှာ စောင့်ပြီး စနစ်တကျဝင်စေပါတယ်။ ရင်ပြင်တော်မှာတော့ လာသမျသူလက်ထဲ အအေးခွက်ထဲ့ပေးပြီးသောက်စေပါတယ်။ မဏ္ဍပ်ထဲမှာ ကြာဇံချက်စားနေသူ။ ဟင်းရည်လိုက်ဖြည့်ပေးသူ။ ပုဂံအဟောင်းသိမ်းသူ။ မုန့်လုံးရေပေါ်လုံးနေသူ၊ ကြာဇံဟင်းကိုအလျင်မီအောင်အိုးကြီးတွေနဲ့ချက်နေသူ။ အအေးဖျော်သူ။ ခွက်ထဲထည့်သူ။ လိုက်ကမ်းနေတဲ့သူ။ ပုဂံတွေဆေးနေသူ။ သူ့တာဝန်နဲ့သူ အလုပ်တွေဇယ်ဆက်သလိုလုပ်နေကြတာကိုမြင်ရပါတယ်။   အဲဒီမှာသွားတွေးမိတာလေးတစ်ခု က လုပ်ငန်းတစ်ခုအောင်မြင်ဘို့ဆိုတာ အထဲမှာပါဝင်ပါတ်သက်သူမှန်သမျှ စေတနာပါပါ တာဝန်သိသိလုပ်ဆောင်မှ ဆိုတဲ့အချက်လေးပါဘဲ။   ဒီအလှူပွဲလေးကို မတည်သူက […]


  “မန်းလေးလာလို့ ဘုရားကြီးရောက်ရင် လုပ်အားနဲ့ကုသု်ိလ်ယူကြပါ”     မန်းလေးမြို့ရဲ့နံနက်ခင်းကို စတင်ဖွင့်လှစ်တဲ့အချိန်ကတော့ မဟာမုနိရုပ်ရှင်တော်လို့နာမတော်ရှိပြီး ကျနော်တို့ မန်းလေးသားတွေအလွယ်ခေါ်လေ့ရှိတဲ့ ဘုရားကြီး ကို မျက်နှာသစ်တော်ရေ ဆက်ကပ်ချိန်ဖြစ်ပါတယ်။ ဘုရားဆင်းတုတော်ကို သက်တော်ထင်ရှားရှိသည့်အလား နေ့စဉ့် မျက်နှစ်သစ်တော်ရေဆက်ကပ်ခြင်းကို ရှေးနှစ်ပေါင်းများစွာကတည်းက ဆောင်ရွက်ခဲ့သည်မှာ ယနေ့ထိ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ဆဲ။ မျက်နှာသစ်တော်ရေ ဆက်ကပ်ရာတွင်အသုံးပြုသောအမွှေးနံ့သာရည်အတွက်  သနပ်ခါးများကို ဘုရားကြီးမြောက်ဘက်စောင်းတန်း၏ အရှေ့ဘက်တွင် သွေးကြပါသည်။ ဘုရားဖူးလာရောက်သူများက တစ်ယောက်တစ်လက် သနပ်ခါးသွေးကာ ကုသိုလ်ယူကြစမြဲ။ မသိသေးသောသူများအတွက် မျှဝေပေးလိုက်ပါတယ်။ ဘုရားကြီးမြောက်ဘက်မုဒ် စက်ဘီးအပ်လက်ခံသောနေရာ၏ အနောက်တည့်တည့်တွင်ရှိပါသည်။ ရောက်တုန်းရောက်ခိုက် ကုသိုလ်ယူနိုင်ပါသည်။     ကိုပေါက်လမ်းသလားနေသည် 7-4-2013        


“အညာတမာအလွမ်း “   ဟိုးကလေးဘဝ ငယ်ငယ်တုန်းကပါဗျာ။ “တမာတောမှာပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ အညာမြေကိုမေ့လို့လား အညာသူလေးကိုမေ့လို့လား ခွဲခွဲခြားခြား ပြောပါမောင်ရေ……………” ဆိုတဲ့သီချင်းများကြားမိရင် ဘယ်လွမ်းလို့ လွမ်းရမှန်းမသိ ခုထိတောင်သတိရနေပါသေးတယ်။   တမာပင်တွေလွှမ်းတဲ့  မန်းမြေက မာဇူးဆိုတဲ့ တက္ကသိုလ်ကျောင်းသားဘဝမှာ မိန်းအဝင်ဝကတမာလမ်း အင်းဝဆောင်နံဘေးက တမာလမ်း သစ္စာရှေ့က တမာလမ်း မြတမာရှေ့ကတမာလမ်း ချစ်သူနဲ့လမ်းလျောက်နေရင်း “တမာမြေကိုရောက်တဲ့ရှမ်းကလေးကျောင်းမှာခင်ကြတာ အစဉ်ပါကွယ်ပွင့်လင်းကြတယ်ဟန်ပန်တွေမလုပ်သူူူ” ဆိုတဲ့သီချင်း ရင်ထဲကို ထိရှ ခုထိတောင်နားထဲကြားနေပါသေးတယ်။         အသက်အရွယ်ရလာ ဘဝမှာခံရတာတွေလဲ မျာများလာပြန်တော့ “မောင်တို့အညာမှာ တမာပင်တန်းတွေနဲ့ ………………………………………………” အညာမိတဲ့အညာသား သီချင်းများကြားရင် အညာအချစ်တွေနဲ့ ပစ်သွားသူကို သတိရ မနေ့တနေ့ကများ ဖြစ်ခဲ့သယောင်ယောင် ခုထိတောင်ရင်ထဲမှာ နာနေဆဲပါဘဲ။ မနေ့က မြေနီနီ […]


    လုပ်စားလို့ရမယ့်နေရာလေး တစ်ခု     လွန်ခဲ့သောသင်္ကြန်တွင်းတစ်ခုမှာလည်ကြပါတ်ကြရင်းနဲ့ လမ်းမှားပြီးဝင်သွားပါတယ်။ အမှန်ကတော့ ဆင်ကျုံးဆိုတဲ့အရပ်နားက မိတ်ဆွေအိမ်ကိုလည်မယ်သူ့ကိုဝင်ခေါ်။ ဖြစ်ချင်တော့ကိုယ်ခေါ်တဲ့လူကပါသွားပြီ။ အဲဒါနဲ့ဘဲ တောင်သမန်အင်းသွားမယ်ဆို ထွက်လာကြပါတယ်။ ကားကတောင်ဘက်ကိုအတွက် အနောက်ဘက်ကွေ့ရမှာကို အရှေ့ဘက်ကွေ့လိုက်ပါတယ်။ အဲတော့သစ်လုံးပုံကြီးတွေကြားထဲရောက်ပြီးလမ်းပျောက်။ နောက်တော့မှဟိုမေးဒီမေးနဲ့တောင်သမန်အင်းဘက်ထွက်တဲ့လမ်းကိုတွေ့ပါတယ်။   အဲဒီမှာ အတော်ကြီးမားတဲ့ အဆောက်အဦပျက်ကြိးနှစ်ခုမှာခြုံနွယ်ပိတ်ပေါင်းတွေ ဖုံးလွှမ်းနေတာတွေ့ရပါတယ်။ ကျနော်အတော်လေးစိတ်ဝင်စားပါတယ်။ အိမ်ရောက်တော့စာအုပ်ပုံမှာမွှေကြည့်တော့ အမရပူရခေတ်က ငွေတိုက်နဲ့ မှတ်တမ်းတိုက်ဖြစ်နေပါတယ်။ ရှေးလက်ရာအစစ်ပါဘဲ။ ဒါပေမယ့် မေ့မေ့ပျောက်ပျောက်။   2010ခုနှစ်မှာတော့ အဲဒီဘက်ကို မကြာခဏရောက်ပါတယ်။ ကျနော်လမ်းသလားပြီးလက်ဆော့နေတဲ့အချိန်လဲဖြစ်ပါတယ်။ အဲတော့ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ရှုပ်ပွထနေတဲ့အဆောက်အဦဘေးမှာအမိူက်ပုံ။ လမ်းဘေးမှာရှိတဲ့ငွေတိုက်ထဲဝင်ကြည့်တော့ အညစ်အကြေးတွေစွန့်ပစ်ထားတာမြင်ရ။ ဒါနဲ့ဘဲရသလောက်ဓါတ်ပုံရိုက်ခဲ့ပါတယ်။ တောင်ဘက်ခြမ်းမှာရှိတဲ့ မှတ်တမ်းရုံးကတော့ ကန့်သတ်နယ်မြေဖြစ်တော့ အဝေးကဘဲ လှမ်းလက်ဆော့ခဲ့ရပါတယ်။ အဲဒါတွေကို တစ်ခါ တင်ပေးဘူးပါတယ်။         […]


  “အညာဒေသကရွာလေးတစ်ရွာသို့အလည်ရောက်ခြင်း” အညာနွေကတော့ပူပါတယ်။ အခုဆောင်းအထွက်နွေအဝင်မှာကို ပူစပြုလာပါပြီ။ အညာဆိုထား ရေငံသောက်မြက်ခြောက်စားလို့ အမှတ်သညာပြုထားကြတာကိုးဗျ။ ပြီးခဲ့တဲ့ရက်ကတော့ မန်းလေးမြို့မြောက်ဘက် ဆယ်မိုင်ကျော်ကျော်လောက်ဝေးတဲ့ရွာလေးကိုရောက်ခဲ့ပါတယ်။ “အင်ကျယ်”တဲ့။ သခင်မတောင်ခြေနားမှာရှိတဲ့ရွာလေးပေါ့။ ကြာနီကန်ထိကတော့ကျောက်လမ်းမ။ အဲဒီကိုလွန်တာနဲ့ အညာဒေသထုံးစံအတိုင်းဖုံထူထူလမ်းကလေး။ ဖုံထူပါတယ်ဆိုမှ နွားအုပ်ဖြတ်တော့ဖုံပိုထသပေါ့။ ရွာထဲကိုဝင်တော့ ဖုန်တလုံးလုံး။         လယ်လုပ်ငန်းလုပ်တဲ့ဒေသဆိုတော့ နွားစာကောက်ရိုးဂိုဒေါင်ရှိမယ်။ နွားတွေရှိမယ်။ အလေ့ကျအပင်လေးတွေနဲ့ရွာစည်းရိုးလေးတွေရှိမယ်။ ဝါးပေါတဲ့ဒေသဆိုတော့ ဝါးလုံးလေးတွေနဲ့ခြံစည်းရိုးခတ်ထားတာရှိမယ်။ အားလုံးကတော့ ခြံကျယ်ဝင်းကျယ်နဲ့ပါဘဲ။ ရွာကအိမ်ခြေသုံးရာကျော်လောက်ရှိတယ်ပြောပါတယ်။ ခြံဝင်းတစ်ခုထဲမှာငှက်ပျောခိုင်ကြီး ကသီးနေလိုက်တာ အားပါးတရ။ ဒါနဲ့ဘဲ ရွာခံအိမ်ကထမင်းကျွေးတာကိုဝင်စားကြပါတယ်။         ကြက်သားအရည်သောက်။ ငရုတ်သီးနဲ့ငါးခြောက်ကြော်။ ငှက်ပျောဖူးကိုသရက်ပိုးတီချဉ်နဲ့ရောသုပ်။ ပဲနှပ်။ စားလို့အတော်ကောင်းပါတယ်။ ထမင်းစားပြီးတော့ နွားနို့စစ် မလိုင်ပျစ်ပျစ်ကို ခြံထွက်ငှက်ပျောသီးကိုကြော်ထားနဲ့ဧည့်ခံပါတယ်။ အားနာစရာမလို ဟန်ဆောင်စရာမလို ဘိုက်ကားအောင်တဝစားပြီးတော့ ပြန်လာခဲ့ကြပါတယ်။ […]