etoneAugust 23, 20111min27520
အလုပ်ပိတ်ရက် ၊နားရက်တွေမှာ … မိမိရဲ့ အားလပ်ချိန်လေးများကို ဘာစိတ်ဖိစီးမှူမှ မရှိပဲ …ပေါ့ပေါ့ပါးပါး ဖြတ်သန်းချင်ကြတာမို့  ကျွန်မအပါဝင် နေ့စဉ်နေ့တိုင်း အလုပ်လုပ်နေရတဲ့ လူအများစုက အလုပ်ပိတ်ရက်ကိုမျှော်လင့်နေကြတာပေါ့ ….. ။ မျှော်လွန်းလို့လား မသိဘူး …. အလုပ်ပိတ်ရက်ကလည်း ရှားရှားပါးပါး …. တနင်္ဂနွေ တစ်ရက်တည်း …. 😀 စနေနေ့တစ်ဝက်ပိတ်တယ်ဆိုပေမဲ့ …  မနက်ပိုင်း ဖုတ်ကူမီးတိုက် ရုံး ပြေး အလုပ်လုပ်ရသေးတယ် …. တစ်ပတ်လုံး အင်တိုက်အားတိုက် အလုပ်လုပ်ပေးထားတာတောင် စနေနေ့ နေ့တစ်ဝက် အလုပ်တက်ခိုင်းတဲ့ အလုပ်ရှင်ကို မေတ္တာပို့မိတာ … အကြိမ်ကြိမ်ပါပဲ …  😛 လိုလိုလားလား တည်ဆောက်ထားတဲ့ ဘဝမဟုတ်ပေမဲ့ … စက်ရုပ်လို အချိန်နဲ့ တပြေးညီလှုပ်ရှားနေရတဲ့ဘဝထဲ ကျင်လည်နေခဲ့တာ … […]