KingDecember 23, 20111min30418
ဒီနေ့ ကျွန်တော့်အတွက် မင်္ဂလာသတင်းဆိုရင်လည်း မမှားပါဘူး ဘာလို့လဲဆိုတော့ ပြင်သစ်နိုင်ငံအခြေစိုက်နယ်စည်း မခြားသတင်းထောက်များအဖွဲ့(Re-porters Without Borders-RSF)ကနေ ဆုချီးမြှင့်ပွဲ အတွက် ဖိတ်ကြားလာလို့ပါပဲ … ဂေဇက်မှာပဲ ပေါက်ကရနဲ့ မတောက်တခေါက်ရေးဘူးတဲ့ ကျွန်တော့်ကို ဖိတ်ကြားလာတော့ အံဩမိတာ မဆန်းလိုက်ပါဘူးနော် … ဒါနဲ့ပဲ ပြင်ဆင်စရာရှိတာ ပြင်ဆင်ဆိုတော့ ပတ်စ်ပို့ ရှိရဲ့လား ရှာကြည့်တော့ ရေကန်အသင့်ကြာအသင့်ဆိုသလိုပဲ ကွန်ပျူတာအံဆွဲထဲမှာ အသင့်ရှိနေပြန်တော့ စိတ်ချမ်းမြေ့ စရာတွေချည်းပဲပေါ့ … ဒါနဲ့ လေယျာဉ်လက်မှတ်ကိစ္စကိုလည်း ပူစရာမလိုဘူးဗျ ဖိတ်ကြားစာနှင့်အတူ လေယျာဉ်လက်မှတ်ပါ တစ်ပါတည်း ထည့်ပေးလိုက်လို့ပဲ … စကားချီးတွေတော့ အများကြီး မပြောတော့ပါဘူးလေ … ထုံးစံအတိုင်း ဘန်ကောက်ကနေ ပြောင်းစီးပြီး ပြင်သစ်နိုင်ငံ ပါရီ (Paris) မြို့ကို ရောက်ခဲ့တာပေါ့ … ဆုချီးမြှင့်ပွဲက […]