(၁)             အဲဒီလူရဲ့ မျက်လုံးတွေကို သူသတိထားမိနေတာကြာပြီ။ တစ်စုံတစ်ယောက်ကိုကြည့်ပြီး တစ်ခုခုပြောချင်နေတဲ့ပုံမျိုး။ ဘာကြောင့် သူ အဲဒီလူကို သတိထားမိသလဲဆိုရင် သူ့ရဲ့အိမ်နဘေးကပ်ရက်မှာနေလို့ပဲ။ မနက်ခြောက်နာရီလောက်ဆိုရင် စတီးထမင်းချိုင့်လေးဆွဲပြီး ထွက်သွားတတ်တယ်။ ဘယ်အချိန်မှာ ပြန်ရောက်သလဲတော့ မသိဘူး။ သေချာတာကတော့ ညတော်တော်လေး မှောင်မှ ပြန်ရောက်တတ်တာပဲ။ လမ်းလျှောက်ရင် ခေါင်းကလေး ငိုက်စိုက် ငိုက်စိုက်နဲ့ လောကကြီးကို စိတ်ကုန်နေသလိုမျိုး။ လေးတိလေးကန် လမ်းလျှောက်ဟန်က စိတ်မပါလက်မပါ။ နေ့စဉ်အသက်ဆက်နေရတာတောင် စိတ်မှပါရဲ့လားလို့ သူတွေးနေမိတယ်။ တစ်ခါတစ်ခါ အိမ်ဘေးကပ်လျှက် လမ်းသွယ်လေးအတိုင်း လမ်းလျှောက်ရင်း သူ့ကို ကြည့်သွားတတ်တယ်။ အဲဒီလို ကြည့်သွားတဲ့အကြည့်တွေက သူ့ကို တစ်စုံတစ်ခုပြောချင်နေတယ်လို့ ထင်တယ်။ ဒါလည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ သူ့ဘာသာသူ တွေးမိတာလည်း ဖြစ်နိုင်တယ်လေ။ အစကတော့ အမှုမဲ့ အမှတ်မဲ့ပါပဲ။ နောက်တော့ […]