manawphyulayApril 30, 20121min562
အရင်က စာတွေ ဘာတွေကော ရေးဖူးသေးလားရှင့်။ ဟုတ်ကဲ့ခင်ဗျ။ ကျွန်တာ် ကာတွန်းငွေကြည်မှာ ဖော်ပြခြင်း ခံရသော ကျွန်တော်ရေးခဲ့သည့် ကလေးအတွေးနဲ့ ဟာသစာမူလေးများကို ပြောပြပါမယ်။ ကျွန်တော် ၁ဝတန်းအောင်ကာစက တက္ကသိုလ်၊ကောလိပ်တွေ မဖွင့်သေးမီ ဘာလုပ်ရမလဲ စဉ်းစားတာပေါ့။တစ်ခုခုလေး လုပ်ရင်ကောင်းမလားပေါ့နော်။လူငယ်ဆိုတော့ စီးပွားရေးဆိုတာကိုမလုပ်တတ်သေးဘူးလေ။အဲဒီတော့ မိမိ ဝါသနာ ပါရာ စာရေးခြင်း အလုပ်ကို လုပ်ဘို့ ဆုံးဖြတ်ခဲ့တာပေါ့နော်။ စာရေးဆရာ တစ်ယောက်မဟုတ်တော့ အစီအစဉ် ကျချင်မှ ကျမှာပေါ့နော်။အဲလိုနဲ့ စာရေးဘို့ မိဘတွေ မသိအောင် ခြင်ထောင်ထဲမှာ မီးလုံးလေးကို ထွန်းပြီး စာစရေးတာပေါ့ဗျာ။အဲဒီ အချိန်တုန်းက ရွှင်ပြုံးတို့၊တေဇတို့ ရုပ်ပြောင်စာစောင်တွေခေတ်ကိုးဗျ။ ကာတွန်းငွေကြည်က သူ့ဆီ ပို့တဲ့ ဟာသစာမူလေးတွေကို ကြိုက်ရင် သုံးမယ်ဆိုတာနဲ့ လိပ်စာအတိုင်း ပို့ပြီး စ စာရေးဖြစ်တာပေါ့နော်။လူဆိုတာ အောင်မြင်ရေးလမ်းစကို ကိုယ်တိုင်ရှာကြံရတယ် […]