မောင်ဦးဆိုတဲ့နာမည်ကြားရင်တော့ ရခိုင်ပြည်နယ်သူ ပြည်နယ်သားများ၊ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေနဲ့ ကောင်းကောင်းကြီး သိကြ မှတ်မိကြမယ်လို့ထင်ပါတယ် ။ ဘယ်တော့မှမပြုံးတဲ့ မျက်နှာထားနဲ့ လောဘကြီး ၊ ဒေါသကြီးတဲ့ စစ်ဗိုလ်ချုပ်ဟောင်းကြီးတစ်ဦးပါ ။ အခုတော့သူက အရေခွံပြောင်း လို့ လွှတ်တော်အမတ်ကြီး၊ ကြံ့ဖွံ့ပါတီ ရခိုင်ပြည်နယ်တာဝန်ခံ စတဲ့ ရာထူးတွေကိုခံယူပြီး ရခိုင်ပြည်နယ်သူ ပြည်နယ်သားတွေကို နှိပ်စက် ဒုက္ခပေးနေပြန်ပါပြီ ။ အတည်မပြုနိုင်တဲ့သတင်းတစ်ခုအရ ဦးမောင်ဦးရဲ့ဖခင်ဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ရေတပ်မှာ တာဝန်ထမ်းဆောင်စဉ်က အရမ်းဆိုးလွန်းတဲ့အတွက် ရခိုင်သားများ ဝိုင်းသတ်လို့သေခဲ့ရတယ်လို့သိရပါတယ်။ အဲဒီအငြိုးတွေကြောင့်ပဲလားမသိပါဘူး ။ ဗိုလ်ချုပ်မောင်ဦးအဖြစ် ရခိုင်ပြည်နယ်တိုင်းမှူး တာဝန်ထမ်းဆောင် စဉ်အချိန်ကတည်းက ရခိုင်ပြည်သူတွေကို ဖိနှိပ်ခဲ့ပါတယ်။ နှိပ်စက်ခဲ့ပါတယ်။ တိုင်မှူးဘဝတုန်းက ရခိုင်ပြည်နယ် မှာရှိသမျှ သယံဇာတတွေကို အားလုံးယူဆောင်သွားခဲ့ပါတယ် ။ တိုင်းမှူးတစ်ဦးထက် စီးပွါးရေးသမားတစ်ယောက်ရဲ့ […]