“သူမသိကိုယ်မသိအပြန်အလှန်စနက်ရှော့များ”   ဒီးဒုတ်ဂူအပြန်လမ်း အအေးဆိုင်မှာနားကြတော့ ရိုက်လာတဲ့ပုံတွေဘယ်လိုတင်မယ်ဆိုတာကို အချင်းချင်းညှိကြပါတယ်။ တကယ်သွားတာက စုစုပေါင်းငါးယောက်။ ကိုသော့၊ဖရဲမ၊အလည်ရောက်လာတဲ့ထွန်းဝင်းလတ်ရယ် အလုပ်ပိတ်လို့လိုက်လာတဲ့ကျနော့်တူမလေး(လိုင်စင်ဝင်ပြီး မှတ်ပုံတင်ပြီး)ရယ်ဆိုတော့ အားလုံးငါးယောက်ပေါ့။ အားလုံးလက်ထဲမှာလဲကင်မရာကိုယ်စီပါတော့ ဟိုဆော်လိုက်ဒီဆော်လိုက်။ တော်ကြာ သူကလတင် ကိုယ်ကတင်နဲ့ထပ်ကုန်မှာလဲစိုးပါတယ်။ အဲတော့ကိုသော့ကတော့ ခရီးသွားဆောင်းပါတင်မယ်ပြောပါတယ်.။ ဖရဲသီးကလဲ သူရိုက်ထားတာတင်မယ်ပြောပါတယ်။ ကိုလတ်ကြီးကတော့ မတင်ဘူးတဲ့။ ကျနော်တူမကလဲ ရွာသူမဟုတ်။ သူက ဖေစ်ဘုတ်က သူရဲ။ အဲတော့ကျနော်ကနောက်ဆုံးပိတ်ကနေအိတ်နဲ့လွယ်ဘို့ဆုံးဖြတ်လိုက်ပါတယ်။ နောက်အိမ်ပြန်ရောက်တော့ ပုံတွေအကြောင်းပြန်ပြောရင်းနဲ့ရိုက်ထားတဲ့အထဲမှာကိုယ့်အချင်းချင်းပုံတွေ တကယ့်စနက်ရှော့အစစ်တွေပါနေတာကိုတွေ့ရတော့ ငါးယောက်ပေါင်းပြီး ရိုက်ထားတာတွေထဲက လူပုံထင်ထင်ရှားရှား မပါတာတွေကို ပျော်စရာအမှတ်တရအနေနဲ့တင်ပေးလိုက်ပါတယ်။     ကိုပေါက်တို့ဒီးဒုတ်ခရီးသွားများရဲ့စနက်ရှော့။ (5-4-2012)