Mr WorldWideApril 9, 20131min23414
အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်မှုနှင့်ကာကွယ်ရေးဌာနမှ နှစ်စဉ်အမေရိကန်၌ လူပေါင်း ၅၀၀၀၀ဝ ခန့်သည် ကင်ဆာရောဂါကြောင့် အသက်ဆုံးရှုံးကြရကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ကင်ဆာရောဂါ တိုက်ဖျက် ရေးနှင့် ပတ်သက်၍ မစ်ဆိုရီတက္ကသိုလ် ပါမောက္ခ အမ်ဖရီဒဲရစ် ဟော်သွန်၏ ဦးဆောင်မှုဖြင့် ကြိုးပမ်းဆောင် ရွက်ခဲ့ကြရာ အောင်မြင်မှုရရှိခဲ့ပါသည်။ ၎င်းအဖွဲ့မှ ကြွက်များတွင် သိသိသာသာ ရောဂါသက်သာလာကြောင်း တွေ့ရှိခဲ့ရပါသည်။ ကုထုံးအသစ်သည် သမားရိုးကျ ကုထုံးများကဲ့သို့ အခြားဘေးဥပါဒ်ဖြစ်ခြင်း (side effect)  များမရှိကြောင်း သိရှိရပါသည်။ ၁၉၃ဝ ခန့်မှစ၍ သိပ္ပံပညာရှင်များသည် ကင်ဆာရောဂါအား Boron neutron capture therapy နည်းစဉ်ဖြင့် ကုသခဲ့ပါသည်။ ယခုအခါ ၎င်းနည်းစဉ်အား နာနိုဓာတုဗေဒ Nanochemistry ပညာရပ် နှင့် ပေါင်းစပ်အသုံးပြုခြင်းဖြင့် အောင်မြင်မှုရရှိခဲ့ကြောင်း အဆိုပါ ပါမောက္ခက ပြောကြားခဲ့ပါသည်။ […]


Mr WorldWideApril 8, 20131min1162
လူတစ်ဦးချင်းစီ၏ အသက်ရှူရာမှ ပြန်လည်ထုတ်လွှတ်လိုက်သည့် အခိုးအငွေ့ကွန်ပေါင်းများသည် လက်ဗွေစနစ်ကဲ့သို့ပင် လူတစ်ဦးချင်းအတွက် ကိုယ်စားပြုပါသည်ဟု သိပ္ပံပညာရှင်များက ဆိုပါသည်။ အဆိုပါ လူခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သည့် ဒြပ်ပေါင်းများသည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ၎င်းအား စစ်ဆေးခြင်းဖြင့် သွေးနှင့်ဆီးကဲ့သို့ပင် ဆေးပညာလောကတွင် ရောဂါရှာဖွေ ဖော်ထုတ်နိုင်ပါသည်ဟု ဆိုပါသည်။   အဘယ်ကြောင့်ဆိုသော် အဆိုပါအသက်ရှူခြင်းစမ်းသပ်မှုသည် တစ်စုံတစ်ရာ အခက်ခဲမရှိဘဲ အဖြေအား ချက်ချင်း သိနိုင်ပါသည်။ ထု့ိကြောင့် ၎င်းသည် မေ့ဆေး၊သို့မဟုတ် ထုံထိုင်းစေသော ဆေးများပေး၍ စမ်းသပ်မှု ထက် ပိုမိုကောင်းမွန်ပါသည်။ ၎င်းအသက်ရှူခြင်းဆိုင်ရာ စမ်းသပ်မှုအား ဆေးသိပ္ပံပညာရပ်တွင် ကျယ်ပြန့်စွာ အသုံးမပြုခြင်းကို နားမလည်နိုင်ခြင်း ဖြစ်ရပါသည်ဟု ဆွစ်ဇာလန် ဗဟိုနည်းပညာတက္ကသိုလ် (ETH) မှ ၎င်းပညာရပ်အား ဦးဆောင်လေ့လာသူ Renato Zenobi  မှ ပြောကြားပါသည်။ […]


Mr WorldWideFebruary 13, 20132min1545
  ဦးနှောက်မှ လျှပ်စစ်ဓာတ်အားထုတ်ယူရန် စမ်းသပ်ချက်ကို အမေရိကန်မက်ဆာချူးဆက်စက်မှုတက္ကသိုလ် (MIT) မှ စမ်းသပ်အောင်မြင်သွားပြီဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါလျှပ်စစ်ဓာတ်အားသည် မိုက်ခရိုဝပ်ပမာဏမျှသာ ရှိပါသည်။ သို့ဖြစ်ပါ၍ အခြားဖုန်းနှင့်အီလက်ထရောနစ်ပစ္စည်းများကို အားသွင်း၍ မရနိုင်ပါ။ သို့သော် ရည်ရွယ်ချက်မှာ ဦးနှောက်အတွင်းမှာရှိသော လူတို့ထည့်သွင်းထားသည့် Chip များကို ပြန်လည်အားသွင်းရန် ဖြစ်ပါသည်။ ဦးနှောက်တစ်ခုထဲတွင် မဟုတ်ဘဲခနာကိုယ်ထဲရှိ မည်သည့်အားသွင်းရန် လိုအပ်သော ပစ္စည်းကို မဆိုအားသွင်းပေးနိုင်ရန်ဖြစ်ပါသည်။ ယခုလက်ရှိအသုံးပြုနေသောနည်းလမ်းမှာ အားသွင်းရန်လိုအပ်သော ပစ္စည်းကိုခနာကိုယ်ထဲမှပြန်လည်ခွဲထုတ်ယူခြင်း၊ သို့မဟုတ် ရေဒီယိုလှိုင်းဖြင့် အားသွင်းခြင်း ဖြစ်ပြီး ဦးနှောက်အတွင်း၌ ထည့်ထားသော Chips များကို ဆက်လက်အလုပ်လုပ်ဆောင်စေပါသည်။ ခွဲစိတ်ထားသူအချို့အား အသက်ဆက်လက်ရှင်သန်နိုင်ရန်အတွက် လျှပ်စစ်ပစ္စည်းများအား ခနာကိုယ်တွင်းသို့ ထည့်သွင်းအသုံးပြုကြသောနည်းပညာအား နှစ်အတန်ကြာကတည်းကပင် အသုံးပြုခဲ့ကြပါသည်။ ယခုအခါ၌ ၎င်းစက်များကို အပြင်သို့ထုတ်၍ အားသွင်းရန်မလိုအပ်ဘဲ ခနာအတွင်း၌ပင် အားသွင်းနိုင်မည့် […]


Mr WorldWideFebruary 4, 20131min801
ဝါရှင်တန်ပြည်နယ်တက္ကသိုလ်မှ သုတေသနပညာရှင်များသည် သတ္တဝါမျိုးဆက် သုံးဆက်အထိ အန္တရာယ်ဖြစ်စေမည့် သဘာဝပတ်ဝန်းကျင်အဆိပ်သင့်မှု အဆိပ်စာရင်းအား ပြုစုခဲ့ပါသည်။ အွန်လိုင်းဂျာနယ် PIOS ONE ၏ ရေးသားချက်အရ မော်လီကျူးဇီဝပညာရှင် မိုက်ကယ်စကင်နာ (Michael Skiner) ဦးဆောင်သော သိပံပညာရှင်များ၏ စာတမ်းအရ ပလတ်စတစ်ဒြပ်ပေါင်း Plasticizer Biepheno-A၊သို့မဟုတ် BPA၊ DEHP(DiEthyHexyl Phthalate) နှင့် DBP (Dibutyl Phthalate) များအား ကြွက်များတွင် ထိတွေ့စေခြင်းဖြင့် မျိုးပွားမှုဆိုင်ရာရောဂါများနှင့် အဝလွန်ခြင်းအကြောင်း ဖော်ပြခဲ့ပါသည်။ Reproductive Toxocology ဂျာနယ်၏ ဆောင်းပါးခွဲတစ်ပုဒ်တွင် စစ်ဘက်၌ JP8 ဟု သိကြသော ဟိုက်ဒရိုဂျင်ကာဘွန်ဒြပ်ပေါင်း ကျယ်ပြန့်စွာ အသုံးပြုခြင်းကြောင့် မျိုးရိုးဗီဇရောဂါများ ဖြစ်ပွားခဲ့ကြောင်းနှင့် ပတ်သက်၍ ပထမအကြိမ် လေ့လာထားမှုကို တင်ပြရေးသာခဲ့ပါသည်။ Skinner ၏ […]