amatminDecember 7, 20111min22022
ကျွန်တော့ ခြေလှမ်းတွေကို အိမ် ထဲကို မလှမ်းသေးခင် လက်ထဲမှာ ဆွဲလာသော မုန့်ထုပ်တွေ ကို ကျောပိုးအိတ်အနောက်သို့ အသာဖွက် လိုက်သည်..အိမ်ထဲ လှမ်းဝင်ပြီးမျက်လုံးဝေ့ ကြည့်လိုက်တော့ အားလုံး တီဗီ ဇာတ်လမ်းမှာမျောနေတာ မြင်လိုက်ပြီး အမေတယောက်သာ သူ့ကိုမြင်သွားလျက်.. ဟော. သားလေးပြန်လာပြီ အတော်ပင်ပန်းနေတဲ့ပုံပဲ . သမီးငယ် နင့်အကိုလေး ကိုသောက်ရေတခွက်ခပ်ပေး လိုက်ပါဦး..ခဏနားနေလိုက်ဦး ပြီးမှ ရေချိုးထမင်းစား ဒါနဲ့ လည်ပင်းအကြောညှပ်တာရော သက်သာ ရဲ့လား အိပ်ခါနီးကျရင်အမေဆေးလိမ်းပေးမယ်.. အမေပြောတာတွေကိုနားထောင်နေရင်း စိတ်ထဲသူ လမ်းမှာ ကြိုတွေးထားသလိုအမေတော့ လည်ပင်းနာတာ ကိုအိမ်ရောက်ရင်မေးအုံးမယ်ထင်ထားတာ မှန်နေသဖြင့်  အတော်ကြည်နူးသွားရင်း ခေါင်းလေး  အသာညိမ့်ကာ ထမင်းအရင်စားမယ် အိပ်ခါနီးမှ ရေချိုးတော့မယ် ရော့ဒီမှာ အိမ်အတွက် မုန့်တွေဝယ်လာတယ်အရင်စားလိုက်ကြဦး ပြီးမှတီဗီ ဆက်ကြည့်ကြပေါ့.. ဟုပြောကာ ထမင်းစားခန်းသို့ […]