ခင္ခOctober 5, 20131min1709
“ ဒီလမ်းကလေးက ´´   ဒီလမ်းကလေးက ဖြောင့်ဖြူးပါသည် ခလုတ်ရှိလည်း ဝိုင်းကာရှင်းကြ။   ဒီလမ်းကလေးက ရွာဝင်လမ်းပါ ကြည့်မိပါက ရွာတန်းရှည်လည်း မြင်ရစဲပါ။   ဒီလမ်းကလေးက ရွာသူရွာသားဆုံကြများပြီး ငြင်းကြခုန်ကြ ပြောဆိုခဲ့လည်း စိတ်နာစိတ်ဆိုး မရှိခဲ့ပါ။   ဒီလမ်းလေးက ဆုံတွေ့ခင်မင် စိတ်တူဖြစ်လို့ စုကာဝေးပြီး အသင်းအဖွဲ့လည်း ဖြစ်ခဲ့ပါ၏။   ဒီလမ်းလေးက သင်အတွက်ပျော်ရွှင် ပေးခဲ့ဘူးသည်၊ ဒီလမ်းလေးက သင်လည်းယခင် လျှောက်ခဲ့ဘူးသည်၊ ဒီလမ်းလေးက သင့်အတွက်တော့ ရင်းနှီးဖူးသည်၊ ဒီလမ်းလေးက ဘော်ဒါအပေါင်းအသင်း ရခဲ့ဘူးသည်၊ ဒီလမ်းလေးက ဗဟုသုတစုံညီလှစွာ ခံစားရခဲ့ပါသည်။   သင်လျှောက်ခဲ့ဖူးရာ ဒီလမ်းလေးက ခြောက်ခါနေပေါ့ သစ်ရွက်ကြွေလျှော့ မိုးစက်တို့ဆင်း မြေကိုထိလို့ နှင်းတွေဝေစွာ အေးလှမည်တစ်ခါ ဥတုသုံးလီ ပြောင်းကာနေလည်း […]


ခင္ခOctober 4, 20131min28313
“ လွမ်းတသသနှင့်သာ အိပ်နေပါတော့မည် ´´   တစ်ခါတုန်းက စည်ကားခဲ့ရာ ခင်ခ ရေးတင် ပိုစ့်များတွင် ပြန်လှန်ပြောဆို ငြင်းကြအစုံနဲ့ ကွန်မန့်တွေများ ပိုစ့်လေးများဝယ် အခုတော့လည်း တွက်ရေချိုးရင် ဆယ်ချောင်းမပြည့်ချင် ခင်မင်ရှိရင်း သိကြသူချင်း ပြန်လှန်မန့်ရေး ထိုမျှလောက်လေး တွေ့ခဲ့ရတော့ စိတ်ရယ်အင်အား ရေးနိုင်လက်များ ချည့်နဲ့နှေးကွေး မှိုင်ချငေးကာ လွမ်းမိပါသည် တစ်ခါတုန်းက ရွာပိုစ့်များဆီ။   သစ်ရွက်ခတ်သံ လေညင်းသွဲ့သံ ထိုသံမှတစ်ပါး အခြားသံများ တိတ်ဆိတ်လွန်းလှ နံဘေးမှာမို့ တစ်ကိုယ်တည်း ငိုက်မြည်းလာလို့ လွမ်းတသသနှင့်သာ အိပ်နေပါတော့မည်။   ခင်ခ။