အင်္ဂလိပ်လို War ကို ဘယ်သူကများ “စစ်” လို့ မြန်မာပြန်ခဲ့သလဲ မသိပါဘူး။ စစ် ဆိုတာ စစ်မှန်ခြင်း၊ အစစ်လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ တစ်နည်း အားဖြင့် အတု အယောင်ရဲ့ ဆန့်ကျင်ဘက်ပေါ့။ စစ်ပွဲတစ်ပွဲ ဖြစ်ပြီဆိုရင် လူသားတွေ သိန်းနဲ့ သန်းနဲ့ချီ သေဆုံးကြရတယ်။ အိုးအိမ်တွေ ပျက်စီးကြတယ်။ မိသားစုတွေ ရှင်ကွဲသော် လည်းကောင်း၊ သေကွဲသော် လည်းကောင်း ကွဲကွာကြရတယ်။ မျက်ရည်မိုးတွေ သွန်းဖြိုးကြရတယ်။ လူသားတွေ ဒုက္ခ ရောက်ကြရပါတယ်။ သုခမရှိ၊ ဒုက္ခအတိ ဖြစ်နေတာကို ကောင်းတယ်၊ မှန်တယ်၊ စစ်မှန်တယ်ဆိုပြီး “စစ်” လို့များ အဓိပ္ပါယ် ဖွင့်ဆိုခဲ့ကြတာလား။ ကိုယ် ဒုက္ခမရောက်ရင်ပြီးရော၊ သူများတွေ ဘယ်လို ဒုက္ခတွေနဲ့ပဲ ကြုံတွေ့နေကြပါစေ၊ […]


ညကလည်း ဝေါဟာရနဲ့အညီ မှောင်နေသည်။ မိုးတွင်းမိုးကြောင့် ကြယ်ရောင်လည်းပျောက်၊ တဒေါက်ဒေါက် တံခါးခေါက်သံကြောင့် လှမ်းမေးလိုက်ရသည်။ ” ဘယ်သူလဲ ” ဖြေသံ မကြားရ။ ထို့ကြောင့် ထပ်မေးလိုက်သည်။ ” ဘယ်သူလဲလို့ မေးနေတယ်လေ ” ဘာသံမှ မကြားရ။ တစ်ယောက်ယောက် လာနောက်သွားတာ ဖြစ်မည်။ ခင်းလက်စ အိပ်ရာခင်းကို ထပ်ခင်းရင်း မိုးအေးအေးနဲ့ ကွေးမလို့ ဟန်ပြင်လိုက်သည်။ ” ဒေါက် … ဒေါက် … ဒေါက် ” ” လာနောက်မနေနဲ့ကွာ၊ ဒီမှာ အိပ်တော့မယ် ” တစ်ချက် လှမ်းအော်ပြောလိုက်သည်။ စောင်ကို ဆွဲခြုံရင်း မျက်လုံးမှိတ်လိုက်သည်။