ဒီနှစ် သင်္ကြန် ပိတ်ရက်ရှည် မှာ ရွာ မှ ဆွေတော် မျိုးတော်များမှ မဖြစ်မနေပြန်လာခဲ့ကြရန် အမှာ ရှိနေ၍ ပြန်ဖြစ်ဖို့ အလေးသာနေပါသည်။ ယခင် ယခင် လွန်ခဲ့သောလေး ငါး ခြောက် နှစ်ခန့်ကသွားခဲ့သလို အလုပ်ကိစ္စမပါပဲမိသားစု ပြည်တော်ပြန် ခရီးစဉ်မျိုးဖြစ်သည်။ ကျတော်တို့နေထိုင်ရာ ဒေသ အကြောင်း ခရီးသွားပို့စ် ရေးချင်ပါသော်လည်း ရေးအုံးမည် ဟူသောအကြံမပါ ခရီးသွားခဲ့ရ၍မရေးနိုင်ခဲ့။အလုပ်ကိစ္စသည်သာ ဦးစားပေးဖြစ်၍ အခြား လေ့လားစရာများ ဖော်ပြပေးစရာခေါင်းထဲမကျန်ရစ်။ ဓါတ်ပုံလဲ မရိုက်ခဲ့ရ။ ယခု တခေါက် ထွက်ဖြစ်မည် ဆိုပါက ပို့စ်တင်နိုင်အောင်ကြိုးးခဲ့ပါမည် ဟု ကြံစည်ထားပါသည်။ ရွာထဲမှ မိမိသိလိုသော အကြောင်းအရာများကို မန့်ပေးခြင်းအားဖြင့် ပိုစ့် ကို ပြည့်စုံစေ နိုင်မည်ဟု မျော်လင့်မိပါသည်။ ခရီးသွားပိုစ့် မျိုး မရေးဘူး၍လိုအပ်သည်များ […]