CrystallineMay 21, 20121min24921
စားရိတ်စက အသက်သာဆုံးနိုင်ငံခြားခရီးသွားချင်ကြလား စားရိတ် အသက်သာဆုံးဖြစ်နိုင်မယ့်ထင်တဲ့ နိုင်ငံခြားခရီးစဉ်လမ်းညွှန်လေးကို ဝေမျှပေးလိုက်ပါတယ်။ ရေမြေခြားပြီ – နိုင်ငံ ခြားသွားပြီ ဆိုကတည်းက အကွာအဝေး ဘယ်လောက်ပဲခြားခြား oversea trip ပဲပေါ့နော်။ ကျမ ဝေမျှချင်တာကတော့မြဝတီ၊ မဲဆောက် ခရီးစဉ်ပဲဖြစ်ပါတယ်။ ရွာသူရွာသားတွေထဲမှာရောက်ဖူးတဲ့သူတွေလည်းရှိမှာပါ။ ကျမကတော့ ၃ခါရောက်ခဲ့ပြီးပြီးပေါ့နော်။ ပထမတစ်ခေါက်ရောက် တုန်းကတော့ သာသမညဆရာတော်ဘုရားကြီးသက်တော် ထင်ရှားရှိနေသေးတယ်။ ဆရာတော်ဘုရားကြီးက အဲဒီမြဝတီလမ်းကို အသစ်ပြန်လည်ပြုပြင် ချဲ့ထွင်ခဲ့တာပေါ့။ ပထမဆုံးအခေါက်မှာတော့ ဆရာတော်ဘုရားကြီးကျေးဇူးနဲ့လမ်းတွေက အရမ်းချောမွေ့ကောင်းမွန်ပြီး ဒေါနတောင်တန်းနဲ့သဘာဝအလှတွေကို ပြည့်ပြည့်ဝဝ ခံစားခဲ့ရပါတယ်။ ဒုတိယ တစ်ခေါက် လွန်ခဲ့တဲ့၄နှစ်လောက်မှာတော့ လမ်းတွေပျက်စပြုနေပြီ ပေါ့။ အဲဒီတခေါက်မှာကတော့ ကျမတို့မသွားခင်တစ်ရက်မှာ ဖြစ်ထားတဲ့ ဖြစ်စဉ်တခု ရဲ့ အကြွင်းအကျန်တွေကို ကော့ကရိတ်မြို့ကထွက်ပြီး တောင်ပေါ်စတက်တဲ့အချိန်မှာတွေ့လိုက် ရတယ်။ တကယ့်ကို စိတ်ထဲလေးသွားသလိုခံစားခဲ့ရတယ်။ ကံကောင်းစွာနဲ့ပဲ အသွားအပြန် […]