koyin sithuOctober 25, 20111min903
ကြယ်တွေက ဖွေးခနဲကြွေကြသွားသည်။ ကောင်းကင်က ခဲရောင်တောက်နေ၏။ ရုတ်တရက် မာနကြီးဟန် ပေါက်နေတဲ့ ညခင်းတစ်ခုဟာ ဆော်ဒါနံ့တွေ သင်းပျံ့လာတော့၏။ တော်ရိရောရိ ကိုယ်ဖော့တတ်ရုံလောက်ဖြင့် လူတွေကြားထဲ ရေကူးရတာ ပျင်းဖို့ကောင်းလှပါတယ်။ ကျွန်တော့်ဘဝတွင် ရည်ရွယ်ပြီး မလုပ်ဖြစ်ခဲ့သော ကိစ္စများ တော်တော်များနေပါသည်။ လူများစွာနှင့် လိုက်လျောညီထွေအောင် ပေါင်းသင်းတတ်ဖို့ဆိုတာ ပါရမီလိုအပ်ကြောင်း ကျွန်တော် သဘောပေါက်ခဲ့သည်မှာ ကြာခဲ့ပါပြီ။   ရွာထဲကို စတင်ဝင်လာခဲ့စဉ်တုန်းကလည်း ကျွန်တော်မှာ အများသူငါ ရွာသားတွေလို အွန်လိုင်းမိတ်ဆွေတွေလည်း မရှိ။ အဖွဲ့လည်းမရှိ။ ဝမ်းမန်း ကိုယ်ပိုင်ရှိုးပွဲတွေလို ကျင်းပပြီး ကိုယ်ပိုင်သံစဉ်တွေကို ဟစ်ဟော့ပ်လုပ်ဆိုမည် ဟဲမည်၊ ဆိုသော်လည်း ပံပိုးမည့် ပရိုဂျူဆာများလည်းမရှိ…။ မီးခိုးမှိုင်း ထုတ်ပေးမည့်သူ၊ စပေါ့လိုက် မီးထိုးပေးမည့့်သူ၊ ပန်းကုံး စွပ်ပေးမည့့်သူမရှိ၊ စင်မြင့့်အောက်ကနေ လက်ခုပ်တီး အားပေးမယ့့်သူလည်း မရှိ။ […]