ရွှေအိမ်စည်August 24, 20111min27318
ချစ်သူကို ကွန်ပျူတာထဲ ထည့်သိမ်း အချစ်တွေ အင်တာနက်မှာ မီးသင်္ဂြိုဟ်ပစ်လိုက်မယ်။ မိုက်မဲမှုတစ်ခုတဲ့လား မူတွေများတဲ့ ငါ့ကဗျာလည်း မကြိုက်တော့ဘူး တွေဝေသွားတဲ့ ကောင်မလေးလည်း ငါ့ အဝေးဆုံးမှာ တစ်ယောက်တည်း အားနာပါတယ် အပြောအဆို မျက်နှာပြောင်တိုက် အသုံးအနှုန်းလို့ ထင်ယောင် ၂၁ရာစုဟာ လတ်ဆတ်ဆူပွက် သွေးကြွလွန်းတယ် လူငယ်တွေကြားမှာ ရေပန်းစားသလို ကိုရီယားစတိုင်နဲ့ ကုန်းပိုးချော့ရမလား ဖုန်းကြော်ငြာသလို မက်ဆေ့ချ် ခဏခဏ ပို့ပြရမလား ကမ္ဘာတစ်ဖက်မှာ မင်းငိုသံ ငါမကြားပါ ဆောရီးပါ . . . ငါရိုင်းများသွားလား မိန်းမတွေရဲ့ လက်နက် မျက်ရည်နဲ့ မပစ်ခဲ့တဲ့ မင်း ငါ့ဒီတစ်သက်ကျေးဇူးတင်တယ် အလေး(၁၀)ကြိမ်ပြုလိုက်ပါရဲ့ စိတ်ကူးယဉ်ဆန်တဲ့ငါ အိပ်မက်တွေ အကြိမ်ကြိမ်ယောင်သလို ငါ့အနား လာနားတဲ့ လိပ်ပြာတစ်ကောင်ဖြစ်ဖို့ ဆုတောင်းဖူးတယ်။ ငါ့ဖက်မှာ အမှောင် […]