black chawDecember 6, 20111min39535
(၁) အိမ်ဆိုတာ သစ်ကိုင်းလေးတကိုင်းဘဲ ဖြစ်ချင်ဖြစ်မယ် (ငှက်တွေအတွက်ဆိုရင်ပေါ့) ရေစပ်ကချုံလေးဖြစ်ချင်ဖြစ်မယ် (ငါးလေးတွေအတွက်ပေါ့) တောထဲကမြေတွင်းတတွင်းလဲဖြစ်ချင်ဖြစ်မယ်(ယုန်လေးတကောင်အတွက်ပေါ့) တခြား တယောက်အတွက် အသေးအဖွဲ ဖြစ်ချင်လဲဖြစ်နေပါ လိမ့်မယ်။ အဲသည် သက်ဆိုင်သူအတွက်တော့ အရမ်းအရေးကြီးတဲ့ “နေရာ” လေးပါ။ နန်းတော်လို့ခေါ် ခေါ်၊ တဲ လို့ခေါ်ခေါ်၊ ရဲတိုက်လို့ခေါ်ခေါ်၊ အခန်းငယ်လေးတခုခုဘဲဖြစ်ဖြစ်အားလုံးဟာ အဲဒီ ပိုင်ဆိုင်ရသူအတွက် သူပိုင် ပိုင်နက်နယ်မြေလေးလိုပါတယ်။ “ဒါ ငါ့အိမ် ” လို့ ရွတ်ကြည့်လိုက်ပါ။ စိတ်ထဲမှာ မိတ်ဆွေနွေးထွေးသွားပါလိမ့်မယ်.။ (၂) ဆတ်ကနဲ လန့်နိုးသည်။ ဆောင်းတွင်းကြီးမှာ ချွေးတွေစိုရွှဲလျက်။ ထထိုင်မိလျက်သားကြီး ဖြစ်နေသည်။ တိုင်ကပ်နာရီကိုကြည့်လိုက်တော့ မနက် ၁ နာရီထိုးတော့မည်။ မိန်းမပါ လန့်နိုးသွားသည်ထင်သည်။ စိုးရိမ်တကြီး နှင့် မေးရှာသည်။ “ အိပ်မက်ဆိုးတွေ မက်ပြန်ပြီလား “ […]