candle .October 25, 20121min25323
ငါးနှစ်ဆိုတဲ့ အချိန်ကာလကြာမြင့်ခဲ့ပေမဲ့လည်း ယခုထိ မမေ့နိုင်ခဲ့သေးပါ.. ရေဝေးသုဿန်ရဲ ့မီးသဂြိုလ်စက်ရှေ ့မှာပေါ့.. ဝိဉာဉ်ကင်းမဲ့နေပြီဖြစ်တဲ့ ကိုကြီးရဲ ့အလောင်းဘေးမှာ ဆွေမျိုးအနည်းအကျဉ်းန ဲ့… မိသားစုဝိုင်းနေတယ်.. ဒီအထဲမှာ candle လည်းအပါအဝင်ပေါ့ ခင်ပွန်းသည်ကတော့ လက်ကိုဆုပ်ကိုင်အားပေးနေပါရဲ ့.. အလောင်းကိုစက်ထဲမထည့်မီ အားရအောင်ကြည့်နေကြတယ်လေ.. အမေ့ရဲ ့တွတ်တီးတွတ်တာဖွဲ ့နွဲ ့ငိုယိုနေပုံ ၊ သူ ့သားကြီးအတွက်ဖြေသိမ့်နိုင်ဖို ့ကြိုးစားနေတဲ့ အဖေ့မျက်နှာ ၊ မင်းရဲ ့အသက် ( 36 ) နှစ်ဘဲရှိပါသေးတယ်ကွာလို ့ရေရွတ်ပြီးအံကြိတ်ထားတဲ့ ကိုကြီးရဲ ့အချစ်ဆုံး ဦးလေး ၊ နီးစပ်ရာဆွေမျိုးတွေနဲ ့ရပ်ဆွေရပ်မျိုးတို ့ရဲ ့ကြေကွဲနေတဲ့ရေရွတ်သံ အမျိုးမျိုး.. ဒါတွေအားလုံးကို ကျွန်မသိနေခဲ့ပါတယ်.. မျက်ရည်ကျနေမဲ့အသံထွက်လို ့မရဘူးဖြစ်နေတယ်.. အတွေးတွေက ဟိုးငယ်ငယ် ကလေးဘဝတွေမှာ မိဘတွေခရီးသွားနေရင် ကိုကြီးက […]