ေအး၀တီ ၾကီးOctober 28, 20121min2026
ရခိုင်ပြည်နယ် ပြင်ဆင်ရေး ကော်မတီက ဥက္ကဋ္ဌအဖြစ် ဦးဘမြိုင် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၂ ဦး ပါရှိသော ရခိုင်ပြည်နယ် ဥပဒေ ရေးဆွဲရေး ဆပ်ကော်မတီကို ၂၁-၉-၆၁ ရက်နေ့တွင် ဖွဲ့စည်းပေးသည်။  ယင်းဆပ်ကော်မတီသည် ၂၀-၁၀-၆၁ ရက်နေ့မှစ၍ လေးကြိမ် စည်းဝေးကာ ရခိုင်ပြည်နယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် ၁၉၆၂ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ (ပဉ္စမပြင်ဆင်ချက်) မူကြမ်း ရေးဆွဲခဲ့ကြသည်။ ယင်းဥပဒေမူကြမ်း နှစ်ခုကို ၆-၁၁-၆၁ ရက်နေ့တွင် ကျင်းပသည့် ရခိုင်ပြည်နယ် ပြင်ဆင်ရေး ကော်မတီက အတည်ပြု လက်ခံသည်။ ရခိုင်ပြည်နယ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကြမ်းကို သံတွဲ ရတည ဦးမောင်မောင်မှ လွဲ၍ ကျန်ကော်မတီဝင်များက လက်ခံ အတည်ပြုသည်။ […]