ခင္ခSeptember 20, 20141min933
” ငယ်ကထဲက ချစ်မိလို့ “   ရော့ နင်ပန်ဖို့ ငယ်ငယ်တုန်းက လှမ်းကာပေး မဆိုင်းမတွ လှမ်းယူသေး သူ့ခေါင်းထက်မှာ ပန်လိုက်မနှေး ငါ လှလားလို့ မေးကာဆို လှပါရဲ့ဆို ပြုံးပျော်သကို။   ရော့ နင်ပန်ဖို့ အရွယ်ရောက်တော့ သူ့ကိုပေး ခေါင်းလေးခါကာ ငြင်းဆန်လို့လေး သူ့ကိုကို ပေးတဲ့ပန်းမှ ပန်းမယ်တဲ့လေး။   ရော့ နင်ပန်ဖို့ လှမ်းယူရမှာဝန်လေးပေမယ့် ယူချင်တဲ့ဟန် မငြင်းဆန်မို့ ယူသာပန်ပါ ကြည်ဖြူတာဟု တိုက်တွန်းကာထပ်မံပေး ယူငင်ကာရင်ဝယ်ပိုက်တယ် ငါ့ ဘဝမှာ နင်နားလည်ဆုံးဟယ် ညီးတွားသံသူဆိုလေတော့ ရွှေလက်တွဲလို့ မြဲသည်ပေါ့။     ခင်ခ။


ခင္ခSeptember 19, 20141min1366
” အဟင့် အဟင့် အဟင့် “   နောက်ဆုံးဘုရင် ပါတော်မူ သီပေါဘုရင်တစ်ဆူ ခပ်ချာချာအုပ်ချုပ်ခဲ့ မဆလပါဟဲ့ စွာစိလံကာအုပ်ချုပ်သာ နဝတပါဗျာ ဟာတာတာလေးအုပ်ချုပ်ထား လက်ရှိအစိုးရများ တသက်လုံးက ညာခဲ့တာ ဝန်မင်းတွေပါကွာ ပြောခွင့်ရှိတဲ့ အရာရှိများ အထက်ဆရာကို ညာလို့စား ခရိုနီဆိုတဲ့ ဟိုလူတွေ နွှာရသမျှ အကုန်ယူလေ လွှတ်တော်ကြီးက ကျင်းပမြဲ အာ တော်မူသံ မစဲဘဲ အဲလို အဲလို ခေတ်ဆက်ထိုထို ဖြတ်သန်းခဲ့တာ ပြည်ထောင်စုပါ ဒို့ပြည်သူတွေ ဘာတွေဖြစ် အဟင့် အဟင့် အဟင့် ။     ခင်ခ။  


ခင္ခSeptember 15, 20141min783
မိုးစက်တို့ မစဲဘဲ တသဲသဲနဲ့ကျလေသည် လူသူကင်းမဲ့ လမ်းမဘေးဝယ် ဗန်ဒါပင်အောက် မိုးခိုသူတစ်ယောက် အမြင်ပုံစံဆင်းရဲဟန်ဖြင့် စိုးရိမ်အတွေးမျက်နှာပေးနဲ့ မိုးလေးတိတ်ဖို့မျှော်လင့်တယ်။ စပါးစိုက်ခင်း လယ်တောတခွင်ကို ရေအားနည်းစဉ်ရွာပါ့မိုးအစဉ် ကောင်းကင်ရယ်လင်း တိတ်ဟန်ပြုတော့ စိုးရိမ်အတွေးမျက်နှာပေးနဲ့ မိုးကြီးဆက်ရွာနေဖို့မျှော်လင့်တယ်။ မတူကွဲပြား မျှော်လင့်ချက်များ ကျင်လည်ဘဝ မတူကြတော့ သူတို့ဆန္ဒပြည့်ဝပေးဖို့ မိုးနတ်မင်းလည်း စိတ်ရှုပ်မယ်။ ခင်ခ


ခင္ခSeptember 14, 20141min1275
မနက်ဖြန်ဥပုဒ်ဆွမ်းချက်လောင်းဖို့ ဓမ္မာရုံက လော်အစုံနဲ့ တရားတွေပြ အလှုခံသဗျ မနက်ငါးနာရီမထိုးမှီ တစ်နေလုံးလည်း မဟာဒုတ်ဇာတ်တွဲ အခါခါနွဲလို့အော်လေသမို့ ဒီတစ်နေ့တော့နားမချမ်းသာပေါ့ တိုက်ခန်းတွေများ တိုက်တွေကြားထဲ သံကုန်ဟစ်ကာ ဖွင့်တဲ့လော်သံ တိုက်နံရံတို့ရိုက်ခက်သည့်ဟန် ပဲ့တင်သံနဲ့ တိုက်ခန်းကျဉ်းထဲ ဲနေရဆင်းရဲ တပတ်ဥပုဒ်အဖိတ်ရောက်တော့မယ် ဗုဒ္ဓဘာသာပေမယ့် ကြောက်လှပြီကွယ်။ ္တ ခင်ခ။