moonpoemMay 22, 20141min22211
ကျိုက်ထီးရိုးဘုရားသည် တောအထပ်ထပ် တောင်အထပ်ထပ်ကြားတွင် တည်ရှိသဖြင့် နတ်ကြီးသည။် ပါးစပ်မဆော့ရ။တကယ်ဖြစ်တတ်သည်။ ရှေးအခါက လူအုပ်စုများ ဖွဲ့၍ တောင်တက်ရာ၌ လူရွှတ်လူနောက်တစ်ယောက်က တောင်ဒီအတိုင်း တက်ရာတာ မောသကွယ်နောက်ကကျားလိုက်မှ မြန်ပေဦးမယ် ဟု ပြောလေရာ သိပ်မကြာခင်ကျားဟိန်းသံများ ကြားလာရသဖြင့် ပြန်လည်တောင်းပန်မှ ကျားဟိန်းသံ ပျောက်လေ၏ဟု အဘွားက သူတို့ခေတ်က ကျိုက်ထီးရိုးအကြောင်းပြောပြဘူးသည်ကို မှတ်မိနေ၏။ ကျွန်မသည် ငယ်စဉ်က ရောက်ခဲ့ဘူးသော်လည်း သိပ်မမှတ်မိ။သို့သော် ၂၀၁ဝခုနှစ်တွင် ကျိုက်ထီးရိုး ဘုရားကို တိုးဂိုက်အလုပ်ဖြင့် ရောက်သောအခါက ညဘက်ဧည့်သည်နှင့်အတူ ဘုရားတက်ကြသည်။ ် အောက်တိုဘာလဖြစ်ပြီး ဘုရားဖူးဧည့်ပါးသေးသည်က တစ်ကြောင်း ရာသီဥတု သာယာသည်က တစ်ကြောင်း ကြည်ညိုစိတ်များ ပြည့်လျှံကာ ကျိုက်ထီးရိုးဘုရားအား ယခုကဲ့သို့ မကြာခဏလာရောက် ဖူးမြော်ရပါစေသားဟု ဆုတောင်းခဲ့လိုက်၏။ ထိုအချိန်က ယခုကဲ့သို့ တောင်ပေါ်အထိ foreigner […]