ကျုပ်…..ကနေ့ မူးနေတယ်ဗျ။ အယ်….. ဒါဆိုရင် ခါတိုင်း ရက်တွေကျတော့လို့ …. မမေးနဲ့ … ဟဲဟဲ သောက်တာပါဘဲ။ ဒီမှာတင် စကားအချိုးက ပြောင်းသွားဘီ သိတယ်ဟုတ်.. နိူင်ငံရေး သမားလုပ်မလို့ ဝေ့လည်ကြောင်ပတ်စကားထက် အထက်မရောက် အောက်မရောက် ဆယ်ရောက်နားထောင်ရင် ဆယ်ပုံ ဆယ်ကြောင်း ဖြစ်အောင် မနည်းလေ့ကျင့်ထားတာ။ အလကားပြောတာပါ မူးနေတော့ ဒီလိုဘဲ ဟိုပြောသည်ပြောပေါ့ အရက်သမား စကားမပီ၊ အရက်သမားစာ မတည်တော့ ဘယ်လိုလူ လက်ခံလိမ့်မတုန်း၊ ထားပါ ဒါကလဲ ပုတ္တောတွေပါ။ ဒီတလော ဘာဖြစ်တယ် မသိဘူး အရက် သောက်လို့ သိပ်မကောင်းတော့ဘူး၊ အရင်ကတော့ အရက်ကလေး တပက်လောက်ငှဲ့ ပီးရင် တချိန်က နှောင်းအတိတ်လွမ်းစရာတွေကို တယောက်ထဲ ပါးစပ်ကလေးလှုပ်ပီး စားမြုံ့ပြန် ကျုပ်ဟင်းဖုန်းထဲက စန္ဒာယားထွန်းညွန့်ရဲ့ “ကိုယ့်ရပ်ဌာနေ”သီချင်းလေးဖွင့် နားကြပ်လေးတပ် အရည်လယ် ခံစားဖြစ်သဗျ၊ အဲ နှစ်ခါလောက်ကျော့ နားထောင်ပီးရင်တော့ အင်တာနက်ဖွင့် နိူင်ငံရေးအကြောင်းတွေဖတ် အဲအချိန် […]