“ခြိမ့်ခြိမ့်သဲသဲ ရုတ်ရုတ်သဲသဲ”                  (ငယ်လွမ်းချင်း အမှတ် ၂)     ကျနော်တို့ အမျိုးတွေက မန်းလေးထုံးစံအတိုင်း ဝင်းကြီးတစ်ဝင်းထဲမှာစုနေကြပါတယ်။ အစကတော့ တစိမ်းတွေ။ နောက်တော့လဲ မောင်လှယ်နှမလှယ်တွေနဲ့ဆိုတော့ အားလုံးအမျုးိချည်းဘဲဖြစ်ကုန်ပါတယ်။ အရပ်ဘုရားပွဲဆိုရင် အမျုးိရှိအကုန် ဆုံကြလို့ကတော့ အိမ်မှာအတော်လေးစည်ကားပါတယ်။ ကျနော်နဲ့ညီအကိုဝမ်းကွဲတွေကလဲ အသက်သိပ်မကွာကြပါဘူး။ အကိုဝမ်းကွဲအကြီးဆုံးက လူပျိုပေါက်။ ကျန်တဲ့ညီအကိုတွေကလဲ လေးတန်းငါးတန်းခြောက်တန်းကျောင်းသားတွေဆိုတော့ အရွယ်သိပ်မကွာ။ ဒီဝင်းထဲမှာနေတဲ့ သူရော ဒီပြင့်ရပ်ကွက်မှာနေတဲ့သူပေါင်းလိုက်ရင် (၆)ယောက်တောင်ရှိပါတယ်။ အရွယ်ညီညီတွေဆိုတော့ ဆုံလိုက်ရင်ဆော့လိုက်ကစားလိုက်ကြတာ ဝက်ဝက်ကွဲ။ ပျော်စရာလဲကောင်း တစ်ခါတစ်ခါ ဆော့ရင်းကစားရင်း ရန်ဖြစ်ကြရင်တော့ စိတ်ပျက်စရာကောင်းလှပါတယ်။ ရန်ဖြစ်တဲ့ကလေးချင်းက ပြန်တည့်သွားရင်တောင်မှ လူကြီးချင်းက ခပ်တန်းတန်းဖြစ်ကျန်ခဲ့တဲ့အခါမျိုးမှာပေါ့။ ဒါပေမယ့် လဲ အရေးရယ်အကြောင်းရယ်ဆိုရင်တော့ ပြန်တည့်သွားကြတာပါဘဲ။   “မအုန်းရင်” […]