asiamastersNovember 17, 20101min1877
လူသားတစ်ဦးဟာ သူကြိုက်တဲ့ နိုင်ငံအုပ်ချုပ်မှု အယူဝါဒကိုရွေးချယ်နိုင်ပါတယ်။ ဒီမိုကရေစီကို ကြိုက်သူများဟာ ဒီမိုကရေစီကိုအားပေးနိုင်ပါတယ်။ ဒီမိုကရေစီစနစ်ကျင့်သုံးနိုင်အောင် အားထုတ်နိုင်ပါတယ်။ ယနေ့ တရုတ်ပြည်နဲ့ ဗီယက်နမ်နိုင်ငံတို့လို Post Capitalism ဆိုဆို Post Communism ဆိုဆို တစ်ပါတိအုပ်ချုပ်တဲ့ပုံစံကိုကြိုက်သူတွေကလည်း မိမိနှစ်သက်ရာအားပေးနိုင်ပါတယ်။ အားထုတ်နိုင်ပါတယ်။။ ဘာသာရေးဆိုရင်လဲကိုယ်နှစ်သက်ရာဘာသာရေးကိုရွေးချယ်နိုင်ပါတယ်။ ဘယ်လိုနိုင်ငံရေးအယူပဲရှိရှိ၊ ဘယ်ဘာသာကို ကိုးကွယ်ကိုးကွယ်၊ အရွယ်ရောက်ပြီးသူ အသက်အရွယ်မရွေး၊ ကျားမမရွေး မရှိမဖြစ်လိုအပ်တဲ့ အခြေခံလို အပ်ချက်ကြီးငါးရပ်ရှိပါတယ်။ အဲဒါတွေကတော့ ဝင်ငွေ (Income)၊ ဗဟုသုတ (Knowledge)၊ ခွန်အား (Strength)၊ နည်းပညာ (Technology) နဲ့ လူသားဆန်မှု (Humanity) တွေဖြစ်ပါတယ်။ ဒီငါးခုကို တစ်ခုမှ နားမလည်သူတွေဟာ ပြောချင်တာတွေပြောနေပါစေ၊ ဘာမှ ဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ကြပါဘူး။ တစ်ခုခုလိုအပ်နေသူတွေကတော့ ဘဝမှာ အခက်အခဲတွေ့ကြရမယ်။ ဒီအခြေခံလိုအပ်ချက်ကြီးတွေထဲမှာအရေးကြီး ဆုံးက […]