အိပ်မက်(၆) အဘိုးတစ်သိန်းထိုက်တန်သောရွှေခွက်အတွင်းတွင်ကျင်ငယ်စွန့်ပါလော့ဟူ မြေခွေးအားပေးသည်ဟုမြင်မက်ပုံ အဖြေ။ဆုတ်ယုတ်သောကာလဝယ် အမျုးိမမှန်သော်လည်း အဘိုးတန်သောသမီးရတနာကို သိမ်းယူပါရန်ဒူးတုပ်ခါဆက်သရမည်၊ (ဟုတ်ပါပေသဗျို့ မှန်ပါပေသဗျုးိ)


အဝေးကလှမ်းမြင်ရတဲ့လွမ်းမောစရာစစ်ကိုင်းတောင်ပါ။ သူ့ဘယ်ဘက်ခြမ်းက ဘုရားသေးသေးလေးကတော့ ရွှေကြက်ကျ ဘုရားဖြစ်ပါတယ်။ မြစ်ငယ်ကနေ စစ်ကိုင်းကိုကူးတဲ့လမ်းကလေးရဲ့တစ်နေရာကနေရိုက်ထားတဲ့ပုံလေးပါ။ (21-11-2010) တန်ဆောင်မုန်းလပြည့်နေ့ကပေါ့။


ငယ်ငယ်တုန်းကကြည့်ခဲ့ရတဲ့  တစ်ကျော့နှစ်ကျော့ တေးကိုသီဇာတ်ကားထဲက တင်တင်မြရဲ့  မောင်လေးရေ …………..ထပါတော့ ရောင်နီလာပါပေါ့ ဆိုတဲ့ သီချင်းသံလေးနားထဲကြားလာသလိုပါဘဲ ။ ဒီမြင်ကွင်းလေးကိုမြင်ရတာလေ။


ရှေးဘုရင်များလက်ထက်က ဘုရင်ကို အကြံပေးစာတွေကို ဒီဗျာဒိတ်ပေးဘုရားရဲ့လက်တော်မှာချိတ်လို့ ရွှေပေလွှာ ချခဲ့တယ်လို့ ဖတ်ခဲ့ရဘူးပါတယ်။                                                         အင်မတန်မှ သပ္ပါယ်ပေမယ့် ရှေးဘုရားအစစ်က မီးခသွားတဲ့အတွက် အသစ်ပြန်လည် တည်ဆောက်ပူဇော်ထားတဲ့ ဘုရားလို့တော့ သိရပါတယ်။                                                   (7-11-2010)နေ့မှာ ရိုက်ကူးထားတဲ့ ဘုရားပုံတော်ပါ။