ကျွန်တော့်ရဲ့ဒီပို့စ်ကိုတင်ရခြင်းရည်ရွယ်ချက်ကတော့ နုပျိုခြင်းဆိုတဲ့အရာနဲ့ဇရာဆိုတဲ့အရာကိုချိန်ထိုးကြည့်စေချင်တာဖြစ်ပါတယ်… လူတွေရဲ့ဘဝနဲ့ပုံသဏ္ဍာန်တွေဟာထာဝရပြောင်းလဲနေတယ်ဆိုတဲ့မတည်မြဲခြင်းရဲ့ထာဝရအမှန်တရားကိုတွေးတောကြည့်ရင် ပရိတ်သတ်ကြီးရေ……သင်ဘာတွေပြင်ဆင်ထားပြီးပြီလဲဗျ……. ဘာတွေကောဆောင်ရွက်ခဲ့ပြီးပြီလဲ……..ကောင်းတဲ့သစ်ပင်စိုက်ရင်အသီးအပွင့်ကောင်းတွေရမယ်… မကောင်းတာစိုက်ခဲ့ရင်မကောင်းတဲ့အသီးအပွင့်တွေရမယ်…. အချိန်ဆိုတာနီးလာပါပြီ…….လုပ်သင့်တာတွေလုပ်ကြရအောင်….ပြင်သင့်တာတွေပြင်ကြရအောင်….