“အဝေးက ဆောင်းပုံပြင်”             ( အပိုင်းသုံး)   “ဖြည် မရ တဲ့ ကြိုး” မမြင် မတွေ့ မကြား ဖမ်းဆုပ်ထားလို့မရ သို့ သော် နှောင်မိရင် ဖြတ်မရ သံယောဇဉ်ဆိုတဲ့ ကြိုးတစ်စ။ နောက်(၂)ရက် ဆိုရင်ခိုင်ပြန်တော့မည်လေ။ ခိုင်က ဒီနေ့ မနက်ပိုင်းတော့ စောစောမထချင်တော့။ ကိုးနာရီလောက်မှ လာခေါ်ဘို့မှာလေသည်။ ဟုတ်တော့လဲ ဟုတ်သည် ပြင်ဦးလွင်သို့ နေ့ခြင်းပြန်ခရီးကို ဆိုင်ကယ်နှင့်သွားသည်ကအတော်ပင်ပန်းသည်မဟုတ်ပါလား။ ဆိုင်ကယ်တွေပေါသည့် မန်းလေးမှာတော့ လူအတော်များများသည် ဆိုင်ကယ်နှင့်သာနေ့ခြင်းပြန် တက်တတ်ကြလေသည်။ အဲဒီနေ့က ကျနော်လည်းအလုပ်တွေရှုပ်တော့ မနက် ကိုးနာရီကျော်မှာသာရောက်လေသည်။ ခို်င် က ခိုတောင်မုန့်တီစားချင်သည်တဲ့။ “ခိုတောင်မုန့်တီက မနက်ပိုင်းလဲ ရတယ်ခို်င်ရဲ့။ ဒါပေမယ့် မုန့်ဖတ်ကတော့ ခိုင်စားဖူးတဲ့ လက်ဖြစ် မုန့်ဖတ်နဲ့တော့ မဟုတ်ဘူး” […]